ဗဟုသုတ

ပြစ်သစ်နိုင်ငံ၏ အထက်လွှတ်တော်အမတ်များ(၁၅၀)ကျော် ထံမှ သတင်းကောင်းများ။

ချစ်လှစွာသော ရဲဘော်ရဲဘက် အပေါင်းတို့၊ ယနေ့ ပြင်သစ်နိုင်ငံ အထက်လွှတ်တော်၏ နိုင်ငံခြားရေးရာ၊ ကာကွယ်ရေးနှင့်လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီထံမှ သတင်းကောင်းများကို မိတ်ဆွေ တို့အား ဝေမျှလိုပါသည်။ မိတ်ဆွေများအားလုံးမှ ဆုတောင်းခြင်းဖြင့် ကူညီပေးကြသည့် အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။

ပြင်သစ်သမ္မတနိုင်ငံမှ အထက်လွှတ်တော်အမတ်များ (၁၅၀) ကျော်တို့ သည် မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရအား တရားဝင် အစိုးရအဖြစ် ပြင်သစ်အစိုးရမှ အသိအမှတ် ပြုရန်အတွက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ကော်မတီက ယနေ့ကြားနာခြင်းတွင် သတင်းကောင်း ပြောကြားခဲ့ပါသည်။ ဤဆုံးဖြတ်ချက်အား မကြာခင်တွင် ပြင်သစ်အထက်လွှတ်တော်၏ ဆွေးနွေးပွဲတွင် ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်သွားမည် ဖြစ်သည်။

ပြင်သစ်လွှတ်တော်အမတ်များသည် ပြင်သစ်အစိုးရအား မြန်မာပြည်သူ ၅၄ သန်းအပေါ် စစ်အာဏာရှင်၏အကြမ်းဖက်သောအုပ်ချုပ်မှု အဆုံးသတ်ရေးအတွက် ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြသည်။

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံ၏ နိုင်ငံ့သူရဲကောင်းများခင်ဗျာ၊ ပြင်သစ်အထက်လွှတ်တော် အမတ်များ အားလုံး ဤဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ထောက်ခံပြီး မဲပေးနိုင်ဖို့အလို့ငှာ ဆက်လက် ဆုတောင်း ကူညီပေးကြပါရန် အားလုံးကို မေတ္တာရပ်ခံအပ်ပါသည်။

ဤဆုံးဖြတ်ချက်များအား တညီတညွတ်တည်း အားလုံး ထောက်ခံမဲပေးမည်ဟု မျှော်လင့်လျက်ဆုတောင်းနေပါသည်။ အဘယ် ကြောင့်ဆိုသော် ၎င်းဆုံးဖြတ်ချက်သည်မြန်မာနိုင်ငံအား စစ်အာဏာရှင် ၏အကြမ်းဖက်သော အုပ်ချုပ်မှု အောက်မှ လွတ်မြောက်ပြီး လွတ်လပ်သော မြန်မာပြည်သူလူထု အားလုံး ပါဝင်သည့် ဖက်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တည်ထောင်ရန်အတွက် မှတ်တိုင်များနှင့် အရေးကြီးသော ခြေလှမ်းများဖြစ်ပါသည်။

ကျေးဇူးပြု၍အတူတကွ ဆက်လက်ဆုတောင်းကြပြီး အတူတကွ ဆက်လက် လက်တွဲလုပ်ဆောင်ကြပါရန်နှင့် သို့မှသာလျှင် လွတ်လပ်ခွင့်၊အရပ်ဖက်၊ လူ့အခွင့် အရေးနှင့် ဒီမိုကရေစီ ကသာပေးနိုင်သည့် ငြိမ်းချမ်းရေးအတွက်၊ တရားမျှတမှုအတွက်၊ တည်ငြိမ် အေးချမ်းရေးတို့ အတွက်၊ မိမိတို့အသက်ကို စတေးကြရသည့်(၅၄)သန်းသော မြန်မာပြည်သူများအတွက် ပြင်သစ်အစိုးရ၏ အရေးကြီးသော လုပ်ဆောင်ချက် ခြေလှမ်းကို အခြားသောလွတ်လပ်သည့် ဒီမိုကရေစီ နိုင်ငံများမှလည်း လိုက်ပါလျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်။

ကျွန်ုပ်တို့အားလုံး အတူအကွ နိုင်နေပြီဖြစ်သည်။ မြန်မာနိုင်ငံရှိ စစ်အာဏာရှင်များ ကျရှုံးနေပြီဖြစ်သည်။

လေးစားစွာဖြင့်

ဒေါက်တာဆာဆာ

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပြည်ထောင်စုဝန်ကြီး

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်း