ဗဟုသုတ

နေပြည်တော်တွင် ကိုဗစ်ရောဂါပိုး လူ ၂၀၀၀ ခန့် ကူးစက်ခံနေရပြီး သေဆုံးသူ ၁၀ ဦးအထိ ရှိလာ

အကြမ်းဖက် စစ်ကောင်စီလက်ထက်တွင် တကျော့ပြန် ဖြစ်ပွားလျက်ရှိသည့်ကိုဗစ် ရောဂါပိုး တတိယလှိင်းကြောင့် နေ ပြည်တော်တွင် ရောဂါပိုး ကူးစက်ခံနေရသူ၁၉၇၆ ဦးအထိ ရှိလာပြီး ဇွန်လ ၁ ရက်နေ့ထိ ကိုဗစ်ကြောင်း သေဆုံးသူ ၁၀ ဦး ရှိလာကြောင်း၊ မနေ့က လူနာသစ် ၅၂ ဦး ရှိကြောင်း သိရှိရသည်။

“သပြေကုန်း ညဈေး ပိတ်ရတယ်။ လူများလိုပါ။ ပျဉ်းမနား စိန်တောင်း ပိတ်ထားရတယ်။

သူက ပိုးတွေ့လို။ ဒီတခေါက် စ ကူးတာကတော့ သပြေကုန်းက ဘုန်းကြီးကျောင်းက ဆရာတော်တွေမှာ စတွေ့တာ။

၉ ပါးပေါ့။ ပြီးတော့ တကျောင်းလုံး ကူးတယ်။ အခု ၂၀၀ ကျော်သွားပြီ။

ကျန်တာတွေကတော့ ပုံမှန်ပါပဲ”ဟု နေပြည်တော် ဒေသခံတဦးကပြောသည်။

ရောဂါပိုး ကူးစက်မှု အများဆုံး ဖြစ်နေသည့် သပြေကုန်းရပ်ကွက် ရှိသည့် ဇမ္ဗူသီရိမြိုနယ်တွင်ပိုးတွေ့ရှိသူ ၅၉၆ ဦး၊ ဒက္ခိ ဏသီရိမြိုနယ်တွင် ၄၆ ဦး၊ ဥတ္တရသီရိမြိုနယ်တွင် ၄၃ ဦး၊ ပုဗ္ဗသီရိမြိုနယ်တွင် ၁၃၆ ဦး၊ စစ်တပ်များရှိသည့် ဇေယျာသီရိ မြိုနယ်တွင် ၆၃၅ ဦး၊ပျဉ်းမနားမြိုနယ်တွင် ၁၈၈ ဦး၊ လယ်ဝေးမြိုနယ်တွင် ၁၁၈ ဦး၊ တပ်ကုန်းမြိုနယ်တွင် ၅၇ ဦးနှင့် ပြင်ပမှ ဝင်လာသူ ၁၅၇ ဦးတို ဖြစ်ပွားလျက် ရှိသည်။

ပိုးတွေ့ရှိသူများထဲတွင် အမျိုးသား ၁၃၉၄ ဦး၊ အမျိုးသမီး ၅၈၂ ဦးတို ရှိပြီးယခုအခါ ပိုးတွေ့ရှိနိုင်သဖြင့် အသွားအလာ ကန့်သတ်ပြီး စောင့်ကြည့်နေသူ ၁၁၇၉ ဦး ရှိကြောင်း၊ဆေးရုံတက် ကုသရသူ ၄၃၄ ဦး၊ ဆေးရုံဆင်းသွားသူ ၁၅၃၂ ဦး ရှိသည်။

အသွားအလာ ကန့်သတ် စောင့်ကြည့်မှုများကို နေပြည်တော်ရှိ ဟိုတယ်တချို၊စည်ပင်ဧည့်ရိပ်သာ၊ ဆေးရုံနှင့် လုံခြုံရေး ရဲတပ်ရင်းတချိုတွင် ပြုလုပ်ထားကြောင်း သိရသည်။

ပုံစာ – နေပြည်တော်အဝင် စစ်ဆေးဂိတ်တွင် တွေ့ရသည့် စစ်ကောင်စီအဖွဲဝင်များ