ဗဟုသုတ

အဘိုးအဘွားအယောက်(၁၂၀)အတွက် ဆေးဘိုးတွေ လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး ခိုင်နှင်းဝေကတော့ နောက်ထပ်ပရဟိအလှူလေးအနေနဲ့ အဘိုးအဘွားတွေအတွက် လှူဒါန်းမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ခိုင်နှင်းဝေကတော့ ဒီတစ်ခေါက်အလှူလေးကို အသက် (၇၀)နှင့် အထက် အဘိုးအဘွားတွေနဲ့ နာတာရှည်ရောဂါသည် အဘိုဘွားတွေအတွက် ဆေးဘိုး လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေက သာကေတနဲ့ အရှေ့ဒဂုံဘက်မှာရှိတဲ့ အသက် (၇၀)နှင့်အထက် အဘိုအဘွားတွေရယ် နာတာရှည်ရောဂါဝေဒနာခံစားနေရတဲ့ အဘိုးအဘွား အယောက် (၁၂၀)တို့အတွက် ဆေးဖိုးတွေ လှူဒါန်းသွားပေးမှာပါတဲ့။ ဒီအလှူလေးကတော့ “ခိုင်”မိသားစုနှင့် ခုနှစ်ရက် သားသမီး အလှူရှင်များ ပေါင်းစု၍ ဘိုးဘွားများအား လှူဒါန်းသော လစဉ် အလှူလေးပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ဒီအလှူလေးရဲ့ ကုသိုလ် ကောင်းမှုအစုစုကို သတ္တဝါ အားလုံး ကုသိုလ်ထပ်တူ ရကြ၍ သံသရာ အထောက်အပံ့များ ဖြစ်ရပါစေလို့လည်း အလှူလေးရဲ့ ကောင်းမှုတွေကိုလည်း မျှဝေထားပါသေးတယ်။CeleZone ပရိသတ်ကြီးတွေလည်း ခိုင်နှင်းဝေရဲ့ သူ့ရဲ့ အလှူရှင်တွေ စုပေါင်းလှူဒါန်းတဲ့ အလှူလေး သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။