ဗဟုသုတ

ကိုရီးယား နာမည်ကြီး ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မြန်မာမလေး အကြောင်း

ကိုရီးယား နာမည်ကြီး ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မြန်မာမလေး အကြောင်း

ပရိတ်သတ်ကြီးရေ My Roommate Is Gumiho” ဆိုတဲ့ကိုရီးယားဇာတ်လမ်းတွဲ ကတော့ ယခုလက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ ထုတ်လွှင့် ပြသ နေတဲ့ Ongoing Series တစ်ခု ဖြစ်ပါတယ် ။ ဒီဇာတ်လမ်းတွဲက မြန်မာနိုင်ငံက ပရိသတ်တွေကြားမှာလည်း ရေပန်းစားပြီး လူကြိုက်များ နေတာ ဖြစ်ပါတယ် ။

အခုဆိုရင် ဒီဇာတ်လမ်းတွဲမှာပါဝင်ခဲ့တဲ့မြန်မာမလေးတစ်ယောက်ရဲ့အကြောင်းကလည်း လူမှုကွန်ယက် စာမျက်နှာ ထက်မှာ စိတ်ဝင် စားသူများပြားနေတာ ဖြစ်ပါတယ်“Nann Akari Shwe” လို့ခေါ်တဲ့ မြန်မာမလေးက ဒီဇာတ်လမ်းတွဲမှာ ကျောင်းသူလေးတစ်ယောက်အဖြစ်ပါဝင် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ် ။

ဇာတ်လမ်းတွဲရဲ့ အပိုင်း (၈) နဲ့ အပိုင်း (၁၀)မှာ ပါဝင် ခဲ့တဲ့ မြန်မာမလေးကို မြန်မာ ပရိသတ်တစ်ယောက်က စတင် သတိ ထားမိခဲ့ပြီး သူမ အကြောင်းကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။သူမကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ တကယ့်ကိုရီးယားသူလေး တစ်ယောက်လို့တောင် ထင်မှတ် ရတာ ဖြစ်ပါတယ် ။

နန်းဧကရီရွှေက ရန်ကုန်စီးပွားရေးတက္ကသိုလ်က ကျောင်းသူတစ်ဦး ဖြစ်ခဲ့ပြီး အခုတော့ ကိုရီးယား နိုင်ငံက တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေတာ ဖြစ်ပါတယ် ။မြန်မာပရိသတ်တွေရဲ့ စိတ် ဝင်စားခြင်းခံနေရတဲ့ သူမက ယခုလက်ရှိ Facebookမှာတောင် Popular ဖြစ်နေတာ ဖြစ်ပါတယ် ။

“My Roommate Is Gumiho”ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာမလေး နန်းဧကရီရွှေရဲ့ အကြောင်းကို ပရိ သတ်တွေလည်း ဝန်းရံလို့ရအောင် ဖော်ပြ ပေးလိုက်ပါတယ်။