ဗဟုသုတ

ကလေးမြို့တွင် ကိုဗစ်ကြောင့် အပါအဝင် တလအတွင်း လူ ၄၀၀ နီးပါး သေဆုံး

ရန်ကုန် ဇူလိုင် ၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ တလအတွင်း ကိုဗစ် ကူးစက်ခံရမှု အပါအ ဝင် တုပ်ကွေးရောဂါ အမျိုးမျိုးဖြင့် သေဆုံးသူ ၄၀၀ နီးပါး အရေးပေါ် အောက်စီဂျင်ဘူးများလည်း လိုအပ်လျက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။

ကလေးမြို့ရှိ ဗုဒ္ဓဘာသာ သင်းချိုင်း၊ ခရစ်ယန်သင်းချိုင်းနှင့် အခြားဘာသာအသီးသီး၏ သင်းချိုင်းများတွင် ယခုတလ အတွင်း သေဆုံးသူ ၅၀၀ ကျော် ရှိခဲ့ပြီး အများစုမှာ ကိုဗစ် အတည်ပြုလူနာနှင့် သံသယလူနာများ ဖြစ်ကြောင်း သိရသည်။

“ဗီဇပြောင်းပိုးက ဘယ်လိုလဲကို မသိဘူး။ သူက ဖျားတယ်။ တုပ်ကွေး ဖြစ်တယ်။ စစ်လိုက်ရင်လည်း ပိုးက မတွေ့ဘူး။ ပိုး မတွေ့တဲ့လူတွေကပဲ သေသေသွားတယ်။ သူက တုပ်ကွေးကိုမှ တိုက်ဖိုက်ဝင်သလိုမျိုး ရောဂါပြင်းတာပေါ့။ တချို့ ကျ တော့ ကျန်းမာရေးကောင်းနေရဲ့သားနဲ့ အိပ်နေရင်းနဲ့ သတိတွေ လစ်သလို ဖြစ်နေတာ။ အောက်စီဂျင်တွေကျနေတာ။ သိပ်မကြာဘူး။ ဆုံးသွားတာပဲ”ဟု ကလေးမြို့ခံတဦးက ပြောသည်။

ယခင်က ကိုဗစ်ဖြစ်ပါက ရောဂါအခံရှိသူ၊ သက်ကြီးရွယ်အိုများသာ စိုးရိမ်ရန် လိုအပ်သော်လည်း ယခုအခါ ကလေးမြို့တွင် ကူးစက်နေသည့် ကိုဗစ်မှာ လူငယ်လူရွယ်များပင် မခံနိုင်ဘဲ သေဆုံးနေကြောင်း မြို့ ခံများက ပြောသည်။

“အခုက လူငယ်တွေရော ဖြစ်နေတာ။ သန်သန်မာမာတွေပါ သေကုန်တာ။ အရင်က ကိုဗစ်ဆိုတာက အသက် အရမ်းကြီးတဲ့သူတို့၊ ရောဂါအခံ ရှိတဲ့သူတို့ပဲ ထိတာ။ ဒီအသွင်းပြောင်းပိုးက ကြောက်ဖို့ ကောင်းတယ်”ဟု မြို့ခံက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကလေးဆေးရုံသို့ အောက်စီဂျင်စက် ရောက်ရှိလာသော်လည်း မလည်ပတ်နိုင်သေးကြောင်း၊ ပရ ဟိတ အသင်းများ၏ အောက်စီဂျင်ဘူးများမှာလည်း လူနာများဆီရောက်သွားပြီးနောက် ပြန်မရတော့ကြောင်း၊ မလုံ လောက်သဖြင့် ယင်းဘူးများကို ဆက်သုံးနေရကြောင်း၊ တချို့မှ လူ ၄၊ ၅ ဦးစပ်၍ ဝယ်ယူထားကြသလို မဝယ်နိုင်သူ များလည်း ရှိကြောင်း သိရသည်။

ကလေးမြို့တွင် အောက်စီဂျင် ကူညီရေးအဖွဲ့များ ရှိပြီး ဆက်သွယ် ကူညီလိုပါက ရွှေညီကို အောက်စီဂျင် ကူညီရေးအဖွဲ့ ဖုန်း 09760875356၊ ကဖိုးတင် ဖုန်း 09794009500၊ 09265033550 တို့ဖြစ်ကြောင်း သိရသည်။