ဗဟုသုတ

မိဘတွေက အလုပ်ရှုပ်နေတာကြောင့် ညီမလေးငယ်ကိုပါ ကျောင်းသို့ခေါ်ဆောင်ကာ စောင့်ရှောက်နေရတဲ့ ပထမတန်းကလေးငယ်ရဲ့အဖြစ်

ဖိလစ်ပိုင်နိုင်ငံနဲ့ ကမ္ဘာအနှံ့အပြားက အလွန်ဆင်းရဲတဲ့ မိဘများစွာ ရှိနေတာကြောင့် ကလေးတွေကို ဂရုမစိုက်နိုင်ဘဲ ကလေးတွေက သူတို့ကိုသူတို့ ပြန်ပြီးစောင့်ရှောက်နေရတဲ့ အခြေအနေကို မြင်ရတော့ ဝမ်းနည်းစရာပင် ဖြစ်မိပါတယ်။

အဲ့ဒီအပြင် ကလေးငယ်တွေက လူနေမှုဝင်ငွေရဖို့ အလုပ်လုပ်နေရတာတွေလည်း ရှိပါသေးတယ်။ ဝမ်းနည်းစရာကတော့ သူတို့မှာကလေးတွေအများကြီး မွေးနေတုန်းဆိုတာပါဘဲ။ ကလေးတွေက မောင်နှမအချင်းချင်း ပြန်ပြီးစောင့်ရှောက်နေရတာပါ။

အခုတခါမှာလည်း ဖိလစ်ပိုင်နိုင်ငံက Salvacion မူလတန်းကျောင်းမှ Maam Lei အမည်ရှိ ပထမတန်းကလေးငယ်တစ်ဦးဟာ သူ့ရဲ့ အမေနဲ့ အဖေအလုပ်လုပ်ကိုင်နေစဉ်မှာ သူ့ရဲ့ညီမလေးကိုပါ ဂရုစိုက်ရန်လိုအပ်သလို ကျောင်းသွားဖို့လည်းရှိနေသေးတာကြောင့် ညီမလေးငယ်ကို ချန်မထားခဲ့ဘဲ ကျောင်းကိုပါခေါ်ဆောင်လာတဲ့ ပုံရိပ်ဟာ ဝမ်းနည်းဖွယ် အလွန်ကောင်းပါတယ်။

အဆိုပါ ဓာတ်ပုံဟာ သားသမီးရဲ့မိဘတွေက ဘယ်မှာ ဖော်ပြထားခြင်းမရှိပေမယ့် သူတို့မှာလည်း လုပ်ဖို့ အခြားအရာရှိနေတာ နဲ့ ကလေးတွေကို ဂရုမစိုက်နိုင်တဲ့ အနေအထားရှိနေပါတယ်။

Zawgyi




