Unicode
အမေ ဖြစ်သူက ကွယ်လွန်သွား ၊ အဖေဖြစ်သူကလဲ စိတ်ထိခိုက်ပြီး ရှုပ်သွပ်သွားတာကြောင့် ဘဝတစ်ခုလုံး မှောင်မိုက်သွားခဲ့ရတဲ့ ညီအကိုနှစ်ယောက်ရဲ့ ဝမ်းနည်းမျက်ရည်
ယခုကလေးငယ်နှစ်ဦး၏ ပင်ပန်းဆင်းရဲစွာ နေထိုင်နေရမှုသည် အခြားမြင်တွေ့သူများ အားလုံးကိုပင် ဝမ်းနည်းမျက်ရည်များ ကျသွားစေနိုင်ပေသည်။
ကလေးငယ်တို့ဟာ မိခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက်တွင် ဖခင်ဖြစ်သူမှာလည်း ဇနီူသည်ကို လွမ်းစွတ်လှသော စိတ်ဖြင့် ကျန်းမာရေးများထိခိုက်ကာ စိတ်ရောဂါ ဝေဒနာကို ခံစားသွားခဲ့ရပါတယ်။
ယခုအချိန်ဆိုလျှင် ကလေးငယ်နှစ်ဦးသည် ပင်ပန်းစွာဖြင့် ဘဝကို ဖြတ်သန်းလာခဲ့ရသည်မှာ ၅နှစ်မျှပင် ရှိနေခဲ့ပြီဖြစ်ပါတယ်။
ကလေးငယ်၏ ဖခင်ဟာ တစ်ခါတစ်လေတွင် အပြင်များကို မသိအောင်ထွက်သွားတတ်ပြီး လိုက်ရှာရသည့် အခါမျိုးတွင်လည်း ကလေးငယ်နှစ်ဦးဟာ နာကျင်စွာဖြင့် မျက်ရည်များဖြင့် လိုက်ရှာနေရတယ်လို့ သိရပါတယ်။
ကလေးငယ်နှစ်ဦး၏ ခက်ခဲလှစွာ ဖြတ်သန်းနေရသော ဘဝပုံရိပ်လေးတွေကို ဝမ်းနည်းစွာဖြင့် ခံစားမိပါတယ်။