ဗဟုသုတ

အသဲကင္ဆာ ေဝဒနာရွင္မ်ား ယုံယုံၾကည္ၾကည္ သုံးစြဲလို႔ရတဲ့ အသဲကင္ဆာေပ်ာက္ေဆး

Zawgyi

အသဲကင္ဆာ ေဝဒနာရွင္မ်ား ယုံယုံၾကည္ၾကည္ သုံးစြဲလို႔ရတဲ့ အသဲကင္ဆာေပ်ာက္ေဆး

ဒီေဆးနည္းသိတာၾကာပါၿပီ။ ေဆးပင္ ဓါတ္ပုံမရွိတာနဲ႔ မေရးျဖစ္ခဲ့ဘူး။ ဓါတ္ပုံ ရျပန္ေတာ့လည္း အလုပ္မ်ားေနတာနဲ႔ မေရးျဖစ္ျပန္ဘူးေလ။တေလာက အမရပူရၿမိဳ႕၊ မဟာဂႏၶာ႐ုံေက်ာင္းတိုက္က သူငယ္ခ်င္း စာခ်ဘုန္းႀကီးတစ္ပါး အသဲကင္ဆာျဖစ္လို႔ ရန္ကုန္ေဆး႐ုံတက္တဲ့အေၾကာင္း သူ႔တပည့္ရဲ႕ FB မွာေတြ႕ရတယ္။ ဒီေဆးနည္းေလးေျပာျပလိုက္ပါလို႔ေတာ့ ေျပာမိရဲ႕။ ေျပာသလားေတာ့မသိ။

ယေန႔ေတာ့ ပ႒ာန္း သင္တန္းသူ တစ္ဦးရဲ႕ေဆြမ်ိဳးတစ္ဦး အသဲကင္ဆာ ျဖစ္ေနတယ္လို႔သိရျပန္တယ္။ သူ႔ေဆြးမ်ိဳးက ျမန္မာျပည္မွာပါ။အသဲကင္ဆာ ဆိုရင္ ေဆးနည္း ရွိတယ္လို႔ေျပာလိုက္မိတယ္။သူကအပူတျပင္းေတာင္းတယ္ေလ။ ခုလာယူရမလားတဲ့။ေဆးမရွိပါ။ ေဆးနည္း သာ သိထားတာပါ။ ေဆးကုတဲ့ဘုန္းႀကီးလည္း မဟုတ္ပါ။ ဒါေပမဲ့ တတ္ႏိုင္သေလာက္ေတာ့ ကူညီခ်င္တယ္ေပါ့။

ဒါေၾကာင့္ ဒီ ေဆးနည္း ကို မေရးမျဖစ္ေတာ့ အျမန္ေရးလိုက္ရတယ္။ ေရးျဖစ္ေအာင္တိုက္တြန္းေပးလို႔လဲ ေက်းဇူးတင္ရပါတယ္။ေဆးနည္းတို(ေဆးၿမီးတို)ဆိုေတာ့ လူေတြက သိပ္လည္းတန္ဖိုးမထားတတ္ၾကဘူးေလ။ ေဆးရဲ႕ကုန္က်စရိတ္တန္ဖိုးက သိပ္မရွိေတာ့ တန္ဖိုးမရွိသလိုထင္ၿပီး တန္ဖိုးမထားတတ္တာ ထင္ပါရဲ႕။

ဒါ့ေၾကာင့္ ဒီေဆးရဲ႕ သမိုင္းအက်ဥ္းေလးေျပာျပပါရေစ။ျမစ္ႀကီးနားၿမိဳ႕၊ ဝန္သိုစာသင္တိုက္က ဆရာေတာ္ႀကီး က သက္ေတာ္ ၉၀ ရွိပါၿပီ။ ႏိုင္ငံေတာ္ သံဃမဟာနက အဖြဲ႕မွ အနားယူေနတဲ့ ႏိုင္ငံေတာ္ ၾသဝါဒါစရိယဆရာေတာ္ႀကီးပါ။အဘိဓဇမဟာရ႒ဂု႐ု စတဲ့ ဘြဲ႕တံဆိတ္ မ်ားကိုလည္း ရရွိထားတဲ့ဆရာေတာ္ႀကီးပါ။ ဘြဲ႕ေတာ္က ဘဒၵႏၲ သီလဝံသ လို႔ထင္ပါတယ္။

ဆရာေတာ္ႀကီး မွာ ၂၀၁၃ ခုႏွစ္က အသဲကင္ဆာ ျဖစ္ပါတယ္။ ႏိုင္ငံေတာ္ရဲ႕ဆရာေတာ္ႀကီးျဖစ္လို႔မို႔ႏိုင္ငံေတာ္ အစိုးရက ရန္ကုန္ပင့္ၿပီး ကုသပါတယ္။ ေဆး႐ုံမွ သုံးလသာ ခံေတာ့မယ္လို႔ ဆုံးျဖတ္ေပးလိုက္ပါတယ္။ျမန္မာျပည္ မွာ မရရင္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ေဆး႐ုံေတြမွာ ရႏိုင္ေကာင္းရဲ႕ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ႏိုင္ငံေတာ္အစိုးရက ဘန္ေကာက္ကိုပို႔ၿပီး ကုသေပးခဲ့ပါတယ္။ ဘန္ေကာက္ေဆး႐ုံကလည္း ေရာဂါလြန္ေနၿပီးမို႔ သုံးလသာ ခံေတာ့မယ္လို႔ ဆုံးျဖတ္ေပးလိုက္ပါတယ္။

အားလုံးက လက္ေလွ်ာ့ၿပီး ဆရာေတာ္ႀကီးကို ျပန္ပင့္လာၾကတယ္။ ရန္ကုန္ေဆး႐ုံေတာင္မွ မထားေတာ့ပါဘူး။ ျမစ္ႀကီးနား ဝန္းသိုေက်ာင္းတိုက္အထိ ျပန္ပို႔ေပးၾကပါတယ္။အသက္ရွိေနတုန္းျပန္ပို႔တဲ့သေဘာေပါ့ေလ။ သယ္ယူတဲ့ဒုကၡေတြမမ်ားပဲ ဈာပနကိစၥေတြ စီစဥ္ႏိုင္ေအာင္လို႔ မူလေက်ာင္းအထိျပန္ပို႔လိုက္တယ္လို႔ ဆိုရမလိုပါပဲ။

သက္ေတာ္ကလည္း ၉၀။ ေရာဂါကလည္း ႂကြမ္းေနျပန္၊ ျဖစ္တာကလဲ သိပ္ႏုတဲ့ အသဲ(အသည္း)။ ေမွ်ာ္လင့္ခ်က္က သိပ္နည္းလြန္းေနၿပီေလ။တနည္းေတာ့လည္း သုံလအတြင္းမွာ စီစဥ္သင့္တာေတြစီစဥ္၊တပည့္ဒါယကာ ဒါယိကာမေတြလည္းအားရေအာင္ ဖူးေမွ်ာ္ရေအာင္ေပါ့။ခုလို႔ မူလေက်ာင္းျပန္ပို႔လိုက္တာလဲ သိပ္မွန္တယ္လို႔ဆိုရမွာပါ။ ေဆး႐ုံမွာထားရင္ ေဆး႐ုံမ်ားကေျပာသလို သုံးလျပည့္ရင္ ပ်ံလြန္ေတာ္မူမွာ ေသခ်ာသေလာက္ပါ။

ေက်ာင္းျပန္ေရာက္တဲ့အခါမွာ သစ္သီး သစ္႐ြက္ ေဆးနည္း ကိုမွီဝဲ သုံးေဆာင္ေတာ္မူပါတယ္။ တစ္လေလာက္ေသာက္ၿပီးတဲ့အခါ အေတာ္ေလးက်န္းမာလာတယ္။ အစားအေသာက္ေတြလည္း ျပန္ေကာင္းလာတယ္။ အသားအေရေတြလည္း ျပန္ၿပီး စိုေျပလာတယ္။ျမန္မာေဆးေလးကိုေသာက္ၿပီး သုံးလဆိုတဲ့ ေန႔ေလးကိုေစာင့္ေနခဲ့တယ္။

သုံးလျပည့္ေတာ့လည္း လန္းလန္းဆန္းဆန္း၊ ပိုလို႔ေတာင္ က်န္းမာလာပါတယ္။သုံးလေက်ာ္ ေလးလစြန္းေတာ့ အေျခအေနသိရေအာင္လို႔ ရန္ကုန္ေဆး႐ုံကို ျပန္ၿပီး စစ္ေဆးပါတယ္။အေျဖက- အသဲကင္ဆာ မရွိေတာ့ပါ တဲ့။သုံးလ ဆရာေတာ္ႀကီး ဟာ ယခုဆို ၂-ႏွစ္ေက်ာ္လို႔ သုံးႏွစ္ေတာင္ျပည့္ပါေတာ့မယ္။ က်န္းက်န္းမာမာနဲ႔ ျမစ္ႀကီးနားၿမိဳ႕၊ ဝန္းသို​ေက်ာင္းတိုက္မွာ သီတင္းသုံးေတာ္မူလွ်က္ပါ။(လြန္ခဲ့တဲ့ ၇-ႏွစ္ေလာက္က စာေရးသူ ျမတ္ပ႒ာန္း ျမစ္ႀကီးနားေရာက္စဥ္က ဖူးေျမာ္ခြင့္ရခဲ့ပါတယ္။ အလြန္ၾကည္ညိဳစရာေကာင္းတဲ့အျပင္ ခင္မင္စရာ ခ်စ္ခင္စရာေကာင္းလွပါတယ္။)

ဆရာေတာ္ႀကီး သုံးစြဲတဲ့ ေဆးမွာ –

(၁} နံနက္ပိုင္းမွာ ကၫြတ္ပင္ သတၳဳရည္ (အပင္ကိုထုေထာင္းၿပီးအရည္ညႇစ္တယ္)၎အရည္ တစ္ဖန္ခြက္ တိုက္ပါတယ္။

(၂) ေန႔လည္မွာ ေျမေရွာက္ဆီးျဖဴ (ေတာဆီးျဖဴ လို႔လည္းေခၚတယ္)၎အပင္ ပၪၥငါးပါး (တပင္လုံး)ကို သုံးခြက္ တစ္ခြက္ ႀကိဳ ၿပီး တစ္ဖန္ခြက္ တိုက္ပါတယ္။

(၃) ညေနမွာ မင္းကြတ္သီး ကို အညႇာမွတပါး အားလုံးကို ႀကိတ္ေျခၿပီး ဟင္းစားဇြန္းႀကီး တစ္ဇြန္းတိုက္ပါတယ္။ (မင္းကြတ္သီးကို ႀကိတ္ၿပီး ထန္းလ်က္အနည္းငယ္ႏွင့္ က်ိဳ ။ ေရခဲေသတၱာ မွာသိမ္းပါက အဆင္ေျပတယ္။ မက်ိဳက မႈိတက္တယ္။)

ဒီ ေဆးသုံးမ်ိဳးကို ေန႔စဥ္တိုက္ပါတယ္။ဆရာေတာ္ႀကီး ၏ အနီးေန တပည့္ႀကီး ဦးေကတုမာလာ(ျမစ္ႀကီးနားဆရာေတာ္) ေျပာျပ၍ သိရျခင္းပါ။ လက္ေတြ႕ေဆးနည္းပါ။(ေဆးပစၥည္း အပင္ အသီးမ်ားကိုလည္း ပူးတြဲေဖၚျပထားပါတယ္။)အသဲကင္ဆာ ေဝဒနာရွင္မ်ား ယုံယုံၾကည္ၾကည္ သုံးစြဲၿပီး ေပ်ာက္ကင္းၾကပါေစလို႔ ေစတနာ ေမတၱာျဖင့္ ဆုေတာင္းပတၳနာ ျပဳလိုက္ပါတယ္။ေဆးနည္းကုသိုလ္ေၾကာင့္ မအို မနာ မေသရာ “အမတ” ကို အျမန္ရ ရပါလို၏။

က်မ္းမာေသာဘဝကို ပိုင္ဆိုင္ၾကပါေစ

Unicode

အသဲကင်ဆာ ဝေဒနာရှင်များ ယုံယုံကြည်ကြည် သုံးစွဲလို့ရတဲ့ အသဲကင်ဆာပျောက်ဆေး

ဒီဆေးနည်းသိတာကြာပါပြီ။ ဆေးပင် ဓါတ်ပုံမရှိတာနဲ့ မရေးဖြစ်ခဲ့ဘူး။ ဓါတ်ပုံ ရပြန်တော့လည်း အလုပ်များနေတာနဲ့ မရေးဖြစ်ပြန်ဘူးလေ။တလောက အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်က သူငယ်ချင်း စာချဘုန်းကြီးတစ်ပါး အသဲကင်ဆာဖြစ်လို့ ရန်ကုန်ဆေးရုံတက်တဲ့အကြောင်း သူ့တပည့်ရဲ့ FB မှာတွေ့ရတယ်။ ဒီဆေးနည်းလေးပြောပြလိုက်ပါလို့တော့ ပြောမိရဲ့။ ပြောသလားတော့မသိ။

ယနေ့တော့ ပဋ္ဌာန်း သင်တန်းသူ တစ်ဦးရဲ့ဆွေမျိုးတစ်ဦး အသဲကင်ဆာ ဖြစ်နေတယ်လို့သိရပြန်တယ်။ သူ့ဆွေးမျိုးက မြန်မာပြည်မှာပါ။အသဲကင်ဆာ ဆိုရင် ဆေးနည်း ရှိတယ်လို့ပြောလိုက်မိတယ်။သူကအပူတပြင်းတောင်းတယ်လေ။ ခုလာယူရမလားတဲ့။ဆေးမရှိပါ။ ဆေးနည်း သာ သိထားတာပါ။ ဆေးကုတဲ့ဘုန်းကြီးလည်း မဟုတ်ပါ။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ ကူညီချင်တယ်ပေါ့။

ဒါကြောင့် ဒီ ဆေးနည်း ကို မရေးမဖြစ်တော့ အမြန်ရေးလိုက်ရတယ်။ ရေးဖြစ်အောင်တိုက်တွန်းပေးလို့လဲ ကျေးဇူးတင်ရပါတယ်။ဆေးနည်းတို(ဆေးမြီးတို)ဆိုတော့ လူတွေက သိပ်လည်းတန်ဖိုးမထားတတ်ကြဘူးလေ။ ဆေးရဲ့ကုန်ကျစရိတ်တန်ဖိုးက သိပ်မရှိတော့ တန်ဖိုးမရှိသလိုထင်ပြီး တန်ဖိုးမထားတတ်တာ ထင်ပါရဲ့။

ဒါ့ကြောင့် ဒီဆေးရဲ့ သမိုင်းအကျဉ်းလေးပြောပြပါရစေ။မြစ်ကြီးနားမြို့၊ ဝန်သိုစာသင်တိုက်က ဆရာတော်ကြီး က သက်တော် ၉၀ ရှိပါပြီ။ နိုင်ငံတော် သံဃမဟာနက အဖွဲ့မှ အနားယူနေတဲ့ နိုင်ငံတော် သြဝါဒါစရိယဆရာတော်ကြီးပါ။အဘိဓဇမဟာရဋ္ဌဂုရု စတဲ့ ဘွဲ့တံဆိတ် များကိုလည်း ရရှိထားတဲ့ဆရာတော်ကြီးပါ။ ဘွဲ့တော်က ဘဒ္ဒန္တ သီလဝံသ လို့ထင်ပါတယ်။

ဆရာတော်ကြီး မှာ ၂၀၁၃ ခုနှစ်က အသဲကင်ဆာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ဆရာတော်ကြီးဖြစ်လို့မို့နိုင်ငံတော် အစိုးရက ရန်ကုန်ပင့်ပြီး ကုသပါတယ်။ ဆေးရုံမှ သုံးလသာ ခံတော့မယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။မြန်မာပြည် မှာ မရရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆေးရုံတွေမှာ ရနိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့နိုင်ငံတော်အစိုးရက ဘန်ကောက်ကိုပို့ပြီး ကုသပေးခဲ့ပါတယ်။ ဘန်ကောက်ဆေးရုံကလည်း ရောဂါလွန်နေပြီးမို့ သုံးလသာ ခံတော့မယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။

အားလုံးက လက်လျှော့ပြီး ဆရာတော်ကြီးကို ပြန်ပင့်လာကြတယ်။ ရန်ကုန်ဆေးရုံတောင်မှ မထားတော့ပါဘူး။ မြစ်ကြီးနား ဝန်းသိုကျောင်းတိုက်အထိ ပြန်ပို့ပေးကြပါတယ်။အသက်ရှိနေတုန်းပြန်ပို့တဲ့သဘောပေါ့လေ။ သယ်ယူတဲ့ဒုက္ခတွေမများပဲ ဈာပနကိစ္စတွေ စီစဉ်နိုင်အောင်လို့ မူလကျောင်းအထိပြန်ပို့လိုက်တယ်လို့ ဆိုရမလိုပါပဲ။

သက်တော်ကလည်း ၉၀။ ရောဂါကလည်း ကြွမ်းနေပြန်၊ ဖြစ်တာကလဲ သိပ်နုတဲ့ အသဲ(အသည်း)။ မျှော်လင့်ချက်က သိပ်နည်းလွန်းနေပြီလေ။တနည်းတော့လည်း သုံလအတွင်းမှာ စီစဉ်သင့်တာတွေစီစဉ်၊တပည့်ဒါယကာ ဒါယိကာမတွေလည်းအားရအောင် ဖူးမျှော်ရအောင်ပေါ့။ခုလို့ မူလကျောင်းပြန်ပို့လိုက်တာလဲ သိပ်မှန်တယ်လို့ဆိုရမှာပါ။ ဆေးရုံမှာထားရင် ဆေးရုံများကပြောသလို သုံးလပြည့်ရင် ပျံလွန်တော်မူမှာ သေချာသလောက်ပါ။

ကျောင်းပြန်ရောက်တဲ့အခါမှာ သစ်သီး သစ်ရွက် ဆေးနည်း ကိုမှီဝဲ သုံးဆောင်တော်မူပါတယ်။ တစ်လလောက်သောက်ပြီးတဲ့အခါ အတော်လေးကျန်းမာလာတယ်။ အစားအသောက်တွေလည်း ပြန်ကောင်းလာတယ်။ အသားအရေတွေလည်း ပြန်ပြီး စိုပြေလာတယ်။မြန်မာဆေးလေးကိုသောက်ပြီး သုံးလဆိုတဲ့ နေ့လေးကိုစောင့်နေခဲ့တယ်။

သုံးလပြည့်တော့လည်း လန်းလန်းဆန်းဆန်း၊ ပိုလို့တောင် ကျန်းမာလာပါတယ်။သုံးလကျော် လေးလစွန်းတော့ အခြေအနေသိရအောင်လို့ ရန်ကုန်ဆေးရုံကို ပြန်ပြီး စစ်ဆေးပါတယ်။အဖြေက- အသဲကင်ဆာ မရှိတော့ပါ တဲ့။သုံးလ ဆရာတော်ကြီး ဟာ ယခုဆို ၂-နှစ်ကျော်လို့ သုံးနှစ်တောင်ပြည့်ပါတော့မယ်။ ကျန်းကျန်းမာမာနဲ့ မြစ်ကြီးနားမြို့၊ ဝန်းသိုကျောင်းတိုက်မှာ သီတင်းသုံးတော်မူလျှက်ပါ။(လွန်ခဲ့တဲ့ ၇-နှစ်လောက်က စာရေးသူ မြတ်ပဋ္ဌာန်း မြစ်ကြီးနားရောက်စဉ်က ဖူးမြော်ခွင့်ရခဲ့ပါတယ်။ အလွန်ကြည်ညိုစရာကောင်းတဲ့အပြင် ခင်မင်စရာ ချစ်ခင်စရာကောင်းလှပါတယ်။)

ဆရာတော်ကြီး သုံးစွဲတဲ့ ဆေးမှာ –

(၁} နံနက်ပိုင်းမှာ ကညွတ်ပင် သတ္ထုရည် (အပင်ကိုထုထောင်းပြီးအရည်ညှစ်တယ်)၎င်းအရည် တစ်ဖန်ခွက် တိုက်ပါတယ်။

(၂) နေ့လည်မှာ မြေရှောက်ဆီးဖြူ (တောဆီးဖြူ လို့လည်းခေါ်တယ်)၎င်းအပင် ပဉ္စငါးပါး (တပင်လုံး)ကို သုံးခွက် တစ်ခွက် ကြို ပြီး တစ်ဖန်ခွက် တိုက်ပါတယ်။

(၃) ညနေမှာ မင်းကွတ်သီး ကို အညှာမှတပါး အားလုံးကို ကြိတ်ခြေပြီး ဟင်းစားဇွန်းကြီး တစ်ဇွန်းတိုက်ပါတယ်။ (မင်းကွတ်သီးကို ကြိတ်ပြီး ထန်းလျက်အနည်းငယ်နှင့် ကျို ။ ရေခဲသေတ္တာ မှာသိမ်းပါက အဆင်ပြေတယ်။ မကျိုက မှိုတက်တယ်။)

ဒီ ဆေးသုံးမျိုးကို နေ့စဉ်တိုက်ပါတယ်။ဆရာတော်ကြီး ၏ အနီးနေ တပည့်ကြီး ဦးကေတုမာလာ(မြစ်ကြီးနားဆရာတော်) ပြောပြ၍ သိရခြင်းပါ။ လက်တွေ့ဆေးနည်းပါ။(ဆေးပစ္စည်း အပင် အသီးများကိုလည်း ပူးတွဲဖေါ်ပြထားပါတယ်။)အသဲကင်ဆာ ဝေဒနာရှင်များ ယုံယုံကြည်ကြည် သုံးစွဲပြီး ပျောက်ကင်းကြပါစေလို့ စေတနာ မေတ္တာဖြင့် ဆုတောင်းပတ္ထနာ ပြုလိုက်ပါတယ်။ဆေးနည်းကုသိုလ်ကြောင့် မအို မနာ မသေရာ “အမတ” ကို အမြန်ရ ရပါလို၏။

ကျမ်းမာသောဘဝကို ပိုင်ဆိုင်ကြပါစေ