ဟာသ လူရွှင်တော် ပိုးလေးကတော့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာပူးပေါင်းပါဝင်ခဲ့ပြီးလက်ရှိအချိန်မှာတော့ တောထဲတွင် စစ်သင်တန်းတက်ရောက်နေတာ ဖြစ်ပါတယ်။
အမှန်တရားဘက်ကနေရပ်တည်ပေးခဲ့တဲ့ ပိုးလေးကတော့ လွတ်မြောက်နယ်မြေရောက်ရှိနေစဉ်အတွင်းသူ့ရဲ့ နေထိုင်လှုပ်ရှားမှုတွေကိုပြည်သူတွေကို မကြာခဏ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။
တောထဲမှာ အနေအထိုင်ဆင်းရဲပေမယ့်လည်း မညည်းမညူဘဲ အဆင်ပြေအောင် နေထိုင်ကြတဲ့ရဲဘော်တွေအားလုံးက လေးစားဂုဏ်ယူစရာကောင်းလှပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပိုးလေးရဲ့ Facebook Story မှာ ပုံလေးတစ်ပုံ တင်ထားတာဖြစ်ပါတယ်။
ဒါကတော့ တောထဲမှာ အကောင်ပေါင်းစုံအကိုက်ခံထားရတာကြောင့် အနာများစွာ ဖြစ်နေတဲ့သူရဲ့ခြေထောက်လေးကို ” တောထဲရောက် အမှတ်တရ ” ဆိုတဲ့ စာသားလေးနဲ့ ဝေမျှထားတာ ဖြစ်ပါတယ်။
ဆေးပစ္စည်းအစုံအလင်မရှိတာကြောင့် ဒီလိုခက်ခဲဆင်းရဲမှုတွေကို ရင်ဆိုင်ဖြတ်သန်းနေရတာကိုမြင်တွေ့ သည်မှာ စိတ်မကောင်းစရာကောင်းလှပါတယ်။
လွတ်မြောက်နယ်မြေသို့ ရောက်နေကြတဲ့ ရဲဘော်တွေကလည်း တော်လှန်ရေးတိုက်ပွဲတွေအတွက်ကြိုးစားနေကြသလို ပြည်မနဲ့ တောင်ပေါ်ဒေသများမှာ နေထိုင်နေကြတဲ့ ပြည်သူတွေကလည်း
တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးနေကြတာလည်း ဖြစ်ပါတယ်။
ပြည်သူတွေအတွက် တောထဲတောင်ထဲမှာ ဒုက္ခတွေခါးစည်းခံနေရတဲ့ ရဲဘော်တွေလည်း ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့အမြဲလိုလို ဆုတောင်းမေတ္တာပို့သပေးနေကြတာဖြစ်ပါတယ်။ လူရွှင်တော်ပိုးလေးတစ်ယောက် ခံစားနေရတဲ့အနာရောဂါတွေ အမြန်ဆုံးပျောက်ကင်းပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
zawgyi
ဟာသ လူ႐ႊင္ေတာ္ ပိုးေလးကေတာ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ တက္ႂကြစြာပူးေပါင္းပါဝင္ခဲ့ၿပီးလက္ရွိအခ်ိန္မွာေတာ့ ေတာထဲတြင္ စစ္သင္တန္းတက္ေရာက္ေနတာ ျဖစ္ပါတယ္။
အမွန္တရားဘက္ကေနရပ္တည္ေပးခဲ့တဲ့ ပိုးေလးကေတာ့ လြတ္ေျမာက္နယ္ေျမေရာက္ရွိေနစဥ္အတြင္းသူ႔ရဲ႕ ေနထိုင္လႈပ္ရွားမႈေတြကိုျပည္သူေတြကို မၾကာခဏ ေဝမွ်ေပးေနတာလည္း ျဖစ္ပါတယ္။
ေတာထဲမွာ အေနအထိုင္ဆင္းရဲေပမယ့္လည္း မညည္းမညဴဘဲ အဆင္ေျပေအာင္ ေနထိုင္ၾကတဲ့ရဲေဘာ္ေတြအားလုံးက ေလးစားဂုဏ္ယူစရာေကာင္းလွပါတယ္။
မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ပိုးေလးရဲ႕ Facebook Story မွာ ပုံေလးတစ္ပုံ တင္ထားတာျဖစ္ပါတယ္။ဒါကေတာ့ ေတာထဲမွာ အေကာင္ေပါင္းစုံအကိုက္ခံထားရတာေၾကာင့္ အနာမ်ားစြာ ျဖစ္ေနတဲ့သူရဲ႕ေျခေထာက္ေလးကို ” ေတာထဲေရာက္ အမွတ္တရ ” ဆိုတဲ့ စာသားေလးနဲ႔ ေဝမွ်ထားတာ ျဖစ္ပါတယ္။
ေဆးပစၥည္းအစုံအလင္မရွိတာေၾကာင့္ ဒီလိုခက္ခဲဆင္းရဲမႈေတြကို ရင္ဆိုင္ျဖတ္သန္းေနရတာကိုျမင္ေတြ႕ သည္မွာ စိတ္မေကာင္းစရာေကာင္းလွပါတယ္။
လြတ္ေျမာက္နယ္ေျမသို႔ ေရာက္ေနၾကတဲ့ ရဲေဘာ္ေတြကလည္း ေတာ္လွန္ေရးတိုက္ပြဲေတြအတြက္ႀကိဳးစားေနၾကသလို ျပည္မနဲ႔ ေတာင္ေပၚေဒသမ်ားမွာ ေနထိုင္ေနၾကတဲ့ ျပည္သူေတြကလည္းတတ္ႏိုင္တဲ့ဘက္ကေန ကူညီေဆာင္႐ြက္ေပးေနၾကတာလည္း ျဖစ္ပါတယ္။
ျပည္သူေတြအတြက္ ေတာထဲေတာင္ထဲမွာ ဒုကၡေတြခါးစည္းခံေနရတဲ့ ရဲေဘာ္ေတြလည္း ေဘးအႏၲရာယ္ကင္းရွင္းၾကပါေစလို႔အၿမဲလိုလို ဆုေတာင္းေမတၱာပို႔သေပးေနၾကတာျဖစ္ပါတယ္။ လူ႐ႊင္ေတာ္ပိုးေလးတစ္ေယာက္ ခံစားေနရတဲ့အနာေရာဂါေတြ အျမန္ဆုံးေပ်ာက္ကင္းပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။