ဗဟုသုတ

ဘုရားစာတရားစာတွေရှယ်ကာ ဆိုရှယ်မီဒီယာပေါ်ပြန်လည်ရောက်ရှိလာတဲ့ ဖေ့ဘုတ်ဆယ်လီ ဖြူဖြူထွေး

ဖြူဖြူထွေးကတော့ ဆိုရှယ်မီဒီယာပေါ်တွင် Follower ၈ သန်းကျော်ရှိသည့် Social Influencer တဦးဖြစ်ပြီးစစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ပြည်သူနှင့်တသားတည်း ရပ်တည်မှုမရှိသလိုဆန္ဒပြပွဲများတွင်လည်း ပါဝင်ခြင်းမရှိသည့်အတွက်ရပ် တည်မှု မှန်ကန်သူ မဟုတ်ကြောင်း သတ်မှတ်ခံရကာ လူမှုရေး ဖယ်ကြဉ်မှုများ(Social Punishment) ပြုလုပ်ခြင်းခံထားရ သူ ဖြစ်သည်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော ပြည်သူများနှင့်အတူ မရပ်တည်သည့် လူမှုကွန်ယက်ဆယ်လီ ဖြူဖြူထွေးအားကုမ္ပဏီများအနေဖြင့် သပိတ်မှောက် (Boycott) ရန် တိုက်တွန်းမှုများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက်စစ်တပ် ထုတ်ကုန်များအပါအဝင် လုပ်ငန်းပေါင်း ၂၀ ကျော်က လက်တွဲမှုရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ကြပြီနောက်ပိုင်းမှာတော့ သူမက ကင်းမရွာသို့အလှူတွေ ပြုလုပ်ခဲ့ပြီးနောက်ဝေဖန်သံများ ပိုမိုများပြားလာခဲ့ပါတယ်။

ရက်အတော်ကြာ အွန်လိုင်းကနေ ပျောက်နေခဲ့ပြီးနောက်မှာတော့ ဒီနေ့လေးမှာတော့ သူမ ကဘုရားတရားစာတွေ ရှယ်ရင်း ဖေ့ဘုတ်ပေါ်ကို ပြန်လည်ရောက်လာခဲ့ပြန်ပါပြီ

သူမ ရဲ့ဖေ့ဘုတ် Myday မှာ လူတွေရဲ့ဝေဖန်မှုတွေနဲ့ပက်သက်ပြီးတော့လည်း မှန်တာကိုလုပ်ပြီးပွင့်လင်းသူထက် မဟုတ်မမှန်တာလုပ်ပြီး ဟန်ဆောင်ကောင်းသူက ပိုပြီးကြောက်စရာကောင်းတယ်ကမ္ဘာပေါ်မှာ မေတ္တာတရားနဲ့မတန်တဲ့သူဆိုတာ မရှိပါဘူး။

သူတစ်ပါးက ပို့ပေးလွှတ်တဲ့ မေတ္တာတရားကို မခံယူတတ်တဲ့ သူပဲရှိတာပါဆိုတဲ့ တရားစာလေးတွေကို တင်ထားခဲ့တာ ဖြစ်ပါတယ်။

ဖြူဖြူထွေးရဲ့ တစ်လှမ်းချင်း ပြန်လှမ်းလာနေတဲ့ ပရိသတ်တွေကရောသူမကို လက်ခံအုံးမလားဆိုတာ သူမကိုယ်တိုင်လည်း သွေးတိုးစမ်းနေတယ် ထင်ပါရဲ့ပရိသတ်ကြီးလည်း သူမကို ထင်မြင်ချက်လေးတွေကိုလည်း ရေးပေးသွားကြပါအုံးနော်