မြန်မာ့ဂုဏ်ဆောင် လက်ရွေးစင် ဘိလိယက်ကစားသမား ကိုချစ်ကိုကိုဟာ ဇွန်လ တတိယအပတ်လောက်က ဖျားနာရာကတဆင့် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ ကွယ်လွန်သွားခဲ့ကြောင်း ကို ရင်းနှီးသူအချို့က ဆိုပါတယ်။
” ဒီနေ့မနက်မှာ ကောင်လေးတစ်ယောက်က သူကိုတက်နိုးရမှာ သူဆုံးနေတယ်ဆိုတာ ကိုသိတယ်။ အခုသူကို ကိုဗစ်ဟုတ်မဟုတ် ဆေးစစ်ဖို့လုပ်ဆောင်နေတယ်လို့ကြားသိရတယ် ” ဟု ရင်းနှီးသူအချို့က ပြောပါတယ်။
ကိုချစ်ကို ဟာ မြန်မာ့လက်ရွေးစင်ဘိလိယက်အားကစား အတွက် ရန်ကုန်မြို့ရှိ အောင်ဆန်းအာကစားကွင်းတွင် စခန်းသွင်းလေ့ကျင့်နေသူတစ်ဦး ဖြစ်ကြောင်း ရင်းနှီးသူအချို့ကဆိုပါတယ်။
” သူငယ်ချင်းတွေပဲ ပြိုင်ပွဲတွေလည်းအတူတူဝင်ခဲ့တာပါဲ အသက်ငယ်ငယ်လေးနဲ့နုမြောတာပေါ့ နိုင်ငံဂုဏ်ဆောင်ကစားသမားတစ်ဦး ၊ ရှေလျှောက် အောင်မြင်မှုတွေရရှိလာမဲ့ကစားသမားတစ်ဦးလည်း ဖြစ်တယ်။ ပြောပြမတတ်အောင်ဝမ်းနည်းပါတယ် ” ရင်းနှီးသူအချို့က ဆိုပါတယ်။
ကိုချစ်ကိုဟာ ဇွန်လ ၂၃ ရက်နေ့မှာ စတင်ဖျားနေကြောင်းကို သူရဲ့လူမှုကွန်ယက်စာမျက်နှာ ကတဆင့်အသိပေးခဲ့ပါသေးတယ်။
မော်လမြိုင်ဇာတိ ကိုချစ်ကိုကိုဟာ ၂၀၁၃ ခုနှစ်မှာစတင်ပြီး မြန်မာ့လက်ရွေးစင်ကစားအဖြစ် စတင်ခဲ့ပြီး အာရှဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲ၊ ကမ္ဘာ့ဘိလိယက်ချန်ပီရှစ်ပြိုင်ပွဲ နှင့် ဆီးဂိမ်းပြိုင်ပွဲတွင်လည်း နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သည့်ကစားသမားတစ်ဦး ဖြစ်ကာ အသက် (၃၇) အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။
ဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာရှဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ကမ္ဘာ့ဘိလိယက်ချန်ပီရှစ်ပြိုင်ပွဲ တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ရယူနိုင်ခဲ့သူဖြစ်သည်။