ဗဟုသုတ

အများသုံးသန့်စင်ခန်းထဲမှာ နေထိုင်နေရတဲ့ အိမ်ခြေမဲ့မိသားစုရဲ့ အဆိုးထဲကအကောင်းအဖြစ်တစ်ခု

ကူးစက်ရောဂါအခြေအနေကြောင့် လူအများအခက်တွေ့နေစဉ် မလေးရှားနိုင်ငံက မိသားစုတစ်စုရဲ့ဒုက္ခကတော့ အတော်လေးကိုဆိုးဝါးလွန်းတယ်လို့ပြောရမှာပါပဲ။

အကြောင်းကတော့ အဆိုပါမိသားစုဝင်ဟာ အများသုံးသန့်စင်ခန်းထဲမှာ ရေချိုးနေကြတာကို ရဲအရာရှိတွေက တွေ့ရှိခဲ့ပါတယ်။ နောက်ပြီး ကလေးငယ် 3 ယောက်နဲ့ အဆိုပါစုံတွဲဟာ အများသုံးသန့်စင်ခန်းအတွင်းမှာ အိပ်စက်ဖို့ပြင်ဆင်နေမှန်း ရဲအရာရှိတွေက သဘောပေါက်သွားခဲ့ပါတယ်။

ဒါကြောင့် ရဲအရာရှိတွေက ချက်ချင်းပဲ ‘Uncle Kentang’ လို့ လူသိများတဲ့ ပရဟိတကူညီပေးတဲ့အဖွဲ့ကို ဆက်သွယ်အကြောင်းကြာခဲ့ပြီး အဆိုပါ မိသားစုအတွက် ဟိုတယ်ခန်းတစ်ခုငှါးရမ်းပေးခဲ့ကြပါတယ်။ ဒါ့အပြင် ကလေးအငယ်ဆုံးတစ်ယောက်မှာ တစ်နှစ်သားအရွယ်သာရှိသေးပြီး ကလေးငယ်အတွက် နို့မုန့်ဝယ်ဖို့ကိုတောင် လက်ထဲမှာ ငွေမရှိတော့လောက်တဲ့အထိ ခက်ခဲနေကြတာပါ။

ဒါကြောင့် Albert Chung အမည်ရှိတဲ့ အမျိုးသားက ကလေးငယ်အတွက် နို့မုန့်ဝယ်ပေးခဲ့ပါတယ်။ ဟိုတယ်ခန်း အခကြေးငွေကိုတော့ Uncle Kemtang က ရှင်းပေးခဲ့တာပါ။ နောက်တစ်ရက်မှာတော့ အဆိုပါစုံတွဲဟာ နေစရာမရှိသေးလို့ စောစောစီးစီးထွက်ခွာသွားပြီး နေရာရှာဖွေခဲ့ကြကြောင်း သိရပါတယ်။

ပရဟိတအဖွဲ့က အဆိုပါမိသားစုအတွက် နေထိုင်ဖို့ နေရာရှာဖွေပေးရန် နှင့် ဖခင်ဖြစ်သူအတွက် အလုပ်အကိုင်ရှာဖွေပေးဖို့ ကြိုးစားခဲ့ပေမဲ့လည်း အဆိုပါမိသားစုကတော့ အခြားသူတွေအပေါ် ကျေးဇူးအတင်မခံချင်ပဲ ကိုယ့်ကိုယ်သာ ကြိုးစားဖြေရှင်းဖို့ ကြံစည်းနေကြပုံပါ။ ဆက်သွယ်မေးမြန်းခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူက အလုပ်အကိုင်သစ်ရရှိသွားပြီမို့ ကူညီပေးခဲ့ကြသူတွေမှာလည်း စိတ်ချပျော်ရွှင်ခဲ့ကြရကြောင်း သိရှိရပါတယ်။