သင့္ရဲ႕ တစ္ေန႔တာကံေကာင္းဖို႔အတြက္ မိုးလင္းတာနဲ႔ျပဳ လုပ္ရမယ့္ ဘုရားရွိခိုးနည္း
ဘုရားရွိခိုး တာ ဘုရား ဂုဏ္ေတာ္ ပြားတာေမတၱာပို႔တာ ထြက္ေလဝင္ေလ စူးစိုက္ၿပီးမွငါးမိနစ္ဆယ္မိနစ္ တရားထိုင္တာဟာက်န္းမာေရးလဲရစိတ္ခြန္အားလဲေကာင္းစိ တ္ႀကံခိုင္ေရး လဲတိုးတယ္။ကိုယ္ခႏၶာ ခြန္အားတိုးတက္ ကိုယ္ခႏၶာ ႀကံခိုင္ေရး လဲတိုးတက္အကုန္လုံးအေကာင္းေတြခ်ည္းပါပဲ။
ဘုရားရွိခိုး ပူေဇာ္ရေသာအက်ိဳး ရွစ္ပါး။ (၁) သြားေလရာရာေရာက္ေလရာအရပ္ ၁၀မ်က္ႏွာတို႔၌ အပူေဇာ္အခ်ီးေျမႇာက္ကိုခံရျခင္း။(၂) သြက္သြက္လက္လက္ႏွင့္ထက္ျမတ္ေသာဉာဏ္ပညာ ကိုရရွိျခင္း။ (၃) ကိုယ့္အလိုလိုက္ၿပီးကိုယ့္အႀကိဳက္ကိုသာလုပ္ကိုင္ေပးၾကေသာအေႁခြအရံပရိသတ္ႏွင့္ျပည့္စုံရျခင္း။
(၄) မေရ မတြက္ႏိုင္ေသာ စည္းစိမ္ ခ်မ္းသာႏွင့္ ျပည့္စုံျခင္း။(၅) ဘဝတိုင္း ဘဝတိုင္း အဆင္း႐ုပ္ရည္လွပျခင္း။ (၆)ကိုယ္လွ စိတ္လွ အတြင္းအျပင္ လွပ သည့္ အတြက္ အမ်ား ၏ႏွစ္သက္ျခင္း ကို ခံယူရျခင္း။(၇)မိတ္ေဆြအ ေပါင္းအသင္းတို႔၏ခ်စ္ခင္႐ိုေသေလးစားမႈခိုင္ၿမဲျခင္း။
(၈) ေကာင္းျမတ္ေသာ သီတင္းေက်ာ္ေစာ ပ်ံ႕ႏွံ႔ျခင္း။ ဤ၈ပါးေသာ အက်ိဳးတို႔ကိုဆုေတာင္း ပတၱနာမျပဳရဘဲ ဆုမေတာင္း ရဘဲ ျပည့္စုံ ရသည္ဟု( တိႆရဏဂမနိယေတၳရ အပါဒါန္ )ပါဠိေတာ္မွာ လာသည္ ။ ယုံယုံၾကည္ၾကည္ႏွင့္ ေန႔စဥ္မွန္မွန္ႀကိဳးစား၍ရွိခိုးၾကပါ၊ ပူေဇာ္ၾကပါ၊ က်န္းမာ ခ်မ္းသာၾကပါေစ။ မပ်င္းၾကနဲ႔ေနာ္။
Unicode
သင့်ရဲ့ တစ်နေ့တာကံကောင်းဖို့အတွက် မိုးလင်းတာနဲ့ပြု လုပ်ရမယ့် ဘုရားရှိခိုးနည်း
ဘုရားရှိခိုး တာ ဘုရား ဂုဏ်တော် ပွားတာမေတ္တာပို့တာ ထွက်လေဝင်လေ စူးစိုက်ပြီးမှငါးမိနစ်ဆယ်မိနစ် တရားထိုင်တာဟာကျန်းမာရေးလဲရစိတ်ခွန်အားလဲကောင်းစိ တ်ကြံခိုင်ရေး လဲတိုးတယ်။ကိုယ်ခန္ဓာ ခွန်အားတိုးတက် ကိုယ်ခန္ဓာ ကြံခိုင်ရေး လဲတိုးတက်အကုန်လုံးအကောင်းတွေချည်းပါပဲ။
ဘုရားရှိခိုး ပူဇော်ရသောအကျိုး ရှစ်ပါး။ (၁) သွားလေရာရာရောက်လေရာအရပ် ၁၀မျက်နှာတို့၌ အပူဇော်အချီးမြှောက်ကိုခံရခြင်း။(၂) သွက်သွက်လက်လက်နှင့်ထက်မြတ်သောဉာဏ်ပညာ ကိုရရှိခြင်း။ (၃) ကိုယ့်အလိုလိုက်ပြီးကိုယ့်အကြိုက်ကိုသာလုပ်ကိုင်ပေးကြသောအခြွေအရံပရိသတ်နှင့်ပြည့်စုံရခြင်း။
(၄) မရေ မတွက်နိုင်သော စည်းစိမ် ချမ်းသာနှင့် ပြည့်စုံခြင်း။(၅) ဘဝတိုင်း ဘဝတိုင်း အဆင်းရုပ်ရည်လှပခြင်း။ (၆)ကိုယ်လှ စိတ်လှ အတွင်းအပြင် လှပ သည့် အတွက် အများ ၏နှစ်သက်ခြင်း ကို ခံယူရခြင်း။(၇)မိတ်ဆွေအ ပေါင်းအသင်းတို့၏ချစ်ခင်ရိုသေလေးစားမှုခိုင်မြဲခြင်း။
(၈) ကောင်းမြတ်သော သီတင်းကျော်စော ပျံ့နှံ့ခြင်း။ ဤ၈ပါးသော အကျိုးတို့ကိုဆုတောင်း ပတ္တနာမပြုရဘဲ ဆုမတောင်း ရဘဲ ပြည့်စုံ ရသည်ဟု( တိဿရဏဂမနိယတ္ထေရ အပါဒါန် )ပါဠိတော်မှာ လာသည် ။ ယုံယုံကြည်ကြည်နှင့် နေ့စဉ်မှန်မှန်ကြိုးစား၍ရှိခိုးကြပါ၊ ပူဇော်ကြပါ၊ ကျန်းမာ ချမ်းသာကြပါစေ။ မပျင်းကြနဲ့နော်။