ဗဟုသုတ

မြတ်စွာဘုရားရှင်၏ အရိုးကွင်းဆက်တော်များ အ ကြောင်း ဖူးမျှော် ဖတ်ရှုနိုင်ပါရန် တင်ပြအပ်ပါသည်

မြတ်စွာဘုရားရှင်၏ အရိုးကွင်းဆက်တော်များ အ ကြောင်း ဖူးမျှော် ဖတ်ရှုနိုင်ပါရန် တင်ပြအပ်ပါသည်

မြတ်စွာဘုရားရှင်၊ရဟန္တာများနှင့် အရိုးကွင်းဆက်များ “လူသားတွေရဲ့ အရိုးတစ်ခုနဲ့တစ်ခု ဆက်ပုံက “ကွင်းဆက်| ချိတ်ဆက် | တေ့ဆက် လို့ သုံးမျိုးရှိပါတယ်။အမြင့်မြတ်ဆုံး လူသားတွေရဲ့ အရိုးက “ကွင်းဆက်” ဖြစ်ပြီးအလယ် အလတ်မြင့်မြတ်သူတွေရဲ့ အရိုးက” ချိတ်ဆက် ဖြစ်ပါတယ်။ သာမန် မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေရဲ့ အရိုးကတော့ “တေ့ဆက် တွေချည်းပါ။အမြင့်မြတ်ဆုံးလူသားတွေဆိုတာသစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်လဲသိ | ကျွတ်ထိုက်သမျှ ဝေနေယျတွေကိုလည်း သိအောင်ဟောပြောညွှန် ပြတော်မူနိုင်တဲ့ “သမ္မာ သမ္ဗုဒ္ဓ ဘုရား ရှင်” တွေပါ။

သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ရဲ့ အရိုးတော်တွေ ဟာ တစ်ခုနဲ့တစ်ခု ” ကွင်းဆက် “ဆက်နေ ကြပါ တယ်။ သံကွင်း တစ်ကွင်းနဲ့ တစ်ကွင်းကို ဂဟေဆော်ပြီး တွဲဆက်ထားသလို တစ်လုံးတစ်ခဲတည်း | တစ်ဆက်တစ်စပ်တည်း ဆက်နေကြပါတယ် အလယ်အလတ်မြင့်မြတ် သူတွေ ဆိုတာကတော့ သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင် သာသိမြင်ပြီး သတ္တဝါ ဝေနေယ တွေကို သိ အောင် ဟောပြတော် မမူနိုင်တဲ့”ပစ္စေက ဗုဒ္ဓါ ဘုရားရှင်” တွေပါ။ပစ္စေ ကဗုဒ္ဓါ ဘုရားရှင် အားလုံးရဲ့ အရိုးတော်တွေဟာ တစ်ခုနဲ့တစ်ခု “ချိတ်ဆက်” ဆက်နေကြပါတယ်။ ချွန်းချိတ်တွေ အချင်းချင်း ငြိကပ် နေသလိုမျိုး အရိုးကွေးကွေး တစ်ခု ပေါ် အရိုးကောက်ကောက်တစ်ခုက ချိတ်တွယ်ငြိကပ်ဆက်စပ်နေကြပါတယ်။

သာမန်မြင့်မြတ်သူတွေဆိုတာကတော့ သစ္စာလေးပါးအမှန်တရားကို ကိုယ်တိုင်မသိမြင်နိုင်ပဲ၊ ဘုရားဟောတဲ့တရားကိုဘုရားထံက တိုက်ရိုက်ဖြစ်စေ | သာဝက( ဘုရားတပည့် )ထံက ထပ်ဆင့်ဖြစ်စေ နာ ယူရမှ သိမြင် နိုင်တဲ့ သောတပန် | သကဒါဂါမ်| အနာဂါမ်| ရဟန္တာ | အရိယာ ပုဂ္ဂိုလ်ကြီးတွေပါ။ရိုးရိုးလူသားတွေ ဆိုတာကတော့ ကံနဲ့ ကံရဲ့ အကျိုးကို နှစ်နှစ် ကာကာယုံ ကြည်ပြီးရုပ်နာမ်ဖြစ်ပျက်ကို မြင်နိုင်စွမ်းတဲ့ ကလျာဏ ပုထုဇဉ် ( ပုထုဇဉ်အကောင်း) ပုဂ္ဂိုလ်တွေနဲ့ ကံ ကံရဲ့ အကျိုးကို မယုံ ကြည်ဘဲ ဗေဒင် / ယတြာ /ဓာတ်ရိုက်ဓာတ်ဆင်စတဲ့ လောကီမင်္ဂလာတွေကို ယုံကြည်တဲ့ ရုပ်နာမ်ဖြစ်ပျက်ကိုမမြင်ဘဲ ပုဂ္ဂိုလ်သတ္တဝါ ပညတ် တွေမှာ အစွဲ အလန်းကြီး နေတဲ့ အန္ဓပုထုဇဉ် ( ပုထုဇဉ်အကန်း ) ပုဂ္ဂိုလ်တွေပါ။

ရဟန္တာပုဂ္ဂိုလ်ကြီးများ အပါအဝင်သာမန်မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေအားလုံးရဲ့အရိုးတွေဟာ တစ်ခုနဲ့တစ်ခု “တေ့ဆက်” ဆက်နေကြပါတယ်။အရိုးတစ်ခုနဲ့ တစ်ခုရဲ့ ထိပ်နဲ့ တစ်ခြားအရိုးတစ်ခုရဲ့ထိပ် | ထိပ် ထိပ်ချင်း ထိစပ် ပြီး တေ့တွဲ တွဲပူး ကပ်ဆက်စပ်နေကြပါတယ်။ တရားရိပ်သာနဲ့ ဆေးခန်းပိုစတာတွေမှာပြသထားတဲ့ အဲဒီအရိုးတွေ အားလုံး ဟာ ဘုရား ပစ္စေက ဗုဒ္ဓါမဟုတ်တဲ့ လူသားတွေရဲ့ အရိုးတွေ ချည်းဖြစ်လို့ အရိုးအားလုံးဟာ“တေ့ဆက်”ဆက်နေကြတာချည်းပါ။

အနှစ်ချူပ် ပြော ရရင်သမ္ဗုဒ္ဓ ဘုရားရှင်တို့ရဲ့အရိုးဟာ ” ကွင်းဆက် “| ပစ္စေ ကဗုဒ္ဓါဘုရားရှင်တို့ရဲ့ အရိုးဟာ”ချိတ်ဆက်”|ရဟန္တာအပါအဝင် ကျန် လူသားအားလုံးရဲ့အရိုးဟာ ” တေ့ဆက် ” ဖြစ်ပါတယ်။မြတ်စွာ ဘုရားရှင် ရဲ့ အရိုးတော်တွေ ဟာ အဆက် ကြီး တစ်ဆယ့်နှစ်ဆက်နဲ့လက်ချောင်းတော်အဆစ်နေရာတွေကလွဲရင် တစ် ကိုယ်တော်လုံး အရိုးဆက်တွေအားလုံး သံကွင်းတွေလို တစ်လုံးတစ်ခဲတည်း တွဲဆက်နေကြပါတယ်။

အဆက်ကြီး တစ်ဆယ့်နှစ်ဆက်ဆိုတာက လက်ဝဲ / လက်ယာ / လက်ကောက်ဝတ်နှစ်ခုနဲ့ လက်ဆက်တဲ့အဆက်နှစ်ခု / လက် ကောက်ဝတ် ကနေ တံတောင်ဆစ် အထိ လက်နဲ့ လက်မောင်းဆက် တဲ့ အဆက် နှစ်ခု ( လက်ဝဲ / လက် ယာ ) | လက် မောင်းနဲ့ လက်ပြင်ရိုး ( ညှပ်ရိုး ) ဆက်တဲ့အဆက်နှစ်ခု ( ဝဲ / ယာ ) | ခြေဖမိုးတော်နဲ့ ခြေသလုံးတော် ဆက်တဲ့ အဆက်နှစ်ခု( ဝဲ | ယာ ) | ခြေသလုံးရိုးနဲ့ပေါင်ရိုးဆက်တဲ့ အဆက်နှစ်ခု ( ဝဲ / ယာ)ပေါင်ရိုးနဲ့ တင်ပါးဆုံရိုးဆက်တဲ့ အဆက်နှစ်ခု ( ဝဲ / ယာ ) တို့ပါ။

မြတ်စွာဘုရားရှင် ရဲ့ လည်ပင်းအရိုးတော်တွေဟာ သံကွင်းဆက်တွေ ဂဟေဆော်ထားသလို တစ်လုံးတစ်ခဲတည်း တွဲဆက်နေတဲ့အတွက် တစ်နေရာရာကို နောက်ပြန်လှည့်ကြည့် တော့မယ် ဆိုရင် လည်ပင်းတော်ချည်း သက်သက်လှည့်ကြည့်လို့ မရပါဘူး ။

တစ်ကိုယ်တော်လုံး လှည့်ကြည့်မှ ရပါတယ်။“အရိုးကွင်းဆက်” ဆိုတာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တွေနဲ့သာ သက်ဆိုင်တဲ့ သီးခြားဂုဏ်ထူးတစ်ခုဖြစ်သလို”အရိုးချိတ်ဆက်” ဆိုတာလည်း ပစ္စေ ကဗုဒ္ဓါ ဘုရားရှင်တို့နဲ့သာ သက်ဆိုင်တဲ့ သီးခြားဝိသေသတစ်ခု ဖြစ်ပါတယ်။ရဟန္တာ ဆိုတာ ဘုရား | ပစ္စေကဗုဒ္ဓါတို့နဲ့နှိုင်းယှဉ်ရင် ပါရမီချင်းရော အသိဉာဏ်ချင်းရော အဆင့်အတန်းအများကြီး နိမ့်တာမို့ သာမန် လူတွေ လို ” အရိုးတေ့ဆက် ” လို့ ပဲပိဋကတ်တော်နဲ့ အညီ သံသယမရှိ မှတ်သားထားသင့်ပါတယ်။