POSTED BY: ADMIN JULY 2, 2021
အတိုင်ပင်ခံနဲ့သမ္မကို ပြန်လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ် ထပ်လောင်း…see more
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ထော်နီယို ဂူတားရက်စ်က အာဏာသိမ်း စစ်တပ်ကို ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသမား ထောင်ဂဏန်းတချို့ ပြန်လွတ်လာပြီးတဲ့ နောက်တစ်ရက်မှာပဲ မစ္စတာဂူတားရက်စ်က အခုလို ပြောဆိုလာတာ ဖြစ်ပါတယ်။
သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဥပဒေမဲ့ ဖမ်းဆီး ခံထားရတဲ့သူ အားလုံးကို ပြန်လွှတ်ပေးပါ ဆိုပြီး အတွင်းရေးမှူးချုပ် ကိုယ်စား လက်ထောက်ပြောခွင့်ရ မစ္စ အယ်ရီ ကာနေးကိုးက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်တဲ့ အကြမ်းဖက်ဖြစ်ရပ်တွေ၊ ဥပဒေမဲ့ ဖမ်းဆီးတာတွေ အပါအဝင် အများပြည်သူအပေါ် ခြိမ်းခြောက် ရန်ပြုနေတာတွေ ဆက်လက် ပေါ်ပေါက် နေတဲ့အတွက် အင်မတန် စိုးရိမ်ရဆဲ အခြေအနေ ဖြစ်ကြောင်း မစ္စတာ ဂူတားရက်စ်က ပြောတယ် ဆိုပြီးတော့လည်း မစ္စ ကာနေးကိုးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ပေါက်ကွဲမှုတွေ ရှိခဲ့တဲ့ ဧရာဝတီတိုင်း ကျိုက်လတ် မြို့ပေါ်မှာ ဆိုရင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အရပ်သား အနည်းဆုံး အယောက် ၅၀ ကို ဇူလိုင် ၁ ရက်နေ့က ဖမ်းဆီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။