ဗဟုသုတ

တောထဲမှာ သင်တန်းတက်နေရင်းနဲ့ ငှက်ဖျားမိပြီး ဆေးဝယ်ဖို့ ငွေကြေးအခက်အခဲရှိခဲ့တာကြောင့် အသက်ပေးသွားခဲ့ရတဲ့ PDF လူငယ်တစ်ဦး

အခုချိန်မှာတော့PDFလူငယ်တွေကအန္တရာယ်တွေကြားကနေ စစ်ပညာကိုခက်ခက်ခဲခဲသင်ယူပြီးပြည်သူတွေကိုကာကွယ်ဖို့အတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။

ပြည်သူတွေအသက်ဆုံးရှုံးနေရတာကို လက်ပိုက်မကြည့်နေနိုင်တော့တဲ့PDFလူငယ်တွေကအားလုံးရဲ့ရည်မှန်းချက်တွေအမြန်ဆုံးပြည့်ဝအောင်စွမ်းဆောင်နေတာပဲဖြစ်ပါတယ်။

ဒါပေမဲ့အင်းစိန်PDFအဖွဲ့ကလူငယ်တစ်ဦးကတော့ပန်းတိုင်မရောက်ခင်လမ်းမှာတင်အသက်ပေးလိုက်ရပြီဖြစ်ပါတယ်။

ယနေ့မှာပဲအင်းစိန်PDFအဖွဲ့ကသင်တန်းသားတစ်ယောက်ကျဆုံးသွားတဲ့အကြောင်းကိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ကအင်းစိန်PDFအဖွဲ့ရဲ့သင်တန်းမှာရဲဘော်တစ်ယောက်ငှက်ဖျားမိပြီးရောဂါပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်းဆေးဝါးဝယ်ယူရန်ငွေကြေးအခက်အခဲရှိခဲ့ပြီးနောက်ကျသွားတာကြောင့်အဲ့ဒီရဲဘော်လေးခမျာငှက်ဖျားဒဏ်ကိုဆေးဝါးမနိုင်တော့ဘဲကွယ်လွန်သွားရှာတာဖြစ်ပါတယ်။

အသက်ပေးလိုက်ရတဲ့ရဲဘော်လေးရဲ့မိသားစုကိုတော့အင်းစိန် PDFအဖွဲ့ကကောက်ခံရရှိခဲ့တဲ့အလှူငွေ(၆)သိန်းကိုအပ်နှံခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်သေဆုံးသွားတဲ့ရဲဘော်လေးနောက်ဆုံးဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတစ်စုံနဲ့အတူသင်တန်းမှာရိုက်ပေးထားတဲ့ဓာတ်ပုံတစ်ပုံကိုမိသားစုထံပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။

သင်တန်းတက်နေရင်းနဲ့ ငှက်ဖျားမိပြီးအသက်ပေးလိုက်ရတဲ့ရဲဘော်လေးကိုတပ်ဖွဲ့မှူးနဲ့ဒုတပ်ဖွဲ့မှုးမှအလေးပြုကြောင်းအင်းစိန်PDFအဖွဲ့ကထုတ်ပြန်ကြေညာထားတာလည်းတွေ့ရပါတယ်။