ဗဟုသုတ

အိမ်မှာ ပိုးဟပ်၊ယင်ကောင်တွေ များပြီ ပုရွက်ဆိတ်တွေ တက်နေရင်…

အိမ်တွင်းက အင်းဆက်ပိုးမွှားတွေကို ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ပိုးသတ်ဆေးတွေရဲ့ အကူအညီနဲ့ နှိမ်နှင်း နိုင်တယ်ဆိုပေမယ့် ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ပိုးသတ်ဆေးတွေကို ရေရှည်အသုံးပြုမယ် ဆိုရင် ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့်မို့လို့ အင်းဆက်ပိုးမွှားတွေကို သဘာဝပစ္စည်းတွေ အသုံးပြုပြီး နှိမ်နင်းနိုင်မယ့် နည်းလမ်းကောင်းတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) ပုရွက်ဆိတ် ။ မီးဖိုချောင်၊ ထမင်းစားပွဲနဲ့ အိမ်ရဲ့နေရာအနှံ့မှာ တွေ့ရတတ်တဲ့ ပုရွက်ဆိတ်တွေကိုတော့ သူတို့ လာတတ်တဲ့ နေရာတဝိုက်မှာ သခွားသီး စိတ်လေးတွေ ထားပေးခြင်းအားဖြင့် ဝေးဝေးပြေးစေနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် နည်းလမ်းကောင်းတခုကတော့ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်ကို ပုရွက်ဆိတ်တွေရှိတဲ့ နေရာတဝိုက်မှာ ဖြူးပေးထားခြင်း အားဖြင့်လည်း နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၂) ပိုးဟပ် ။ ပိုးဟပ်တွေက အန္တရာယ်များတဲ့ ကူးစက်ရောဂါတွေကို သယ်ယူလာနိုင်တဲ့ အင်းဆက်တမျိုး ဖြစ်တာကြောင့်အထူး သတိထားသင့်ပါတယ်။

သခွားသီးစိတ်လေးတွေကို ပိုးဟပ်တွေ လာတတ်တဲ့နေရာတွေမှာ ထားပေးခြင်းအားဖြင့် နှိမ်နင်းနိုင်သလို ပိုးဟပ်တွေရှိတဲ့ နေရာ တဝိုက်ကို ဆပ်ပြာ အရည်ဖျော်ပြီး လောင်းချပေးခြင်းအားဖြင့်လည်း နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၃) ဆန္ပိုး ။ ဆန်ပုံးထဲက ဆန်တွေ ခဏခဏ ပိုးတက်လို့ စိတ်ညစ်နေရတဲ့ အိမ်ရှင်မတွေ အနေနဲ့ ဆန်ပုံးထဲကို လေးညှင်းပွင့် ဒါမှမဟုတ် ကရဝေးရွက်တို့ကို ထည့်ပြီး နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၄) ယင်ကောင် ။ အစားအစာတွေမှာ နားတတ်တဲ့ ယင်ကောင်တွေဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိလှတဲ့ အင်းဆက်တမျိုး ဖြစ်ပြီး ယင်ကောင်တွေကို နှိမ်နင်းနိုင်ဖို့ နည်းလမ်းကောင်းကတော့ ယူကလစ်ဆီအနည်းငယ်ကိုချည်ထည် အဝတ်စတခုပေါ်မှာ အနည်းငယ် အစက်ချ ထည့်ပေးပြီး ယင်ကောင်တွေ ရှိတဲ့ နေရာတဝိုက်မှာ ထားပေးခြင်းအားဖြင့် နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

Zawgyi ဖြင့်ဖတ်ပါ

အိမ်တွင်းက အင်းဆက်ပိုးမွှားတွေကို ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ပိုးသတ်ဆေးတွေရဲ့ အကူအညီနဲ့ နှိမ်နှင်း နိုင်တယ်ဆိုပေမယ့် ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ပိုးသတ်ဆေးတွေကို ရေရှည်အသုံးပြုမယ် ဆိုရင် ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့်မို့လို့ အင်းဆက်ပိုးမွှားတွေကို သဘာဝပစ္စည်းတွေ အသုံးပြုပြီး နှိမ်နင်းနိုင်မယ့် နည်းလမ်းကောင်းတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) ပုရွက်ဆိတ် ။ မီးဖိုချောင်၊ ထမင်းစားပွဲနဲ့ အိမ်ရဲ့နေရာအနှံ့မှာ တွေ့ရတတ်တဲ့ ပုရွက်ဆိတ်တွေကိုတော့ သူတို့ လာတတ်တဲ့ နေရာတဝိုက်မှာ သခြားသီး စိတ်လေးတွေ ထားပေးခြင်းအားဖြင့် ဝေးဝေးပြေးစေနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် နည်းလမ်းကောင်းတခုကတော့ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်ကို ပုရွက်ဆိတ်တွေရှိတဲ့ နေရာတဝိုက်မှာ ဖြူးပေးထားခြင်း အားဖြင့်လည်း နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၂) ပိုးဟပ် ။ ပိုးဟပ်တွေက အန္တရာယ်များတဲ့ ကူးစက်ရောဂါတွေကို သယ်ယူလာနိုင်တဲ့ အင်းဆက်တမျိုး ဖြစ်တာကြောင့်အထူး သတိထားသင့်ပါတယ်။

သခွားသီးစိတ်လေးတွေကို ပိုးဟပ်တွေ လာတတ်တဲ့နေရာတွေမှာ ထားပေးခြင်းအားဖြင့် နှိမ်နင်းနိုင်သလို ပိုးဟပ်တွေရှိတဲ့ နေရာ တဝိုက္ကို ဆပ်ပြာ အရည်ဖျော်ပြီး လောင်းချပေးခြင်းအားဖြင့်လည်း နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၃) ဆန္ပိုး ။ ဆန္ပုံးထဲက ဆန်တွေ ခဏခဏ ပိုးတက်လို့ စိတ်ညစ်နေရတဲ့ အိမ်ရှင်မတွေ အနေနဲ့ ဆန္ပုံးထဲကို လေးညှင်းပွင့် ဒါမှမဟုတ် ကရဝေးရွက်တို့ကို ထည့်ပြီး နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၄) ယင်ကောင် ။ အစားအစာတွေမှာ နားတတ်တဲ့ ယင်ကောင်တွေဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိလှတဲ့ အင်းဆက်တမျိုး ဖြစ်ပြီး ယင်ကောင်တွေကို နှိမ်နင်းနိုင်ဖို့ နည်းလမ်းကောင်းကတော့ ယူကလစ်ဆီအနည်းငယ်ကိုချည်ထည် အဝတ်စတခုပေါ်မှာ အနည်းငယ် အစက္ခ် ထည့်ပေးပြီး ယင်ကောင်တွေ ရွိတဲ့ နေရာတဝိုက်မှာ ထားပေးခြင်းအားဖြင့် နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။