ချင်းမိုင် ၊ ဇူလိုင် ၄
မန္တလေးက ဆန္ဒပြမှုဖြစ်စဉ်မှာ ကျဆုံးသွားတဲ့ မကြည်စင်ရုပ်အလောင်းကို ခွဲခိုင်းရာကနေ ထွက်ပြေးတဲ့ ဆရာဝန်တွေကြောင့် စစ်ဆရာဝန်တွေကို ရင်ခွဲမခိုင်းတော့ဘူးလို့သိရသလို စစ်ဆရာဝန်တွေရဲ့တံဆိပ်တုံးတွေကိုလည်း အတုလုပ် နေတယ်လို့CDM ပြုလုပ်ထားတဲ့ ဆေးတပ်ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင်က RFAမီဒီယာနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
” အလောင်းခွဲတယ်ဆိုရင် မူခင်းဆရာဝန်ကခွဲပေးရတယ် မူခင်းဆရာဝန်ထဲမှာ ကျွန်တော့်သူငယ်ချင်းတွေအများကြီးရှိတယ် မန္တလေးက ကြယ်စင်လေး ကိစ္စတုန်းကဆိုရင် အလောင်းဖော်တယ်
ဖော်ပြီးတဲ့ခါကြရင် ပြန်ပြီးတော့ သူတို့ကခွဲတယ် အဲဒီအလောင်းကို ခွဲခိုင်းတဲ့ဆရာဝန်တွေက ထွက်ပြေးသွားတယ် အဲဒီကောင်တွေက ဘယ်ရောက်သွားပြီးလဲမသိဘူး နောက်ဆုံးကျတော့ ဆရာဝန်တွေကို မခိုင်းတော့ဘူး ရင်ခွဲတဲ့ ဆရာကြီးတွေရှိတယ် အရာခံဗိုလ် တပ်ကြပ်ကြီးတွေ” လို့ ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင်ကဆိုပါတယ်။
စစ်ဆရာဝန်တွေက ရင်မခွဲရတော့ သူတို့ရဲ့တံဆိပ်တုံးလက်မှတ် အတုတွေကို စစ်ကောင်စီက လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
” စရဖကကောင်တွေက နိုပ်စက်လွန်သေသွားတဲ့ အချိန်မှာ ဒီစကစက အလောင်းကို ဆရာကြီးတွေကို ခွဲခိုင်းတယ် လူခွဲတဲ့နေရာမှာတော့ ဝတ်ကျေတန်းကျေခွဲကြတာ ခွဲပြီးပြီးဆိုရင် အထဲကဟာတွေ ပြန်ပြီးတော့ ဗိုက်ထဲပြန်တန်းထည့် ပြန်ပိတ်ချုပ်တာလေ တစ်ချို့တွေကျတော့လည်း ထည့်တဲ့ဟာထည့် မထည့်တဲ့ဟာမထည့်ပေါ့
အဲဒါမျိုးလုပ်ကြတာ ပြီးပြီဆိုရင် အဲဒီဆရာဝန်တွေက လက်မှတ်မထိုးပေးတော့ဘူးဗျာ လက်မှတ်မထိုးပေးတော့ သူတို့ကဘာလုပ်လဲဆိုတော့ တစ်ချို့ဆရာဝန်တွေရဲ့ တံဆိပ်တုန်းတွေကို အတုလုပ်ပြီးတော့ သူတို့ထွက်ချင်တဲ့ ပုံစံကို သူတို့ဘာသာသူတို့ရေးပြီးတော့ လုပ်ကြတယ် နိုင်ငံခြားကိုတင်ရောင်းတာတော့မဟုတ်ဘူး ” လို့ ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင်က ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဆန္ဒပြသူတွေနဲ့ည ဘက်နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးခံရသူတွေထဲက တစ်ချို့ကို စစ်ကြောရေးမှာ လူသားမဆန်စွာ ညှင်းပန်းနိုပ်စက်ခဲ့ပြီး သေဆုံးသွားသူတွေရဲ့ရုပ်အလောင်းကို ရင်ခွဲပြီး မိသားစုထံ ပြန်လည်ပို့ဆောင်ပေးခဲ့တာရှိသလို အခုနောက်ပိုင်းမှာတော့ ကိုဗစ်အကြောင်းပြပြီး တန်း သဂြိုဟ်မှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။
ပုံစာ – ဆေးတပ် ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင်
Burmese Press