News

“အကယ်ဒမီ(၇)ဆုပိုင်ရှင် မင်းသားကြီး ဦးညွန့်ဝင်း ကွယ်လွန်”

မြန်မာ့ရုပ်ရှင်လောကရဲ့ ဂန္တဝင် အနုပညာရှင် အကယ်ဒမီ(၇)ဆုပိုင်ရှင် ဦးညွန့်ဝင်း -အသက် (၈၁) ဟာ ယနေ့ ဇူလိုင်လ ၁ ရက် မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

အစားထိုးမရတဲ့ အနုပညာကြယ်ပွင့်ကြီး ကြွေလွှင့် သွားတဲ့ အတွက် ပရိသတ်တွေနဲ့ အတူ အထူးဝမ်းနည်းရပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

မင်းသားကြီး ညွှန့်ဝင်းက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်ဇာတ်ကားပေါင်း (၂၀၀) ကျော်ကို ရိုက်ကူးခဲ့ပြီး ခေတ်သုံးခေတ်တိုင်တိုင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

မင်းသားကြီး ညွှန့်ဝင်းက “ဗန်တိုလူလေးနဲ့သူဇာ”၊ “ချစ်သူဝိုင်းဝိုင်းလည်”၊ “တတိယအရွယ်၏ ဒုတိယဝေဒနာ”၊ “သီတာခုနှစ်တန်”၊ “သူ့ကျွန်မခံပြီ”၊ “ဆန်ရေ”၊ “လျှို့ဝှက်သောနှင်း” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီ (၇) ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ကောင်းရာသုဂတိလားပါစေ 😢😢😢🙏🙏🙏

Zawgyi




