ဒီကာလမှာတော့ ပြည်သူတွေရဲ့စုပေါင်းအလှူကိုပရဟိတစိတ်ဓာတ်အပြည့်ရှိတဲ့သူတွေကအကောင်အထည်ဖော်ပေးနေကြတာ ဖြစ်ပါတယ်။
မေလလောက်တုန်းက လမ်းမှာ သွားရင်လားရင်းတွေခဲ့တဲ့ အသက် (၉၀)ကျော်အရွယ် အဘွားအိုတစ်ဦးကိုစေတနာရှင်တစ်ဦးက ပြည်သူတွေရဲ့စုပေါင်းအလှူနဲ့ ကူညီပေးလိုက်တာဖြစ်ပါတယ်။
အဘွားတို့မိသားစု နေထိုင်တဲ့အိမ်လေးက ကျဉ်းကျဉ်းလေးဖြစ်ပြီး အိမ်ထဲမှာလည်း ပစ္စည်းတချို့နဲ့ပြည့်နှက်နေကာ အမှိုက်တွေနဲ့လည်းရှုပ်ပွနေတာဖြစ်ပါတယ်။
ဒီလိုမြင်ကွင်းမျိုးကို ဂရုဏာသက်မိသွားတဲ့ စေတနာရှင်တစ်ဦးက အဘွားရဲ့အိမ်လေးကို ပြုပြင်ပေးချင်တယ်ဆိုပြီး အခြေအနေအကုန်လုံးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာတာဖြစ်ပါတယ်။
စေတနာသဒ္ဓါတရားထက်သန်ကြတဲ့ ပြည်သူလူထုကလည်း အဘွားတို့မိသားစုရဲ့အိမ်လေးကိုပြင်ပေးဖို့ အလှူငွေတွေ ထည့်ဝင်လှူဒါန်းကြတာဖြစ်ပါတယ်။
အိမ်လေးဖြစ်မြောက်ဖို့အတွက်လည်း စေတနာရှင်ဇနီးမောင်နှံနှစ်ယောက်က စစ်ကိုင်းနဲ့မန္တလေးလမ်းခရီးကို ကိုယ်တိုင်သွားပြီး အစအဆုံးစီစဉ်ပေးခဲ့တာဖြစ်ပါတယ်။
အခုဆိုရင်တော့အဘွားတို့နေထိုင်မယ့် တစ်ထပ်တိုက်အိမ်လေးဟာ တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီး နေချင်စဖွယ်လေးပဲဖြစ်ပါတယ်။တဲအိမ်လေးမှ တိုက်အိမ်သို့ ပြောင်းလဲပေးလိုက်ကြတဲ့ ပြည်သူတွေရဲ့စေတနာကို လေးစားရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။