ဗဟုသုတ

မိသားစု(၃)ယောက်ဆုံးသွားလို့ ဝမ်းနည်းနေရချိန်မှာ ကိုဗစ်ကြောင့် တစ်အိမ်လုံးသေတယ်ဆိုပြီး သတင်းမှားထွက်နေတာကို ဖြေရှင်းလာတဲ့ မိသားစုဝင်တစ်ဦး

POSTED BY: ADMIN JULY 2, 2021

ယခုလပိုင်းအတွင်းမှာတင် COVID-19 ကူးစက်ရောဂါက မြန်မာနိုင်ငံအတွင်းကို တတိယလှိုင်းအနေနဲ့ စတင်ဝင်ရောက်နေပြီပဲဖြစ်ပါတယ်။တစ်နေ့ကို ပိုးတွေ့နှုန်း ထောင်ကျော်နေတာဖြစ်ပြီး တချို့မြို့နယ်တွေကိုဆိုရင် stay at home မြို့နယ်တွေအဖြစ် ကြေညာလိုက်ပြီဖြစ်ပါတယ်။

မနေ့ညက ထပ်မံကြေညာတဲ့ stay at home မြို့နယ်တွေကတော့ ပဲခူးတိုင်းထဲမှာ သာယာဝတီမြို့နယ်နဲ့ မင်းလှမြို့နယ်တို့ဖြစ်ပြီး မန္တလေးတိုင်းထဲမှာဆိုရင် ချမ်းမြသာစည်မြို့နယ်၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးတံခွန်မြို့နယ်၊မဟာအောင်မြေမြို့နယ်၊အောင်မြေသာစံမြို့နယ်တို့ပဲဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ မန္တလေးမြို့မှာ ကိုဗစ်ရောဂါကြောင့် တစ်မိသားစုလုံး သေဆုံးသွားတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တွင် သတင်းအမှားများထွက်ပေါ်နေတာဖြစ်ပါတယ်။ကာယကံရှင်မိသားစုကတော့ ဒီသတင်းဟာ အမှားသာဖြစ်ကြောင်းကို ပြန်လည်ရှင်းပြလာတာဖြစ်ပါတယ်။

သူမတို့မိသားစုဝင်တွေထဲမှာ (၃)ယောက်သေဆုံးတယ်ဆိုတာ မှန်ပေမယ့် မိသားစုဝင်တစ်ဦးကတော့ COVID-19 ပိုး (၂)ကြိမ်စစ်တာ Negative ပြပြီး ရိုးရိုးတုပ်ကွေးကြောင့်သာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျန်ရစ်တဲ့မိသားစုဝင်တွေလည်းနေကောင်းကျန်းမာကြပြီး (၁၃)ယောက်က အိမ်မှာပဲ Qဝင်နေတာ(၇)ရက်မြောက်ရှိသွားပြီလို့သိရပါတယ်။Q Center မှာဝင်နေကြတဲ့ အိမ်သားတွေလည်း ကျန်းမာကြပါတယ်လို့မိသားစုဝင်တစ်ဦးက သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာဖြစ်ပါတယ်။

အခုချိန်မှာ သူမတို့မိသားစုဝင်တွေခမျာ စိတ်ပင်ပန်းနေတာကြောင့် တခြားသူတွေလည်း သတင်းအမှားကို ဆက်မဖြန့်ဖို့ရာမေတ္တာရပ်ခံရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။