ကမာ့လူသုံးကုန်ပစ္စည်းများအဖွဲ့ရဲ့ ကြေညာချက်အရ နှစ်စဉ် အမေရိကန်လူမျိူး ၃၃.၁မီလီယန်လောက်ဟာအိမ်သုံးပစည်းများကြောင့် ကျန်းမာရေးထိခိုက်ခြင်းကို ခံစားနေရတယ်လို့ ဆိုပါတယ်။
ထိုသို့ဖြစ်ရခြင်းဟာ အိမ်သုံးပစ္စည်းများတွင်ပါ၀င်သော ဓာတုပစည်းများကြောင့်လို့ သိပံပညာရှင်များက ယုံကြည်ကြပါတယ်။
ခြင်ဆေးခွေ
မြန်မာနိုင်ငံလို ခြင်ပေါတဲ့နိုင်ငံအနေနှင့်တော့ ခြင်ဆေးခွေဟာ မရှိမဖြစ်အရေးပါပါတယ်။
အထူးသဖြင့် နယ်ဘက်လိုနေရာမျိူးတွေမှာဆိုရင် ခြင်ဆေးခွေကို အိမ်တိုင်းနီးပါးအသုံးပြုကြပါတယ်။
ခြင်ပြေးစေတာမို့ ခြင်နှင့်ပတ်သက်သောကျန်းမာရေးပြဿနာများကို တားဆီးနိုင်သော်ငြားလည်းအခြားသော ကြောက်စရာရောဂါတွေကိုတော့ လက်ယပ်ခေါ်နေသလို ဖြစ်စေကြောင်းတွေ့ရှိထားပါတယ်။
သိပံပညာရှင်တွေရဲ့ စမ်းသပ်ချက်များအရ ခြင်ဆေးတစ်ခွေကနေလာသော မီးခိုးငွေ့တွေဟာဆိုရင်ဆေးလိပ်ပေါင်း ရ၅လိပ်ကနေ၁၃၇လိပ်ကနေထွက်လာသောမီးခိုးငွေ့တွေနဲ့ညီမျှတယ်ဆိုတာသိရပါတယ်။
အဆုတ်နဲ့ပတ်သက်သောရောဂါဆိုးကြီးတွေ ဖြစ်ပေါ်စေဖို့ ကောင်းကောင်းလုံလောက်သောပမာဏပဲ ဖြစ်ပါတယ်။
အမွေးတိုင်
ခြင်ဆေးခွေများမှာလိုပဲ အမွေးတိုင်က ထွက်လာတဲ့အငွေ့တွေ့မှာ ကျန်းမာရေးကိုဆိုးကျိူးဖြစ်ပေါ်စေသော ဓာတ်တွေ အမြောက်အများပါ၀င်တာကို တွေ့ရပါတယ်။
ပန်းနာရင်ကျပ်နှင့်အဆုတ်ရောဂါကနေ ကင်ဆာဖြစ်နိုင်သည်အထိ ဆိုးကျိူးဖြစ်ပေါ်နိုင်ပါတယ်။
Zawgyi
ကမာ့လူသုံးကုန္ပစၥည္းမ်ားအဖြဲ႕ရဲ႕ ေၾကညာခ်က္အရ ႏွစ္စဥ္ အေမရိကန္လူမ်ိဴး ၃၃.၁မီလီယန္ေလာက္ဟာအိမ္သုံးပစည္းမ်ားေၾကာင့္ က်န္းမာေရးထိခိုက္ျခင္းကို ခံစားေနရတယ္လို႔ ဆိုပါတယ္။
ထိုသို႔ျဖစ္ရျခင္းဟာ အိမ္သုံးပစၥည္းမ်ားတြင္ပါ၀င္ေသာ ဓာတုပစည္းမ်ားေၾကာင့္လို႔ သိပံပညာရွင္မ်ားက ယုံၾကည္ၾကပါတယ္။
ျခင္ေဆးေခြ
ျမန္မာနိုင္ငံလို ျခင္ေပါတဲ့နိုင္ငံအေနႏွင့္ေတာ့ ျခင္ေဆးေခြဟာ မရွိမျဖစ္အေရးပါပါတယ္။အထူးသျဖင့္ နယ္ဘက္လိုေနရာမ်ိဴးေတြမွာဆိုရင္ ျခင္ေဆးေခြကို အိမ္တိုင္းနီးပါးအသုံးျပဳၾကပါတယ္။
ျခင္ေျပးေစတာမို႔ ျခင္ႏွင့္ပတ္သက္ေသာက်န္းမာေရးျပႆနာမ်ားကို တားဆီးနိုင္ေသာ္ျငားလည္းအျခားေသာ ေၾကာက္စရာေရာဂါေတြကိုေတာ့ လက္ယပ္ေခၚေနသလို ျဖစ္ေစေၾကာင္းေတြ႕ရွိထားပါတယ္။
သိပံပညာရွင္ေတြရဲ႕ စမ္းသပ္ခ်က္မ်ားအရ ျခင္ေဆးတစ္ေခြကေနလာေသာ မီးခိုးေငြ႕ေတြဟာဆိုရင္ေဆးလိပ္ေပါင္း ရ၅လိပ္ကေန၁၃၇လိပ္ကေနထြက္လာေသာမီးခိုးေငြ႕ေတြနဲ႕ညီမွ်တယ္ဆိုတာသိရပါတယ္။
အဆုတ္နဲ႕ပတ္သက္ေသာေရာဂါဆိုးႀကီးေတြ ျဖစ္ေပၚေစဖို႔ ေကာင္းေကာင္းလုံေလာက္ေသာပမာဏပဲ ျဖစ္ပါတယ္။
အေမြးတိုင္
ျခင္ေဆးေခြမ်ားမွာလိုပဲ အေမြးတိုင္က ထြက္လာတဲ့အေငြ႕ေတြ႕မွာ က်န္းမာေရးကိုဆိုးက်ိဴးျဖစ္ေပၚေစေသာ ဓာတ္ေတြ အေျမာက္အမ်ားပါ၀င္တာကို ေတြ႕ရပါတယ္။
ပန္းနာရင္က်ပ္ႏွင့္အဆုတ္ေရာဂါကေန ကင္ဆာျဖစ္နိုင္သည္အထိ ဆိုးက်ိဴးျဖစ္ေပၚနိုင္ပါတယ္။