ဗဟုသုတ
ထမင်း၊ဟင်း ကိုယ်တိုင်ချက်ကျွေးပီး မိန်းမများကိုဘာအလုပ်မှမခိုင်းဘဲထားတဲ့ ဗီယက်နမ်မှရွာလေးတစ်ရွာ
Zawgyi
Unicode
မိန်းကလေးတစ်ယောက်ဧ။် ကံကောင်းခြင်းသည် မိဘအိမ်တွင် ဇိမ်နဲ့နေရခြင်းမဟုတ်ပဲကိုယ်ရဲ့အိမ်ထောင်ဖက်အမျိုးသားနှင့် သက်ဆိုင်သည်ဟု ဆိုကြသည်ကို ကြားဖူးကြပါလိမ့်မည်။
ယခုအခါမှာတော့ ဗီယက်နမ်နိုင်ငံ Thua Thien Hue ပြည်နယ်ရှိ Cong Luongကျေးရွာတွင်နေထိုင်သော အမျိုးသမီးများသည် ခင်ပွန်းတွေဧ။် အချစ်ကိုခံရပြီး နေပူထဲပင်ပင်ပန်းပန်း အလုပ်များထွက်မလုပ်ရသည့်အပြင်အိမ်မှုကိစ္စများကိုလည်း ခင်ပွန်းများမှ ဝိုင်းလုပ်ကူကြ၍ ဇိမ်ကျကျနေရသည်။
ထိုသို့ အချစ်ခံရသည်မှာ အမျိုးသမီးတစ်ယောက် နှစ်ယောက်တည်းမဟုတ်ပဲ တစ်ရွာလုံးတွင်ရှိသောဇနီးသည်အားလုံးဖြစ်ပြီး အဆူခံ အရိုက်ခံရခြင်းများမရှိသည့်အပြင်ကွာရှင်းကြသည်ဆိုတာမျိုးလည်း ရွာကိုစတည်ထောင်ကတည်းက တစ်ကြိမ်တစ်ခါမျှ မဖြစ်သေးပါ။
အမျိုးသမီးများအနေနှင့် အိမ်ကနေ ကလေးထိန်းခြင်း အိမ်မွေးတိရစ္ဆာန်လေးများအား ကျွေးမွေးစောင့်ရှောက်ခြင်းကိုသာ လုပ်ကိုင်ကြရသည်။
တစ်ခါတစ်ရံ ထမင်းဟင်းချက်ပြုတ်သည့်အခါတွင်လည်း ခင်ပွန်းများက လုပ်ကူခဲ့ကြသည်ဟု သိရသည်။