News

“အဖမ်းခံထားရတဲ့ သမီးဖြစ်သူ လွတ်မြောက်လာမည်ကို မျှော်ရင်း ဖခင်ဖြစ်သူ နှလုံးအောင့် သေဆုံ”

မြစ်ကြီးနားမှာ သမီးဖြစ်သူ လွတ်မြောက်လာမည်ကို မျှော်ရင်း ဖခင်ဖြစ်သူ နှလုံးအောင့် သေဆုံးခဲ့ရပါသည်

မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်မှာ နေထိုင်တဲ့အသက် (၆၆) နှစ်အရွယ် ဦးဇော်ဖန်ဟာ ဖမ်းဆီးခံထားရတဲ့ သမီးဖြစ်သူ မဘောက်ဂျာ လွတ်မြောက်လာမှာကို စောင့်မျှော်ရင်း ဇွန်လ ၃၀ရက် ညနေ လေးနာရီအချိန့်က နှလုံးအောင့်ပြီး သေဆုံးသွားတယ်လို့ မိသားစု၀င် တစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးထိန်းသိမ်းခဲ့ရသူ (၁၄၅) ဦးကို မနေ့ ဇွန်လ( ၃၀) ရက်နေ့မှာ စစ်ကောင်စီက လွှတ်ပေးခဲ့ရာမှာ လွတ်မြောက်ခြင်းမရှိခဲ့တဲ့ သမီးဖြစ်သူကို စောင့်မျှော်ရင်း သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အသက် (၃၀) အရွယ် မဘောက်ဂျာဟာ မေလ (၁၁) ရက်နေ့က အောင်မြင်သာအပန်းဖြေစခန်း သွားရင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၅၀၅- ကနဲ့ တရားစွဲဆို ခံထားရတာ ဖြစ်တယ်လို့လည်း မိသားစု၀င်တွေက ပြောပါတယ်။

Credit: (NUM)

ျမစ္ႀကီးနားမွာ သမီးျဖစ္သူ လြတ္ေျမာက္လာမည္ကို ေမွ်ာ္ရင္း ဖခင္ျဖစ္သူ ႏွလုံးေအာင့္ ေသဆုံးခဲ့ရပါသည္

ျမစ္ႀကီးနားၿမိဳ႕၊ လယ္ကုန္းရပ္ကြက္မွာ ေနထိုင္တဲ့အသက္ (၆၆) ႏွစ္အ႐ြယ္ ဦးေဇာ္ဖန္ဟာ ဖမ္းဆီးခံထားရတဲ့ သမီးျဖစ္သူ မေဘာက္ဂ်ာ လြတ္ေျမာက္လာမွာကို ေစာင့္ေမွ်ာ္ရင္း ဇြန္လ ၃၀ရက္ ညေန ေလးနာရီအခ်ိန္႔က ႏွလုံးေအာင့္ၿပီး ေသဆုံးသြားတယ္လို႔ မိသားစု၀င္ တစ္ဦးက ေျပာပါတယ္။

ျမစ္ႀကီးနားၿမိဳ႕မွာ စစ္အာဏာရွင္ ဆန႔္က်င္ဆႏၵျပရင္း ဖမ္းဆီးထိန္းသိမ္းခဲ့ရသူ (၁၄၅) ဦးကို မေန႔ ဇြန္လ( ၃၀) ရက္ေန႔မွာ စစ္ေကာင္စီက လႊတ္ေပးခဲ့ရာမွာ လြတ္ေျမာက္ျခင္းမရွိခဲ့တဲ့ သမီးျဖစ္သူကို ေစာင့္ေမွ်ာ္ရင္း ေသဆုံးခဲ့ရတာ ျဖစ္ပါတယ္။

အသက္ (၃၀) အ႐ြယ္ မေဘာက္ဂ်ာဟာ ေမလ (၁၁) ရက္ေန႔က ေအာင္ျမင္သာအပန္းေျဖစခန္း သြားရင္း ဖမ္းဆီးခံခဲ့ရတာျဖစ္ၿပီး ပုဒ္မ ၅၀၅- ကနဲ႔ တရားစြဲဆို ခံထားရတာ ျဖစ္တယ္လို႔လည္း မိသားစု၀င္ေတြက ေျပာပါတယ္။

Credit: (NUM)