ဗဟုသုတ

မိမိတို့၏နေအိမ် သာယာ အေးချမ်းစေချင်ရင် ဒါလေးတေလုပ်စေချင်ပါတယ်

မိမိတို့၏နေအိမ် သာယာ အေးချမ်းစေချင်ရင် ဒါလေးတေလုပ်စေချင်ပါတယ်

ဘုရားပန်း ကို အညှိူးမခံပါနဲ့ သောက်တော် ရေကို လည်း အနွေးမခံပါနဲ့ ဂါထာတွေ မန္တာန်တွေ ပါးစပ်ကအမြုပ်ထွက်အောင်ရွတ်နေစရာမလိုပါဘူး ဘုရားပန်းကို အမြဲတမ်း လန်းလန်းဆန်းဆန်းဖြစ်အောင်ထားမယ်…သောက်တော်ရေချမ်းကို အမြဲအေးနေအောင် ထားမယ်ဆိုရင် အိမ်တွင်းရေး အေးချမ်းပါတယ်..အိမ်မှာ အမြဲနေရတဲ့ သူတွေ ဆိုရင် မိမိရေသောက်တိုင်း ဘုရားကို သောက်တော်ရေ လဲပြီးကပ် နိုင် ရင် ပို ကောင်း ပါတယ် အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူးဆိုရင် တောင်မှ မနက်တစ်ခါ နေ့လည်တစ်ခါ ညနေတစ်ခါ တစ်နေ့သုံးကြိမ် လောက်တော့ ကပ်သင့်ပါတယ်။

ငါအလုပ်များတယ်အိမ်မှာလည်းနေရတာနည်းတယ်ဆိုပြီးသောက် တော်ရေ မကပ်နိုင်ဘူးလို့လည်း မပြောလိုက်ပါနဲ့ ဘယ်နေရာမှာမဆိုမိမိရေသောက်တိုင်း ပါးစပ်ထဲမထည့်ခင် ကိုယ်သောက်မယ့်ခွက်ကိုလက်နဲ့ကိုင်ထားပြီး “မြတ်စွာဘုရားအား သောက် တော်ရေ လှူဒါန်းပါတယ်”လို့ စိတ်က အာရုံပြု ပြီး ကပ်လို့ရပါတယ်ဘုရားရှေ့သွားကပ်နိုင်မှ မဟုတ်ပါဘူး…ဒါဟာ ငွေမကုန်ပဲ အလို လိုရနေတဲ့ ကုသိုလ်ပါသောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ပါဘူးဘာပဲစားစား မြတ်စွာဘုရားကို အာရုံပြုကပ်ပြီးတော့မှ စားပါတယ် (နေ့၁၂နာရီမကျော်သေးရင်) မစားခင် သရဏဂုံ သုံးကြိမ် ရွတ်ပါတယ် သရဏဂုံ ရွတ်နေတဲ့ အချိန်ကိုမြတ်စွာဘုရား ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားလိုက်ပါတယ်။


နောက်တစ်ခုက မသိနားမလည် ကြတဲ့ ကလေးတွေ ဘုရားရှင်အတွက် ကပ်လှူထားတာတွေကိုယူ စားမှာ စိုးတဲ့အတွက်ကြောင့်လူကြီးမိဘတွေကမစားဝံ့အောင် ခြောက်လှန် တားမြစ်ထားခြင်း ကြောင့်ဆွမ်းစွန့်ပြီးလည်းမစားဝံ့ မစားရဲဖြစ်သွားကြတာပါ ရှေးကဆရာတော်ကြီးများဆိုရင် ဆွမ်းခံကြွ ပြန်လာ ပြီးရင် သပိတ်အတိုင်းဘုရားရှင်ကို ဆပ်ကပ် ပြီးမှ သပိတ်ကိုစွန့်ပြီး ဘုဉ်းပေးလေ့ရှိပါတယ်တဲ့ ဆွမ်းတော်စွန့်တာစားရင် ဉာဏ်ထိုင်းတယ်ဘုန်းနိမ့်တယ်လို့ ကျမ်းဂန် များထဲမှာ မိန့်တော်မမူ ခဲ့ပါဘူးလို့ ဆရာ တော်များ၏တရားများ စာအုပ်များမှာနာဖူး ဖတ်ဖူးပါတယ်။

ဒီလောက်ဆို အတုမရှိ မြတ်ဗုဒ္ဓကို အာရုံပြုကပ်လှူပြီးမှ စွန့်ပြီးစားတာဟာ ကောင်းမကောင်း သင့်မသင့် ဆိုတာ ကိုမိမိတို့ ၏ ဦးနှောက်အသိဉာဏ်ကဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။