ဗဟုသုတ

ဖမ်းဆီး လွတ်မြောက်လာတဲ့ သူတွေကို မဟုတ်တာတွေ ထပ်ပြောခိုင်းပြီး ဘဝသေအောင် ထပ်မလုပ်ဖို့ ပွင့်လင်းစွာပြောလာတဲ့ ရန်ရန်ချန်း

ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ရန်ရန်ချန်းကတော့ နွေဦးတော်လှန်ရေး တိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လုထုလှုပ်ရှားမှုတွေကို တတ်နိုင်တဲ့ ဘက်ကနေ ရဲရင့်တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူ တစ်ယောက် ဖြစ်ပါတယ် ။

ဒီလို တက်ကြွစွာ ပူးပေါင်း ပါဝင်ခဲ့တာကြောင့်လည်း အဆိုတော် ရန်ရန်ချန်းကို ပုဒ်မ၅၀၅(က) ဖြင့် တရားစွဲဆို ထားကြတာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ရန်ရန်ချန်း တစ်ယောက် အခုလို အခြေအနေတွေမှာ မိသားစုနဲ့ ခွဲခွာပြီ ဘေးကင်းလုံခြုံရာ နေရာမှာ တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

ဒီလို ခြိမ်းခြောက်ခံရတာတွေ ရှိနေပေမယ့်လည်း ဒီနေ့အထိ ပြည်သူတွေနဲ့ အတူရှိနေကာ သတင်းအချက်အလက်တွေ ကိုတော့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားဝေမျှပေးနေဆဲဖြစ်တာကြောင့် လေးစားမိတာ အမှန်ပါပဲနော် ။

ဒီနေ့ဆိုရင် ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားအချို့ကို ပြန်လည်လွှတ်ပေးခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ် ။

ဒီသတင်းနဲ့ ပတ်သက်ပြီး ရန်ရန်ချန်းက လွတ်မြောက်လာတဲ့ ညီအစ်ကို မောင်နှမတွေ အတွက် ဝမ်းသာမိကြောင်း နဲ့ လွတ်မြောက်လာသူတွေကိုတော့ မဟုတ်မမှန်တာတွေ ပြောခိုင်းပြီး ဘဝသေအောင် ထပ်မံမလုပ်ဖို့အကြောင်းကို ” ညီအကိုမောင်နှမတွေလွတ်မြောက်လာမယ်ကြားရတာဝမ်းသာပါတယ် ။

ပြီးရင်သာမဟုတ်မဟတ်တွေပြောခိုင်းပြီးဘဝသေအောင်မလုပ်ပါနဲ့ …..လွတ်မြောက်လာတဲ့သူတွေအနေနဲ့လည်းမပြောချင်ဘာမှဝင်မပြောပါနဲ့ ဒါပေမဲ့သူတို့လုပ်ဇာတ်တွေပြောခိုင်းရင်တော့ ” ခုလို ပွင့်လင်းစွာရေးသားဖော်ပြလာရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးရင်း ဖမ်းဆီးခံထားရသူတွေလည်း အကုန် လွတ်မြောက်ကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။