ဗဟုသုတ

အမေရိကန်က ပေးလိုက်တဲ့ မွေးနေ့ လက်ဆောင်

မင်းအောင်လှိုင် မိန်းမ ကြူကြူလှ အပါအဝင် ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင် ၁၅ ဦး၊ စစ်ကောင်စီမှ အရပ်သား ၇ ဦးနှင့် ကုမ္ပဏီ ၃ ခုတို့ကို အမေရိကန်က ပိတ်ဆို့အရေးယူ

ရန်ကုန်၊ ဇူလိုင် ၃

အမေရိကန်အစိုးရက စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မိန်းမ ကြူကြူ လှအပါအဝင် ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင် ၁၅ ဦး၊ စစ်ကောင်စီမှ အရပ်သား ၇ ဦးနှင့် ကုမ္ပဏီ ၃ ခုတို့ ပိတ်ဆို့အရေးယူမှုများ ဇူလိုင်လ ၂ ရက်နေ့တွင် ချမှတ်လိုက်ပြီး အမေရိကန်နိုင်ငံအတွင်းရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းကြောင်း ကြေညာသည်။

အမေရိကန်က မူလကတည်းက စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများအားလုံးကို အရေးယူထားပြီးဖြစ်ရာ ယခု ထပ်မံ အရေးယူမှုမှာ မိသားစုဝင်များနှင့် ကောင်စီတွင်ပါဝင်သော အရပ်သားများကိုပါ တိုးချဲ့ အရေးယူခြင်းဖြစ်သည်။

အမေရိကန်က အရေးယူလိုက်သော စစ်ကောင်စီမိသားစုဝင်များမှာ

(၁) ကြူကြူလှ (မင်းအောင်လှိုင်ဇနီး)

(၂) ‌သန်းသန်းနွယ် ( စိုးဝင်း ဇနီး)

(၃) ‌သက်သက်အောင် ( မြထွန်းဦးဇနီး)

(၄) သန်းသန်းအေး (တင်အောင်စန်း ဇနီး)

(၅) အောင်မာမြင့် (မောင်မောင်ကျော် ဇနီး)

(၆) ခိုင်ပပချစ် (မိုးမြင့်ထွန်း ဇနီး)

(၇) မိုးထက်ထက်ထွန်း (မိုးမြင့်ထွန်း သမီး)

(၈) ခိုင် မိုးမြင့် (မိုးမြင့်ထွန်း သမီး)

(၉) ရတနာမိုးမြင့် (မိုးမြင့်ထွန်း သမီး)

(၁၀) နီလာ (ရဲဝင်းဦး ဇနီး)
(၁၁) သိမ့် သင်ဇာ (ရဲဝင်းဦး သမီး)

(၁၂) ဥမ္မာမြင့် ( အောင်လင်းဒွေး ဇနီး)

(၁၃) ရွှေရည်ဖူးအောင် ( အောင်လင်းဒွေး သမီး)

(၁၄) လှိုင်ဘွားအောင် ( အောင်လင်းဒွေး သား)

(၁၅) ဖြိုးအာကာအောင် ( အောင်လင်းဒွေး သား) တို့ဖြစ်သည်။

အမေရိကန်အစိုးရက အရေးယူသော စစ်ကောင်စီမှ အရပ်သား ၇ ဦးမှာ

(၁) စောဒယ်နီရယ်၊ (ကောင်စီအဖွဲ့ဝင်)

(၂) ဗညားအောင်မိုး၊ (ကောင်စီအဖွဲ့ဝင်)

(၃) အေးနုစိန်၊ (ကောင်စီအဖွဲ့ဝင်)

(၄) ချစ်နိုင် (စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး)

(၅) အောင်နိုင်ဦး (စစ်ကောင်စီ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဝန်ကြီး)

(၆) မြင့်ကြိုင် (စစ်ကောင်စီ အလုပ်သမားရေးဝန်ကြီး)

(ရ) သက်သက်ခိုင် (စစ်ကောင်စီ လူကယ်ပြန် ဝန်ကြီး) တို့ဖြစ်သည်

အမေရိကန်က အမည်ပျက်စာရင်း သွင်းလိုက်သည့် နိုင်ငံခြားကုမ္ပဏီ ၃ ခုမှာ

(၁) Myanmar Wanbao Mining Copper Ltd. (မြန်မာဝမ်ပေါင်)

(၂) Myanmar Yang Tse Copper Ltd.( မြန်မာယန်စီ)

(၃) King Royal Technologies CO. Ltd.တို့ဖြစ်သည်။