ဗဟုသုတ

၂၈ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် စုစုပေါင်းအက္ခရာ ၁၀ လုံးနှင့် ထီစာအုပ် ၂၀၄၄၄၃ အုပ်သာ ရောင်းချနိုင်ခဲ့ပြီး အထူးဆုကြီးစနစ်တွင် ကျပ်သိန်း ငါးထောင် တစ်ဆုနှင့် ကျပ်သိန်း တစ်ထောင် တစ်ဆုသာ ပါဝင်

၂၈ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် စုစုပေါင်း အက္ခရာ ၁၀ လုံးနှင့် ထီစာအုပ် ၂၀၄၄၄၃ အုပ်သာ ရောင်းချနိုင်ခဲ့ပြီး အထူးဆုကြီးစနစ်တွင် ကျပ်သိန်း ငါးထောင် တစ်ဆု နှင့် ကျပ်သိန်း တစ်ထောင် တစ်ဆုသာ ပါဝင်ကြောင်း ဇွန် ၃၀ ရက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်တွင် ကျင်းပမည့် ၂၈ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို (က) အက္ခရာမှ အစဉ်လိုက် (ည) အထိ စုစုပေါင်းအက္ခရာ ၁၀ လုံးနှင့် ထီစာအုပ် ၂၀၄၄၄၃ အုပ် ရောင်းချခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး ထီလက်မှတ် ရောင်းချရငွေမှာ ကျပ်သန်း ၂၀၄၄ ဒသမ ၄၃၀ ဖြစ်သဖြင့် ရာခိုင်နှုန်း ၆၀ ခွဲဝေ ချီးမြှင့်မည့် ထီဆုငွေမှာ ကျပ်သန်း ၁၂၂၆ ဒသမ ၆၅၈ ဖြစ်ကြောင်း၊ အဆိုပါ ခွဲဝေချီးမြှင့်မည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်ဖြင့် ကျပ်သိန်း ငါးထောင် တစ်ဆု၊ ကျပ်သိန်း တစ်ထောင် တစ်ဆုသာ ပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်ဖြင့် ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်

သိန်း နှစ်ရာ လေးဆု၊ ကျပ်သိန်း တစ်ရာ ငါးဆု၊ ကျပ်သိန်း ငါးဆယ် ခုနစ်ဆု၊ ကျပ်သိန်း နှစ်ဆယ် ၁၀ ဆု၊ ကျပ် ၁၀ သိန်း ၁၂ ဆုနှင့် ဝေဝေဆာဆာ ပဒေသာဆု မဲစနစ်ဖြင့် ကျပ် သုံးသိန်း ၃၀ ဆု၊ ကျပ် နှစ်သိန်း ၁၀၀ ဆု၊ ကျပ် တစ်သိန်း ၂၀၀၀ ဆု စသည့် ဆုမဲများသာ ချီးမြှင့်မည် ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်း မရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကိုလည်း တစ်ဆုချင်း ဆုမဲ ကျပ် ၁၀ သိန်း လေးဆုနှင့် ဝေဝေဆာဆာ ဆုမဲများဖြစ်သည့် ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆုနှင့် ကျပ် တစ်သိန်း ၂၀၀၀ ဆု စုစုပေါင်း ၂၂၂၄ ဆုကိုလည်း ထပ်မံ ချီးမြှင့်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ၂၈ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာ လေသိန်းဆုဖွင့်ပွဲကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက် ကြာသပတေးနေ့ နံနက် ၈ နာရီတွင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလမ်းနှင့် ၃၇ လမ်းထောင့်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။