ဗဟုသုတ

မအလ တွေ ဂျင်းထည့်ပြီး ရုပ်ရှင်ရိုက်နေတာတွေ ဖော်ကောင်လုပ်ပြီး ခွီးပြနေတဲ့ ပန်ဆယ်လို

မအလ တွေ ဂျင်းထည့်ပြီး ရုပ်ရှင်ရိုက်နေတာတွေ ဖော်ကောင်လုပ်ပြီး ခွီးပြနေတဲ့ ပန်ဆယ်လို

(ဖမ်းဆီးမှု ရပ်သံဖိုင်ကို အောက်တွင် ကြည့်ရှုနိုင်ပါသည်)

မကြောက်နဲ့ မကြောက်နဲ့ ငြိမ်ငြိမ်နေလို့ တုံးညှက်သံနဲ့ အော်နေတဲ့ တစ်ယောက်က

ဟိုခြေသလုံးအိမ်တိုင်မများလားပဲ။

ရုပ်ရှင်ရိုက်ချင်နေတာပြာလို့ဆိုတော့ ရရာအခန်းလေး ဝင်ရိုက်ရရှာတာများလား။

လက်ဖက်ရည်ဆိုင်က PDF တွေကို စတန်းဒတ်အာမီကြီးက ဝင်ရောက်စီးနင်းတယ်ဆိုပြီးရုပ်ရှင်ရိုက်မှ ထုတ်သုံးရတာမျိုး။

PDF ကပါဆိုတဲ့ဟာတွေကလည်း Mask အမည်းကိုယ်စီနဲ့

မင်းဂွတ်သီး ကီးချိန်းလေးတောင် ပါကင်ပိတ်ပြီး ယူလာသေးတာ။

အောင်မယ်… ထိုင်ဆိုတော့ တန်းထိုင်တာ ပုံစံထိုင်နော်။

ရုပ်ရှင်ရိုက်ဖို့ ထောင်ထဲက ခဏခေါ်လာတာမျိုး။

ဆောရီးဖော် မသေမသပ်စခတွေ သေသေသပ်သပ်လုပ်နိုင်တာ တိုက်တိုင်းသေတာပဲ ရှိတယ်။

ကြိုးစားပြီးကြောက်ပေးတာပဲ

ဟီ

ခွီမိတာ ဆောဒီးနော်။

😁

ပန်ဆယ်လို

မန္တလေးတွင် လက်ဖက်ရည်ဆိုင်၌ PDF များ ဖမ်းဆီးနေပုံ ဇာတ်လမ်းဆင်ရိုက်

မန္တလေးမြို့ရှိ လက်ဖက်ရည်တစ်ခု၌ PDF အဖွဲ့များကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇာတ်လမ်းဆင် ရိုက်ကူးခဲ့ဟု ဒေသခံများ ထံမှ သိရသည်။

ယနေ့ ဇွန်လ ၂၆ရက် နေ့လည်ပိုင်းတွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးလမ်း သံလမ်း​ဘေးရှိ အာကာမင်း လက်ဖက်ရည်ဆိုင်အတွင်းစစ်ကောင်စီတပ်ဖွဲ့ ဝင်များက PDF များကို လက်ကိုင်ဗုံးများနှင့်အတူ ဖမ်းဆီးရမိကြောင်းရိုက်ကူးထားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

” ဖမ်းတာက တကယ်မဟုတ်ဘူး။ သူတို့လူတွေချည်းပါပဲ ။

ဇာတ်လမ်းရိုက်တာလား။ ည၈ နာရီသတင်းမှာ ကြေညာဖို့ အတွက်လားတော့ မသိရဘူး “ဟု ၎င်းပြောသည်။

ည ၈ နာရီသတင်းအမှီ ရုပ်ရှင်ရိုက်နေကြသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များ (ရုပ်သံ)

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)

မန္တလေး၊အာကာမင်းလက်ဖက်ရည်ဆိုင်အတွင်းစစ်ကောင်စီတပ်ဖွဲ့ ဝင်များ ည၈ နာရီသတင်းအမှီPDF များဖမ်းမိနေပုံ ရုပ်ရှင်ရိုက်နေကြောင်းသိရ။

လှုပ်လှုပ်ရှားရှား မန္တလေး လက်ဖက်ရည်ဆိုင်မှ စစ်ကောင်စီရဲ့ ဓါတ်ပုံ/ ဗီဒီယိုများ

ယနေ့ ဇွန်လ ၂၆ ရက် နေ့လည်ပိုင်းအချိန်ခန့်တွင် မန္တလေးမြို့ အာကာမင်း လက်ဖက်ရည်ဆိုင်အတွင်းစစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းကာ လူတစ်ချို့ကို ဖမ်းဆီးနေသည့်ဓါတ်ပုံများနှင့် ဗီဒီယိုတွေပါ အွန်လိုင်းတွင်ပြန့်နှံ့နေပါတယ်။

အဆိုပါ ဓါတ်ပုံများနှင့် ဗီဒီယိုများအတွင်း အရင် ဖမ်းဆီးမှုများတွင် တွေ့ရလေ့မရှိသည့်အမျိုးသမီးစစ်သည်များပါ ပါဝင်နေသလိုအဖမ်းဆီးခံရသည့် လူများကိုလည်း ဆဲဆိုခြင်းမရှိပဲမကြောက်ကြဖို့ပြောဆိုနေသဖြင့်ဇာတ်လမ်းစဥ်ရိုက်ကူးခြင်းသာ ဖြစ်သည်ဟု လူအများကပြောဆိုနေကြပါတယ်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင် ကတော့စစ်ကောင်စီဟာ ၎င်းတို့ကို ဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီးနေပေမယ့်လည်းစစ်တပ်၊ ရဲတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းနဲ့ အညီလုပ်နေပါတယ်ဆိုတာကိုဝါဒဖြန့်ချင်လို ယခုလို ရိုက်ကူးတာဖြစ်နိုင်တယ်လို့၎င်းရဲ့ထင်မြင်ချက်ကို လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

အရင်ကလည်း ရိုဟင်ဂျာ ရွာတွေကို မီးရှို့ပြီး ရိုဟင်ဂျာတွေပဲ ပြန်ရှို့သည့်ပုံပေါက်အောင်ဇာတ်လမ်းဆင် ရိုက်ကူးခဲ့သည့် သာဓကများရှိခဲ့ကြောင်း ရိုနေဆန်းလွင်က ရေးသားခဲ့ပါသည်။

အဆိုပါ ဓါတ်ပုံများအရ စစ်ကောင်စီတပ်များက PDF အဖွဲ့ဝင်တွေကို လက်ပစ်ဗုံးများနှင့်အတူလက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးမိသည့်ပုံဖမ်းထားပါသည်။

တချို့ ဗီဒီယိုထဲတွင် ဗီဒီယို/ရုပ်ရှင်သုံး ကင်မရာအကြီးဖြင့်ပါ ရိုက်ကူးနေသောသူပုံပါလာသဖြင့်၎င်းဗီဒီယိုနှင့် ဓါတ်ပုံများကို ယနေ့ည (၈) နာရီသတင်းတွင် ထုတ်လွှင့်ပြသဖိုအလောတကြီး ရိုက်ကူးနေတာဖြစ်ကြောင်းလူအများက ပြောကြားပေမယ့် သီးခြားအတည်ပြုချက်မရယူနိုင်သေးပါ။

အခင်းဖြစ်ပွားရာ အာကာမင်း လက်ဖက်ရည်ဆိုင်မှာအရင်က လက်ဖက်ရည်ဆိုင် သပိတ်ပြုလုပ်ခဲ့သော်ကြောင့်စစ်ကောင်စီတပ်များက ချိတ်ပိတ်တာ ခံရဖူးသည့် ဆိုင်ဖြစ်သည်။

၎င်းလက်ဖက်ရည်ဆိုင်သည် ဒလန်ဆိုင်ဖြစ်သည့် အတွက်ဆန္ဒပြသူများက လက်ဖက်ရည်ဆိုင်သပိတ်ကို တမင်တကာပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းမန္တလေးဒေသခံများက ပြောကြားပါသည်။

၎င်းဓါတ်ပုံ/ ဗီဒီယိုများနှင့် ပတ်သက်၍ တချို့ကလည်းပေါ်လစီရုပ်ရှင်အတွက် ဇာတ်ဝင်ခန်းရိုက်ကူးနေတာဖြစ်နိုင်ကြောင်း ပြောကြသလို၊တချို့ကလည်း ဝါဒဖြန့် သတင်းအမှားလုပ်ဖို့ ရိုက်ကူးတာဖြစ်နိင်ကြောင်း ထင်ကြေးပေးနေကြပါသည်။

မန္တလေးတွင် PDFတပ်ဖွဲ့ဝင်များဖမ်းမိသည်ဟု စစ်ကောင်စီက ဝါဒဖြန့်ရန် ဇာတ်လမ်းဆင် ရိုက်ကူးမှုများပြုလုပ်ခဲ့စစ်ကောင်စီက မန္တလေးမြို့၊ အာကာမင်း လက်ဖက်ရည်ဆိုင်အတွင်းယနေ့ ဇွန်လ ၂၆ ရက်နေ့၌ PDF တပ်ဖွဲ့ဝင်များဖမ်းမိသည်ဟုဝါဒဖြန့်ရန် ဇာတ်လမ်းဆင် ရိုက်ကူးမှုများပြုလုပ်ခဲ့ကြောင်း မြို့ခံအချို့၏ ပြောဆိုချက်များအရသိရသည်။

အဆိုပါ ရိုက်ကူးမှုတွင် လက်ဖက်ရည်ဆိုင်အတွင်းထိုင်နေသူများမှာအရပ်ဝတ်ထားသည့် စစ်ကောင်စီ တပ်သားများဖြစ်ကြပြီးယူနီဖောင်းဝတ် စစ်ကောင်စီတပ်သားများကဟန်ပြ ဝင်ရောက်စီးနင်းရှာဖွေဖမ်းဆီးခြင်းများသေနတ်၊ လက်ပစ်ဗုံးများ သိမ်းဆည်းရမိခြင်းများကိုလည်း ထည့်သွင်း ရိုက်ကူးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးလမ်း၊ သံလမ်းဘေးရှိ အာကာမင်း လက်ဖက်ရည်ဆိုင်တွင်ယခင်က လက်ဖက်ရည်ဆိုင်သပိတ်ပြုလုပ်ခဲ့ဖူးပြီးအဆိုပါအချက်အား အသုံးချကာ PDFများ ထိုင်သည့်လက်ဘက်ရည်ဆိုင်အဖြစ်စစ်ကောင်စီ၏ ဝါဒဖြန့်ရာတွင် အသုံးပြုခြင်းဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။

မန္တလေးမြို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများပြုလုပ်ရာတွင်အရပ်ဝတ်ဖြင့်သာ ဖမ်းလေ့ရှိပြီး ယခုလို စစ်ဝတ်စုံပြည့်ဖြင့် ဖမ်းလေ့မရှိကြောင်း၊ဖမ်းမိသူများကိုလည်း ကောင်းမွန်စွာ ဆက်ဆံလေ့မရှိသော်လည်း ယ​နေ့​တွင် ကောင်းမွန်စွာ ပြောဆိုဆက်ဆံကြောင်း၊ယနေ့ဖမ်းဆီးမှုတွင် သေနတ်တစ်ချက်မှ မဖောက်ဘဲ ဖမ်းဆီးခြင်း၊ယင်းဖြစ်စဉ်ကို ရုပ်သံသမားက ပခုံးထမ်းကင်မရာအကြီးဖြင့် အသေအချာ လိုက်လံရိုက်ကူးနေခြင်းစသည့် အချက်များ​အရ စစ်ကောင်စီက ဇာတ်လမ်းဆင်ရိုက်ကူးသည်မှာ ထင်ရှားနေကြောင်းမန္တလေးမြို့ခံများက ပြောသည်။