ဗဟုသုတ

ရေထဲကိုခုန်ချဖို့ ကြံစည်တဲ့အမျိုးသမီး၊ မြစ်ထဲမှာ မိကျောင်းရှိနေလို့ စိတ်ကူးပြောင်း

မလေးရှားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ရေထဲကို ခုန်ချဖို့ ကြံစည်ခဲ့ပေမယ့် အကြံအစည် ပျက်ခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီးကို ဘေးကလူတွေက ဝိုင်းဝန်းဖြောင်းဖျလို့ အကြံအစည် ပျက်ခဲ့ရတာမျိုး မဟုတ်ပါဘူး။

တကယ်တမ်းက ခုန်ချတဲ့အထိ စိတ်ကူးကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အနီးအနားမှာ မိကျောင်းတစ်ကောင် ဟိုဟိုသည်သည် ကူးနေတာကို မြင်ပြီးနောက် ကြောက်လန့်တကြားပဲ နီးရာကမ်းစပ်ဆီကို တတ်သလောက်မှတ်သလောက် ရေအမြန်ကူးခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီမှာကတည်းက သူမ တကယ် မသေချင်သေးဘူူးဆိုတာ သေချာသွားတာပါတဲ့။

အဆိုပါ အမျိုးသမီးဟာ အင်ဂျင်နီယာတစ်ယောက်လို့ သိရပါတယ်။ အမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ သူမဟာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်ပြီး၊ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ခံစားနေရသူလို့ သိရပါတယ်။ သူမဟာ စိတ်ဖိအားတွေကို မခံချင်တော့တဲ့အဆုံး မြစ်ထဲကို ခုန်ချခဲ့တာပါ။ အနီးအနားလူတွေက ဖြောင်းဖျပေမယ့် မထိရောက်ခဲ့ပါဘူး။

ဒါပေမယ့် ဗိုက်ဆာနေတဲ့ မိကျောင်းတစ်ကောင်က အသင့်စောင့်ဆိုင်းနေတဲ့အတွက် သူမဟာ အဲဒီအခါမှ မရှုမလှဖြစ်ရမယ့်အရေးကို တွေးမိပြီး၊ စိတ်ကူးကို ပြန်လည်ပြင်ဆင်ကာ အမြန်ကူးပြီး လွတ်လမ်းကို ရှာခဲ့ရတာလို့ ဆိုပါတယ်။ အမျိုးသမီးဟာ အသက်(၃၄)နှစ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၃)ရက်က ဒီအဖြစ် ဖြစ်ခဲ့တာပါ။

သူမကို အနီးအနားရှိ တာဝန်သိသူတွေကလည်း အမြန်ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ Klang မြို့၊ Jalan Dato Mohd Sidin မှာတည်ရှိတဲ့ တံတားတစ်စင်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ အမျိုးသမီးကတော့ အခုအချိန်မှာ ဘေးကင်းလုံခြုံနေပါတယ်။ South Klang District Police ရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ လက်ထောက်မဟာရဲမင်းကြီး-

Shamsul Amar Ramli ကလည်းဒီဖြစ်စဉ် တကယ်ဖြစ်ခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။ သူတို့ရဲတပ်ဖွဲ့ဆီကို ဖုန်းဆက်သွယ် တိုင်ကြားမှုလည်း ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်သွားရောက်ခဲ့ပေမယ့် အခင်းဖြစ်နေရာကိုအရောက်မှာ အမျိုးသမီးက ဘေးကင်းလုံခြုနေပါပြီတဲ့။ အမျိုးသမီးဟာ လူလွတ်တစ်ဦး ဖြစ်ပြီး၊ ရဲက တခြားစစ်မေးမှုတွေ ပြုလုပ်နေပါတယ်။

Zawgyi

ေရထဲကုိခုန္ခ်ဖုိ႔ ႀကံစည္တဲ့အမ်ိဳးသမီး၊ ျမစ္ထဲမွာ မိေက်ာင္းရွိေနလုိ႔ စိတ္ကူးေျပာင္း

မေလးရွားႏုိင္ငံက အမ်ိဳးသမီးတစ္ေယာက္ဟာ ေရထဲကို ခုန္ခ်ဖုိ႔ ႀကံစည္ခဲ့ေပမယ့္ အႀကံအစည္ ပ်က္ခဲ့ရေၾကာင္း သိရပါတယ္။ အဆုိပါ အမ်ိဳးသမီးကို ေဘးကလူေတြက ဝုိင္းဝန္းေျဖာင္းဖ်လုိ႔ အႀကံအစည္ ပ်က္ခဲ့ရတာမ်ိဳး မဟုတ္ပါဘူး။

တကယ္တမ္းက ခုန္ခ်တဲ့အထိ စိတ္ကူးကို အေကာင္အထည္ ေဖာ္ႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ အနီးအနားမွာ မိေက်ာင္းတစ္ေကာင္ ဟုိဟုိသည္သည္ ကူးေနတာကို ျမင္ၿပီးေနာက္ ေၾကာက္လန္႔တၾကားပဲ နီးရာကမ္းစပ္ဆီကို တတ္သေလာက္မွတ္သေလာက္ ေရအျမန္ကူးခဲ့ရတာလုိ႔ ဆုိပါတယ္။ အဲဒီမွာကတည္းက သူမ တကယ္ မေသခ်င္ေသးဘူူးဆုိတာ ေသခ်ာသြားတာပါတဲ့။

အဆိုပါ အမ်ိဳးသမီးဟာ အင္ဂ်င္နီယာတစ္ေယာက္လုိ႔ သိရပါတယ္။ အမည္ကိုေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။ သူမဟာ ပုဂၢလိကကုမၸဏီတစ္ခုမွာ အလုပ္လုပ္ကိုင္ၿပီး၊ စိတ္ပုိင္းဆုိင္ရာ ဖိအားေတြ ခံစားေနရသူလုိ႔ သိရပါတယ္။ သူမဟာ စိတ္ဖိအားေတြကို မခံခ်င္ေတာ့တဲ့အဆုံး ျမစ္ထဲကို ခုန္ခ်ခဲ့တာပါ။ အနီးအနားလူေတြက ေျဖာင္းဖ်ေပမယ့္ မထိေရာက္ခဲ့ပါဘူး။

ဒါေပမယ့္ ဗုိက္ဆာေနတဲ့ မိေက်ာင္းတစ္ေကာင္က အသင့္ေစာင့္ဆုိင္းေနတဲ့အတြက္ သူမဟာ အဲဒီအခါမွ မ႐ႈမလွျဖစ္ရမယ့္အေရးကုိ ေတြးမိၿပီး၊ စိတ္ကူးကို ျပန္လည္ျပင္ဆင္ကာ အျမန္ကူးၿပီး လြတ္လမ္းကို ရွာခဲ့ရတာလုိ႔ ဆုိပါတယ္။ အမ်ိဳးသမီးဟာ အသက္(၃၄)ႏွစ္ျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ ႏုိဝင္ဘာလ(၂၃)ရက္က ဒီအျဖစ္ ျဖစ္ခဲ့တာပါ။

သူမကို အနီးအနားရွိ တာဝန္သိသူေတြကလည္း အျမန္ကယ္ဖုိ႔ ႀကိဳးစားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ Klang ၿမိဳ႕၊ Jalan Dato Mohd Sidin မွာတည္ရွိတဲ့ တံတားတစ္စင္းေပၚမွာ ျဖစ္ပြားခဲ့တာပါ။ အမ်ိဳးသမီးကေတာ့ အခုအခ်ိန္မွာ ေဘးကင္းလုံၿခဳံေနပါတယ္။ South Klang District Police ရဲတပ္ဖြဲ႕မွ အႀကီးအကဲျဖစ္သူ လက္ေထာက္မဟာရဲမင္းႀကီး-

Shamsul Amar Ramli ကလည္းဒီျဖစ္စဥ္ တကယ္ျဖစ္ခဲ့တာလုိ႔ အတည္ျပဳခဲ့ပါတယ္။ သူတုိ႔ရဲတပ္ဖြဲ႕ဆီကို ဖုန္းဆက္သြယ္ တုိင္ၾကားမႈလည္း ရွိခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြအေနနဲ႔ အျမန္သြားေရာက္ခဲ့ေပမယ့္ အခင္းျဖစ္ေနရာကိုအေရာက္မွာ အမ်ိဳးသမီးက ေဘးကင္းလုံၿခဳေနပါၿပီတဲ့။ အမ်ိဳးသမီးဟာ လူလြတ္တစ္ဦး ျဖစ္ၿပီး၊ ရဲက တျခားစစ္ေမးမႈေတြ ျပဳလုပ္ေနပါတယ္။