ဗဟုသုတ

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၈၃ သန်းကျော်၊ သေဆုံးသူ ၄ သန်းနီးပါး ရှိလာ

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၁၈၃ သန်းကျော်ရှိလာခဲ့ပြီ ဖြစ်ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၄ သန်းနီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီး သိန်းနဲ့ချီ သေဆုံးတဲ့ နိုင်ငံ ၁၀ နိုင်ငံ ရှိလာခဲ့ပြီး အဲဒီနိုင်ငံ တွေထဲမှာတော့ အမေရိကန်နိုင်ငံက သေဆုံးသူ ၆ သိန်း ၂ သောင်းကျော်၊ ကူးစက်ခံရသူ ၃၄ ဒသမ ၅ သန်းကျော်ရှိနေပြီး သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက သေဆုံးသူ ၅ သိန်း ၁ သောင်းကျော်၊ ကူးစက်ခံရသူ ၁၈ ဒသမ ၅ သန်းကျော်နဲ့ သေဆုံးမှုအမြင့်ဆုံး နိုင်ငံတွေအနေနဲ့ ရှိနေပါတယ်။

တတိယနေရာမှာတော့ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄ သိန်းနီးပါး၊ ကူးစက်ခံရသူ ၃၀ ဒသမ ၄ သန်းကျော်နဲ့ ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ မက္ကဆီကို၊ ပီရူး၊ ရုရှား၊ ယူကေ၊ အီတလီ၊ ပြင်သစ်နဲ့ ကိုလံဘီယာနိုင်ငံတွေမှာပါ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ သိန်းချီရှိလာတာကြောင့် သိန်း ချီသေဆုံးတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံ ပေါင်းကတော့ ၂၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ပျောက် ကင်းသက်သာလာသူ စုစုပေါင်းကတော့ ၁၆၇ ဒသမ ၆ သန်းကျော် ရှိနေပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၁ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၁၀၀ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါသန်းချီ ကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အီရတ်နိုင်ငံတွေပြီးရင် ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရောဂါကူးစက်ခံရသူ ၉ သိန်းကျော်၊ အစ္စရေးနိုင်ငံက ရောဂါကူးစက်ခံရသူ ၈ သိန်းကျော်၊ ဂျပန်၊ မလေးရှားနဲ့ ဂျော်ဒန်နိုင်ငံတွေက ၇ သိန်း ကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၅၉,၃၄၇ ယောက်၊ သေဆုံးသူ ၃,၃၄၇ ယောက် ရှိနေပြီး အာဆီယံနိုင်ငံတွေထဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၂ သိန်း ၆ သောင်းကျေိာ်နဲ့ သေဆုံးသူ ၂,၀၀၀ ကျော် ရှိနေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆၂,၀၀၀ ကျော်နဲ့ သေ ဆုံးသူအရေအတွက် ၃၆ ယောက်ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၅၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၂၈ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၇,၀၀၀ ကျော်နဲ့ သေဆုံးသူအရေအတွက် ၈၁ ယောက် ရှိနေပြီး လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၀၀၀ ကျေိာ်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ဘရူနိုင်းနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၂၆၁ ယောက်နဲ့ သေဆုံးလူနာ ၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။