ဖက်ရှင်ကျစွာ ဝတ်စားဆင်ယင်ခြင်းကို နှစ်သက်တဲ့မော်ဒယ်လ်မလေး Racine Pregunta ဟာ သူမရဲ့ ဘဝကိုချစ်မြတ်နိုးပြီး အနာဂတ်အတွက် အစီအစဉ်များစွာ ထားရှိခဲ့ပါတယ်။ သို့ပေမဲ့ ကိုယ်မသိနိုင်တဲ့ကိုယ့်ရဲ့ ကံကြမ္မာဆိုးကြီးရောက်လာခဲ့ပါတယ်။
Rolyn Pregunta လို့ခေါ်တဲ့ Racine ရဲ့အစ်မဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ osteosarcoma အရိုးထဲမှာ စတင်တည်ရှိတဲ့ ရှားပါးရောဂါကို ဝေမျှခဲ့ပါတယ်။ Racine က သူမဘဝအတွက် ဆက်လက်တိုက်ပွဲဝင်နေပြီး သူမရဲ့ညာဘက်ဒူးကို ခွဲစိတ်ကုသရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
လအတန်ကြာ Rolyn က သူ့ညီမလေး Racine ရဲ့ ပြင်းထန်တဲ့ ကြေကွဲဖွယ်သတင်းကို ပြောကြားခဲ့ပါတယ်။ သို့ပေမဲ့ Racine က သူမ သေဆုံးသွားခဲ့ရင် သူမကိုယ်တိုင်အသုဘအတွက် ပြင်ဆင်ထားပုံကို သူမမျှဝေခဲ့တာကြောင့် အလွန်အမင်းချိုသာလှပါတယ်။
နောက်တစ်လမှာ Racine ဟာ အကယ်လို့သူမဆုံးခဲ့လိုရှိရင် သူမအနေနဲ့ အဖြူရောင်ဝတ်စုံ ဝတ်ဆင်လိုတယ်လို့ သူမရဲ့အစ်မကို ပြောကြားခဲ့ပါတယ်။ နောက်ပြီး သူမရဲ့ဖခင်အုတ်ဂူဘေးမှာ မြှုပ်နှံလိုကြောင်း ပြောကြားခဲ့တာပါ။ သူမရဲ့ အသုဘပွဲကိုစီစဉ်ပြီးနောက် April လ ၁၇ ရက်မှာ အသက် ၂၀ အရွယ် Racine ဟာ လှပစွာသေဆုံးခဲ့ပါတယ်။
Racine ဟာ သူမရဲ့လှပတဲ့ခေါင်းတလားတွေနဲ့ လှလှပပသေဆုံးသွားခဲ့ပါတယ်။ သူမဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတာကြောင့် မိသားစုတွေရဲ့ နှလုံးသားကိုကြေကွဲစေပေမဲ့လည်း သူမစီစဉ်ထားတဲ့အတိုင်း လှလှပပနဲ့ငြိမ်းချမ်းစွာသေဆုံးခဲ့ရခြင်းကြောင့် သူတို့ပျော်ရွှင်ခဲ့ကြပါတယ်။