ဗဟုသုတ

မြဝတီမြို့ အာဇာနည်ပန်းခြံကို “ဦးစပန်းခြံ” ဟု စစ်ကောင်စီက အမည်ပြောင်းလဲ

မြဝတီမြို့ အာဇာနည်ပန်းခြံကို “ဦးစပန်းခြံ” ဟု စစ်ကောင်စီက အမည်ပြောင်းလဲ

ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ အာဇာနည်ပန်းခြံကို စစ်ကောင်စီက ဦးစ ပန်းခြံဟု အမည်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

လွန်ခဲ့သည့်လအတွင်း မြ၀တီမြို့ အာဇာ နည်ပန်းခြံအတွင်းရှိ အာဇာနည် ဗိမာန်များကို ဖြိုချပြီးခဲ့နောက် ယခု ဇူလိုင်လတွင် နာမည်ကိုပါ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း၊

အာဇာနည်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ နီးကပ်လာချိန်တွင် လုပ်ဆောင်ခြင်းဖြစ်၍ ရည် ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

“ပြောရမယ်ဆိုရင်ဒါက မဖြစ်သင့်ဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ အာဇာနည်ပန်းခြံဆိုတာ လူတဦးတယောက်ကို ရည်ညွှန်းတာမဟုတ်ဘူးလေ ဗျာ။

ကျွန်တော် တို့ နိုင်ငံရဲ့ အထင်ကရ အာဇာ နည် ခေါင်းဆောင်တွေကို ရိုရိုသေသေလေးလေးစားနဲ့ တသီးတသန့်ရယ် လို့ ရည်ရွယ်ပြီး ဖြစ်တည်လာခဲ့တာကိုအခု လိုအချိန်မှာ ပွဲလန့်ဖျာခင်းဆိုသလို လုပ်ပစ်ပြီးနာမည်တွေပါ ချိန်းလိုက်တယ်ဆ်ိုတော့ကာအာဇာနည် ခေါင်းဆောင်တွေကို စော်ကား ရာ ရောက်ပါတယ်။ ပြည်သူတယောက်အနေနဲ့ အရင်ထဲက လည်း စစ်ကောင်စီ ကို ရွံမုန်းတယ်။

အခု လို လုပ်ရပ်တွေ ကြောင့် ပိုပီးတော့တောင် စက်ဆုတ်မိပါတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အာဇာနည်ပန်းခြံကို NLD အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်ထက်တွင် ပြန်လည် ဖြိုချ၍ နာမည်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။