ဗဟုသုတ

ကိုဗစ္နဲ ့ပတ္သက္လို ့ေဒၚေအာင္ဆန္းစုၾကည္ ေရွ႕ေနမ်ားမွတဆင့္ အေလးထားမွာၾကား

Zawgyi

ကိုဗစ္နဲ ့ပတ္သက္လို ့ေဒၚေအာင္ဆန္းစုၾကည္ ေရွ႕ေနမ်ားမွတဆင့္ အေလးထားမွာၾကား

ကိုဗစ္ကို အထူးဂ႐ုစိုက္ၾကဖို့ ေဒၚေအာင္ဆန္းစုၾကည္က ျပည္သူမ်ားအား သူမ၏ေရွ႕ေနမ်ားမွတဆင့္ ယေန႔တြင္ အေလးထားမွာၾကားလိုက္သည္ဟုသိရသည္။

သူမ၏ေရွ႕ေနမ်ားႏွင့္ ယေန႔ မိနစ္၂၀ၾကာေတြ႕ဆုံစဥ္ အထက္ပါအတိုင္းတိုက္တြန္းခဲ့ျခင္းျဖစ္သည္။

“အေမက ကိုဗစ္နဲ႔ ပတ္သက္ၿပီးေတာ့မွ အကုန္လုံးကို ဂ႐ုတစိုက္ေနၾကဖို့ အထူးမွာပါတယ္ရွင့္ ျပည္သူေတြအတြက္ကို။ ကိုဗစ္နဲ႔ ပတ္သက္ၿပီး အရမ္းလည္းစိတ္ပူေနပါတယ္။

တစ္နိုင္ငံလုံးအတိုင္းအတာမွာ ကိုဗစ္ဘယ္လိုျဖစ္ေနၿပီလဲဆိုတဲ့ အေနအထားရယ္ ဒီေနျပည္ေတာ္ရဲ့ ကိုဗစ္အေျခအေနရယ္ သူ သိခ်င္လို့ ေမးတာရွိပါတယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္၏ေရွ႕ေနျဖစ္သူ ေဒၚမင္းမင္းစိုးကဆိုသည္။

ယေန႔တြင္ ေနျပည္ေတာ္ရွိ အထူးတရား႐ုံးတြင္ သမၼတဦးဝင္းျမင့္ႏွင့္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစြဲဆိုထားေသာ အမွုမ်ားထဲမွ အမွုအခ်ိဳ့၏ တရားလိုျပသက္ေသ အခ်ိဳ့အား ႐ုံးေတာ္က စစ္ေမးမွုျပဳလုပ္ခဲ့သည္။

Unicode

ကိုဗစ်နဲ့ပတ်သက်လို့ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများမှတဆင့် အလေးထားမှာကြား

ကိုဗစ်ကို အထူးဂရုစိုက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား သူမ၏ရှေ့နေများမှတဆင့် ယနေ့တွင် အလေးထားမှာကြားလိုက်သည်ဟုသိရသည်။

သူမ၏ရှေ့နေများနှင့် ယနေ့ မိနစ်၂၀ကြာတွေ့ဆုံစဉ် အထက်ပါအတိုင်းတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“အမေက ကိုဗစ်နဲ့ ပတ်သက်ပြီးတော့မှ အကုန်လုံးကို ဂရုတစိုက်နေကြဖို့ အထူးမှာပါတယ်ရှင့် ပြည်သူတွေအတွက်ကို။ ကိုဗစ်နဲ့ ပတ်သက်ပြီး အရမ်းလည်းစိတ်ပူနေပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာမှာ ကိုဗစ်ဘယ်လိုဖြစ်နေပြီလဲဆိုတဲ့ အနေအထားရယ် ဒီနေပြည်တော်ရဲ့ ကိုဗစ်အခြေအနေရယ် သူ သိချင်လို့ မေးတာရှိပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးကဆိုသည်။

ယနေ့တွင် နေပြည်တော်ရှိ အထူးတရားရုံးတွင် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားသော အမှုများထဲမှ အမှုအချို့၏ တရားလိုပြသက်သေ အချို့အား ရုံးတော်က စစ်မေးမှုပြုလုပ်ခဲ့သည်။