တက်တူးထိုးခြင်းသည် လူကြီး လူငယ်တို့၏ အကြိုက်ဖြစ်ပြီး တစ်ခုခုဆိုသည်နှင့် အမှတ်တရလေးအနေနှင့် ထိုးကြတာများသည်။
သို့သော်လည်း ဗီယက်နမ်နိုင်ငံမှ အိမ်ထောင်သည်အမျိုးသားတစ်ယောက်သည် ဆံပင်ညှပ်ဆိုင်သို့သွား၍ ညှပ်ခဲ့ရာ စကားပြောရင်း ပြောရင်းနှင့် မှန်ကြည့်လိုက်ချိန် ဂတုံးပြောင်ပုံစံကြီး ဖြစ်သွားခဲ့သည်။
အမျိုးသားသည် ထိုဂတုံးကေနှင့် အိမ်သို့ပြန်ရင်လည်း ဇနီးဖြစ်သူမှ တွေ့လျှင်ဆူမည်ကိုတွေးပြီး ကြောက်နေခဲ့ရာ အကြံတစ်ခုစဉ်းစားမိခဲ့သည်။
ထို့ကြောင့် အိမ်တန်းမပြန်ပဲ တက်တူးဆိုင်သို့ ဆံပင်နှင့်ပုံစံတူ တက်တူးမည်းကြီးအား တစ်ကောင်းလုံး ထိုးပစ်ခဲ့ပြီး ထွက်လာသောပုံရိပ်မှာ ရယ်စရာဖြစ်နေတော့သည်။
အမျိုးသား၏ထူးခြားသည့် ဆံပင်ကေမှာ လူမှုကွန်ယက်တွင် ပျံ့နှံ့သွားပြီးနောက် အရူး ဟုပင်ပြောဆိုခံလိုက်ရသေးသည်။