Zagyi
Unicode
ကျောင်းပိတ်သွားသောကြောင့် အဝတ်များကို မလျှော်ဘဲ ဇလုံထဲထည့်ထားခဲ့ပြီး အိမ်ပြန်သွားရာမှ ကျောင်းဖွင့်၍ အဆောင်ပြန်ရောက်သောအခါ မှိုအပင်များပင် ပေါက်နေခဲ့သည့်အဖြစ်
ကျောင်းသားတို့သည် အဆောင်များတွင်နေထိုင်ပြီး လွတ်လပ်စွာဖြင့် နေထိုင်တတ်ကြသည်။ကျောင်းသားတို့၏ သဘာဝ လွတ်လပ်ခြင်းနှင့် ပျော်ပါးခြင်းများဟာ ကင်းကွာ၍မရသောအရာဖြစ်ပေသည်။
သို့သော်လည်း ကျောင်းပိတ်သွားပြီဆိုလျှင်တော့ မိဘတို့၏ အရိပ်အောက်ကို အပြေးပြန်လာချင်ကြပေသည်။
ယခုတွင်လည်း ကောင်မလေးတစ်ဦးဟာ ကျောင်းပိတ်သွားခဲ့သာကြောင့်အ ဝတ်အစားများကို မလျှော်တော့ဘဲ ဇလုံထဲတွင် ထည့်ခဲ့ကာ အိမ်သို့အပြေးပြန်သွားခဲ့ပါတယ်။
ထို့နောက် ကျောင်းများပြန်ဖွင့်၍ အဆောင်သို့ပြန်ရောက်လာသောအခါ ကောင်မလေးဟာ အံ့သြစရာဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရပါတော့တယ်။
ကောင်မလေး၏ အဝတ်အစားဇလုံဟာ မှိုပင်များပင် ပေါက်သည်အထိဖြစ်နေခဲ့တာပါ။
ကောင်မလေးဟာ မှိုပွင့်တွေကို စားသုံးလိုသူများအား ပေးချင်တယ်လို့ ဟာသလုပ်ကာ လိုင်းပေါ်တင်သွားခဲ့ပါတယ်။