Uncategorized

အမေ့ကို ပြန်ပြောတော့မယ်ဆိုရင်ဒါလေးကို ခဏခဏ ပြန်ဖတ်ကြည့်ပါ

July 4, 2021

အမေ့ကို ပြန်ပြောတော့မယ်ဆိုရင်ဒါလေးကို ခဏခဏ ပြန်ဖတ်ကြည့်ပါ။ဒါဆိုရင် ပြန်ပြောမိမှာ မဟုတ်တော့ပါဘူး

အမေ့ကို အာခံ၍ ပြန်မပြောခင် တစ်ခုသော နံနက်ခင်း အထက်တန်းကျောင်းသားအရွယ် ကောင်လေးတစ်ယောက်အား

အိပ်ယာမသိမ်းမိလို့ မိခင်ဖြစ်သူကထမင်းစားချိန်မှန်းလဲမသိ အပြင်ထွက်လည်းမိဘဆီ ခွင့်မတိုင်ကြည့်စမ်း ဘယ်အချိန်ရှိနေပြီလဲ တစ်နေကုန် ဂိမ်းဆော့နေ

အစရှိသဖြင့် ဆူပူကြိမ်းမောင်းကာသားဖြစ်သူက သီးမခံနိုင်လို့ဟာဗျာ အမေကလည်း ကျွန်တော်က ကလေးမဟုတ်တော့ဘူးတစ်နေ့လုံး ဗျစ်တောက်ဗျစ်တောက်နဲ့ နားငြီးတယ် ကျွန်တော်ဟာကျွန်တော်ကြိုက်သလိုနေပေါ့ အမေမစပ်စုချင်ပါနဲ့..လို့ သူ့အမေကို အသံကြီးဟစ်ကျယ်နဲ့ ပြန်ပြောခဲ့တယ် ။

အမေကတစ်လှည့် သားကတစ်လှည့် စကားများကြရာကအနီးအနားမှာထိုင်နေတဲ့ အဖေဖြစ်သူက ကြားပြန်ဖြေတဲ့အနေနဲ့သူ့သားကို ခေါ်လိုက်ပါတယ်။

သားရေ..အဖေ့ဆီ လာပါဦးကွာ

သားဖြစ်သူက ခြေဆောင့်ရင်း အိမ်ပေါ်ကနေဆင်းသွားပြီး အဖေခေါ်ရာကို လိုက်ခဲ့ပါတယ် ။

အဖေဖြစ်သူကသားပခုံးကို လှမ်းဖက်ရင်း အပြင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။

သား..ဘာဖြစ်လို့ အမေ့ကိုပြန်ပြောနေရတာလဲ ‘

အဖေကလည်း ကျွန်တော်က ကလေးမှမဟုတ်တော့တာ နေ့တိုင်းလိုလို ကျွန်တော်ကိုအပြစ်မြင်နေတယ် နေ့တိုင်း ဆူပူနေတယ်

ကျွန်တော် ဒီအိမ်မှာ မနေချင်တော့ဘူး ဖေဖေရယ်အော်..သားက မေမေ့ဆိုဆုံးမစကားတွေ ဆူတယ်လို့ထင်နေတာကိုး မေမေ

မဆူအောင် မေမေ့ပြောတဲ့အတိုင်း ငါ့သားနေပေါ့ကွဖေဖေလည်း မေမေ့လိုပဲ သားကို မချစ်ဘူးပေါ့

မဟုတ်ပါဘူးသားရယ် ဘယ်မိဘကမှ ကိုယ့်သားသမီးကိုလမ်းမှားမရောက်စေချင်ဘူး ကြိုတင်တားဆီးတဲ့အနေနဲ့ပြောဆိုဆုံးမနေတာ

တော်ပြီ..ဖေဖေလည်းမေမေ့လိုပဲ သားကိုအကောင်းမမြင်ဘူး ဆူဖို့ပဲ’

ကဲ ဖေဖေတစ်ခုပြောမယ် သေချာနားထောင် ; ဘာပြောမှာလဲဖေဖေ သားနားထောင်နေတယ်

သားက မေမေ့ကို တစ်ခွန်းမကျန် အာခံပြန်ပြောတယ်နော်သား သေချာစဉ်းစား

သား ပြန်ပြောမှာပေါ့ဖေဖေ နေ့တိုင်း ဗျစ်တောက်ဗျစ်တောက်ဆိုတော့ သား နားငြီးတယ်

ကဲ ဒါဆိုဖေဖေ အချက် ၁၀ ချက်ပြောပြမယ် အဲဒီအချက်၁၀ ချက်လုံး သားလိုက်နာနိုင်ရင် သားမေ့မေ့ကို ကြိုက်သလိုအာခံ

ပြီးပြန်ပြောလို့ရပြီပြောပါ ဖေဖေ သားနားထောင်ပါ့မယ်ဒါဆိုသေချာနားထောင်

၁။။ သုံးလတိတိ သားထမင်းစားပြီးတိုင်း အန်နိုင်မလား ?

၂။။ သားရဲ့ဝမ်းဗိုက်ထဲဘောလုံးထည့်ပြီး ကြီးမားလာအောင်တစ်လတစ်ခါ ရေထိုးသွင်းမယ် တစ်ဆယ်လတိုင်တိုင်သားအလေးခံပြီး သယ်ထားနိုင်မလား ?

၃။။ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုယ်ကြိုက်တဲ့မုန့် အစားအစာတွေမစားပဲ ခြောက်လတိုင်တိုင် အငတ်ခံနေနိုင်မလား ?

၄။။ ညညအိပ်ရင်လည်း ဘယ်ညာမစောင်းပဲ ငြိမ်ငြိမ်လေးနဲ့၅ လတိုင်တိုင် အိပ်နိုင်မလား ?

၅။။ ၈ လတိုင်တိုင် ဆော့ကစားတာတို့ လျှောက်လည်တာတို့ကခုန်တာတို့ မလုပ်ပဲ အိမ်ထဲမှာပဲ နေနိုင်မလား ?

၆။။ နာဖျားလို့မရှိအောင် ကိုယ့်ကိုဂရုစိုက်နေရလို့ ကြိုက်တဲ့အစားအသောက်တွေ မစားပဲနေမယ် ဖျားနာခဲ့ရင်တောင် ဆေးတွေစိတ်ကြိုက်စားခွင့်မရှိပဲ ၁၀ လအထိ သားနေနိုင်လား ?

၇။။ ၁၄ နာရီအကြာ အသက်နဲ့ရင်းပြီး နာကျင်ကိုက်ခဲတဲ့ဝေဒနာ သားခံနိုင်မလား ?

၈။။ ကိုယ့်နို့သီးခေါင်းကို ကိုက်ရင် နာပေမယ့် ၁၀ လအထိအောင့်အည်းသီးခံနိူင်မလား ?

၉။။ ချီးတွေ၊ သေးတွေ၊ အန်ဖတ်တွေ ၂ နှစ်တိုင်တိုင်သားကကြုံးနိုင်မလား ?

၁၀။။ ညညဆိုရင်လည်း နှစ်နာရီတစ်ခါ တစ်နှစ်လုံးလုံးအိပ်ရေးပျက်ခံပြီးထနိုင်မလား ?

ကဲ..သား အဲဒီအချက်၁၀ချက် လိုက်နာလို့နိုင်မလား တကယ်လို့ သားက တစ်ချက်မကျန် လိုက်နာနိုင်ရင် မေမေ့ကို ကြိုက်သလိုအာခံပြီး ပြန်ပြောလို့နိုင်ပြီ

သားဖြစ်သူက ခေတ္တမှိုင်ပြီး အတွေးတစ်ခုဝင်လာကာဟုတ်ကဲ့ဖေဖေ သားနားလည်ပါပြီ နောက်ဘယ်တော့မှမေမေ့ကိုရော

ဖေဖေ့ကိုပါ သားပြန်မပြောတော့ပါဘူးလို့သားကတိပေးပါတယ်ဖေဖေကဲ..သားလိမ္မာလေး မေမေ့ကို ဝန်ချတောင်းပန်ပြီးကန်တော့လိုက်နော် သားလိမ္မာ၊သမီးလိမ္မာလေးများဖြစ်ကြပါစေ

Zawgyi

အေမ့ကို ျပန္ေျပာေတာ့မယ္ဆိုရင္ဒါေလးကို ခဏခဏ ျပန္ဖတ္ၾကည့္ပါ။ဒါဆိုရင္ ျပန္ေျပာမိမွာ မဟုတ္ေတာ့ပါဘူး

အေမ့ကို အာခံ၍ ျပန္မေျပာခင္ တစ္ခုေသာ နံနက္ခင္း အထက္တန္းေက်ာင္းသားအ႐ြယ္ ေကာင္ေလးတစ္ေယာက္အား

အိပ္ယာမသိမ္းမိလို႔ မိခင္ျဖစ္သူကထမင္းစားခ်ိန္မွန္းလဲမသိ အျပင္ထြက္လည္းမိဘဆီ ခြင့္မတိုင္ၾကည့္စမ္း ဘယ္အခ်ိန္ရွိေနၿပီလဲ တစ္ေနကုန္ ဂိမ္းေဆာ့ေန

အစရွိသျဖင့္ ဆူပူႀကိမ္းေမာင္းကာသားျဖစ္သူက သီးမခံနိုင္လို႔ဟာဗ်ာ

အေမကလည္း ကြၽန္ေတာ္က ကေလးမဟုတ္ေတာ့ဘူးတစ္ေန႕လုံး ဗ်စ္ေတာက္ဗ်စ္ေတာက္နဲ႕ နားၿငီးတယ္ ကြၽန္ေတာ္ဟာကြၽန္ေတာ္

ႀကိဳက္သလိုေနေပါ့ အေမမစပ္စုခ်င္ပါနဲ႕..လို႔ သူ႕အေမကို အသံႀကီးဟစ္က်ယ္နဲ႕ ျပန္ေျပာခဲ့တယ္ ။

အေမကတစ္လွည့္ သားကတစ္လွည့္ စကားမ်ားၾကရာကအနီးအနားမွာထိုင္ေနတဲ့ အေဖျဖစ္သူက ၾကားျပန္ေျဖတဲ့အေနနဲ႕သူ႕သားကို ေခၚလိုက္ပါတယ္။

သားေရ..အေဖ့ဆီ လာပါဦးကြာ

သားျဖစ္သူက ေျခေဆာင့္ရင္း အိမ္ေပၚကေနဆင္းသြားၿပီး အေဖေခၚရာကို လိုက္ခဲ့ပါတယ္ ။

အေဖျဖစ္သူကသားပခုံးကို လွမ္းဖက္ရင္း အျပင္ဘက္ကို လမ္းေလွ်ာက္ထြက္ခဲ့ပါတယ္။

သား..ဘာျဖစ္လို႔ အေမ့ကိုျပန္ေျပာေနရတာလဲ

အေဖကလည္း ကြၽန္ေတာ္က ကေလးမွမဟုတ္ေတာ့တာ ေန႕တိုင္းလိုလို ကြၽန္ေတာ္ကိုအျပစ္ျမင္ေနတယ္ ေန႕တိုင္း ဆူပူေနတယ္

ကြၽန္ေတာ္ ဒီအိမ္မွာ မေနခ်င္ေတာ့ဘူး ေဖေဖရယ္ေအာ္..သားက ေမေမ့ဆိုဆုံးမစကားေတြ ဆူတယ္လို႔ထင္ေနတာကိုး ေမေမ

မဆူေအာင္ ေမေမ့ေျပာတဲ့အတိုင္း ငါ့သားေနေပါ့ကြေဖေဖလည္း ေမေမ့လိုပဲ သားကို မခ်စ္ဘူးေပါ့

မဟုတ္ပါဘူးသားရယ္ ဘယ္မိဘကမွ ကိုယ့္သားသမီးကိုလမ္းမွားမေရာက္ေစခ်င္ဘူး ႀကိဳတင္တားဆီးတဲ့အေနနဲ႕ေျပာဆိုဆုံးမေနတာ

ေတာ္ၿပီ..ေဖေဖလည္းေမေမ့လိုပဲ သားကိုအေကာင္းမျမင္ဘူး ဆူဖို႔ပဲ

ကဲ ေဖေဖတစ္ခုေျပာမယ္ ေသခ်ာနားေထာင္ဘာေျပာမွာလဲေဖေဖ သားနားေထာင္ေနတယ္

သားက ေမေမ့ကို တစ္ခြန္းမက်န္ အာခံျပန္ေျပာတယ္ေနာ္သား ေသခ်ာစဥ္းစား

သား ျပန္ေျပာမွာေပါ့ေဖေဖ ေန႕တိုင္း ဗ်စ္ေတာက္ဗ်စ္ေတာက္ဆိုေတာ့ သား နားၿငီးတယ္

ကဲ ဒါဆိုေဖေဖ အခ်က္ ၁၀ ခ်က္ေျပာျပမယ္ အဲဒီအခ်က္၁၀ ခ်က္လုံး သားလိုက္နာနိုင္ရင္ သားေမ့ေမ့ကို ႀကိဳက္သလိုအာခံ

ၿပီးျပန္ေျပာလို႔ရၿပီေျပာပါ ေဖေဖ သားနားေထာင္ပါ့မယ္
ဒါဆိုေသခ်ာနားေထာင္

၁။။ သုံးလတိတိ သားထမင္းစားၿပီးတိုင္း အန္နိုင္မလား ?

၂။။ သားရဲ႕ဝမ္းဗိုက္ထဲေဘာလုံးထည့္ၿပီး ႀကီးမားလာေအာင္တစ္လတစ္ခါ ေရထိုးသြင္းမယ္ တစ္ဆယ္လတိုင္တိုင္သားအေလးခံၿပီး သယ္ထားနိုင္မလား ?

၃။။ ေကာ္ဖီ၊ လက္ဖက္ရည္၊ ကိုယ္ႀကိဳက္တဲ့မုန႔္ အစားအစာေတြမစားပဲ ေျခာက္လတိုင္တိုင္ အငတ္ခံေနနိုင္မလား ?

၄။။ ညညအိပ္ရင္လည္း ဘယ္ညာမေစာင္းပဲ ၿငိမ္ၿငိမ္ေလးနဲ႕၅ လတိုင္တိုင္ အိပ္နိုင္မလား ?

၅။။ ၈ လတိုင္တိုင္ ေဆာ့ကစားတာတို႔ ေလွ်ာက္လည္တာတို႔ကခုန္တာတို႔ မလုပ္ပဲ အိမ္ထဲမွာပဲ ေနနိုင္မလား ?

၆။။ နာဖ်ားလို႔မရွိေအာင္ ကိုယ့္ကိုဂ႐ုစိုက္ေနရလို႔ ႀကိဳက္တဲ့အစားအေသာက္ေတြ မစားပဲေနမယ္ ဖ်ားနာခဲ့ရင္ေတာင္ ေဆးေတြစိတ္ႀကိဳက္စားခြင့္မရွိပဲ ၁၀ လအထိ သားေနနိုင္လား ?

၇။။ ၁၄ နာရီအၾကာ အသက္နဲ႕ရင္းၿပီး နာက်င္ကိုက္ခဲတဲ့ေဝဒနာ သားခံနိုင္မလား ?

၈။။ ကိုယ့္နို႔သီးေခါင္းကို ကိုက္ရင္ နာေပမယ့္ ၁၀ လအထိေအာင့္အည္းသီးခံနိူင္မလား ?

၉။။ ခ်ီးေတြ၊ ေသးေတြ၊ အန္ဖတ္ေတြ ၂ ႏွစ္တိုင္တိုင္သားကႀကဳံးနိုင္မလား ?

၁၀။။ ညညဆိုရင္လည္း ႏွစ္နာရီတစ္ခါ တစ္ႏွစ္လုံးလုံးအိပ္ေရးပ်က္ခံၿပီးထနိုင္မလား ?

ကဲ..သား အဲဒီအခ်က္၁၀ခ်က္ လိုက္နာလို႔နိုင္မလား တကယ္လို႔ သားက တစ္ခ်က္မက်န္ လိုက္နာနိုင္ရင္ ေမေမ့ကို ႀကိဳက္သလိုအာခံၿပီး ျပန္ေျပာလို႔နိုင္ၿပီ

သားျဖစ္သူက ေခတၱမွိုင္ၿပီး အေတြးတစ္ခုဝင္လာကာဟုတ္ကဲ့ေဖေဖ သားနားလည္ပါၿပီ ေနာက္ဘယ္ေတာ့မွေမေမ့ကိုေရာ

ေဖေဖ့ကိုပါ သားျပန္မေျပာေတာ့ပါဘူးလို႔သားကတိေပးပါတယ္ေဖေဖကဲ..သားလိမၼာေလး ေမေမ့ကို ဝန္ခ်ေတာင္းပန္ၿပီးကန္ေတာ့လိုက္ေနာ္ သားလိမၼာ၊သမီးလိမၼာေလးမ်ားျဖစ္ၾကပါေစ