ဗဟုသုတ

ရှေ့လျောက်အကောင်းဆုံးတွေပဲဖြစ်လာလိမ့်မယ်

JULY 4, 2021

အမေစုဟာ ၇၆ ပြည့်သွားကတည်းက ကောင်းသွားပါပြီ။ဇွန်လကစပြီး၄ လအတွင်း ကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်။

တိတိကျကျပြောရရင်တော့ ၇၆ နှစ်ကစပြီး ၈၇ နှစ်ထိ အရင်ကထက်ပိုကောင်းသွားပြီး ပြည်သူတွေရဲ့ ချစ်ခင်ထောက်ပံ့မှုကိုလည်း ပိုရလာနိုင်တာ တွေ့ရပါတယ်။

၈၇နှစ်ထိဆက်တိုက် တိုင်းပြည်အတွက် အလုပ်လုပ်နိုင်တာ တွေ့နေရပါတယ်။

နိုင်ငံတကာ ဆုတွေလည်း ရနိုင်တာကိုလည်း ထပ်တွေ့ရပါတယ်။ ဒါ့အပြင် ၉၉ နှစ်ထိ အသက်ရှည်စွာနေထိုင်နိုင်ပါလိမ့်မယ်။

ကြီးကြီးရဲ့ ကံဇာတာမှာတော့ကြာသပတေးဟာကသစ်ဖြစ်တဲ့အတွက်ပြည်သူ့အတွက် ရှင်သန်သလို၊ ပြည်သူကရဲ့ ချစ်မေတ္တာ အထောက်အပံ့လည်း ရရှိတာတွေ့ရပါတယ်။ပြည်သူအတွက် အမြဲတမ်း အလုပ်လုပ်နေမဲ့ ကံတရားမျိုးရှိနေတာ တွေ့ရပါတယ်။အဲဒါကြောင့်လည်း ပြည်သူအတွက်ဆိုဘာမဆိုပေးဆပ်ရဲတာလို့ ဆိုရမလားပါပဲ။

ထူးခြားတာကတော့ တရားကစောင့်ရှောက်သော သူလို့ ဆိုနိုင်ပါတယ်။

ခုလိုအချိန်မှာ ကြီးကြီးအနေနဲ့တရားလုပ်ခွင့်ရနေတာကလည်း

ကြီးကြီးရဲ့ ကံတရားကိုပိုကောင်းစေတယ်လို့ ဆိုရမှာပါ။

ပြီးတော့ ချစ်သော သူများ ပြောပြချင်ပါတယ်။

မေတ္တာနဲ့ တိုက်တွန်းချင်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ မအလရဲ့ ကံက ဘယ်လိုမှကို အဖတ်ဆယ်လို့မရလို့ပါ။

မွးနေ့ကို အင်္ဂဝိဇ္ဖာနဲ့ တွက်ရင်ပဲ ဖြစ်ဖြစ် မကောင်းတာပဲ တွေ့နေရပါတယ်။ ရေးပြရင် မကောင်းလို့ကို မရေးချင်တော့တာပါ။သူ့အခါပေးတွေကတော့ သူ့ကို ကြောက်ပြီး ဘယ်လို လိမ်နေသလဲ မသိဘူး ၊ အမှန်တော့ ၆၅–၆၆ ဟာအဆိုးဆုံးနှစ်တွေပါ၊ ၆၆ ဟာပိုဆိုးပါတယ်။

မအလရဲ့ ကံက ဘယ်လို ယတြာချေချေ မရတော့ပါဘူး။