ဗဟုသုတ

ကွယ်လွန်သွားတဲ့ ဦးညွန့်ဝင်းရဲ့အသက်မဲ့ခန္ဓာကို စိတ်မကောင်းစွာနဲ့ငေးကြည့်နေကြတဲ့ သက်တူရွယ်တူအနုပညာရှင် ညီအကိုတွေ

အနုပညာအလုပ်တွေကို တဝကြီးလုပ်ခဲ့ပြီး အသက် (၈၂) နှစ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်နာယကကြီး အကယ်ဒမီများရှင်ဦးညွန့်ဝင်းရဲ့ နေအိမ်ကို အစည်းအရုံးရဲ့နာယကနဲ့အမှုဆောင်များက ကျန်ရစ်သူမိသားစုတွေအတွက် အားပေးစကား သွားရောက်ပြောကြားခဲ့ပါတယ်။

အစည်းအရုံးရဲ့ နာယကအဖွဲ့ဝင်တွေဟာ ရုပ်ရှင်လောကမှာ နှစ်ပေါင်းများစွာကျင်လည်ခဲ့ကြသူတွေဖြစ်ပြီး အသက်အရွယ်ရနေကြတဲ့ ဝါရင့်သရုပ်ဆောင်တွေလည်း ဖြစ်ပါတယ်။ ဦးညွန့်ဝင်းဟာလည်း အဖြူအမဲခေတ်ကတည်းက ပရိသတ်ချစ်တဲ့မင်းသားတစ်ယောက် ဖြစ်ခဲ့တာမို့ အတူတူအလုပ်လုပ်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာလည်း စိတ်မကောင်းစွာနဲ့ အခုလိုရောက်လာခဲ့တာပဲဖြစ်ပါတယ်။

အနုပညာအပေါ်မှာတာဝန်ကျေပြီး အကယ်ဒမီ (၇) ဆုအထိ ဆွတ်ခူးသွားနိုင်ခဲ့တဲ့ ပညာရှင်ကြီး အခုလိုဆုံးပါးသွားတာ နှမြောစရာပါပဲ။

အနုပညာအလုပ်တွေမလုပ်တော့သည့်တိုင်အောင် ပရိသတ်တွေ ရင်ထဲမှာ ” ဦးညွန့်ဝင်း ” ဆိုတာ အမြဲတမ်းရှိနေဦးမှာပါ။ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေဟာလည်း လက်ရှိအချိန်ထိ ပရိသတ်တွေကိုဖမ်းစားနိုင်နေဆဲပါပဲ။

အသက် (၈၂) နှစ်အထိ ဘဝကိုအေးအေးလူလူ ဖြတ်သန်းသွားနိုင်ခဲ့တဲ့ ပြည်သူ့အချစ်တော်ကြီး အေးချမ်းရာဘုံဘဝရောက်စေဖို့ ပြည်သူတစ်ရပ်လုံး ကလည်း ဆုတောင်းပေးနေကြပါတယ်။

ဘဝမှာ (၈၂) နှစ်တိတိနေခွင့်ရခဲ့ပြီး ကိုယ်မြတ်နိုးတဲ့အနုပညာအလုပ်တွေကို အချိန်တွေ အကြာကြီး လုပ်ခွင့်ရခဲ့သလို ပြည်သူတစ်ရပ်လုံးရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သူပါ။

အသက်အရွယ်ကြီးရင့် လာတဲ့အချိန်မှာလည်း မိသားစုနဲ့အတူ ဘဝကို အေးအေးလူလူဖြတ်သန်းနိုင်ခဲ့ပြီး ဘဝတစ်ပါးကိုလည်း ကောင်းကောင်းမွန်မွန် ကူးပြောင်းသွားနိုင်ခဲ့တဲ့ ကုသိုလ်ထူးကိုပိုင်ဆိုင်ခဲ့တာမို့ ဦးညွန့်ဝင်းဟာ အလာခရီးရော အပြန်ခရီးမှာပါ ကောင်းခြင်းတွေသယ်ဆောင်သွားနိုင်ခဲ့သူပါ။ နောက်ထပ်ကောင်းမွန်တဲ့ ဘုံဘဝတစ်ခုမှာ အေးချမ်းပျော်ရွှင်မှုတွေ ထပ်မံပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။