ဗဟုသုတ

မြန်မာ့ ပထမဦးဆုံး မြေအောက်လမ်းကူး ဥမင်ဆောက် လုပ် ပြီးစီးသွားတဲ့ မြင်ကွင်း ပုံရိပ်များ

မြန်မာ့ ပထမဦးဆုံး မြေအောက်လမ်းကူး ဥမင်ဆောက် လုပ် ပြီးစီးသွားတဲ့ မြင်ကွင်း ပုံရိပ်များ

မဂ်လာပါ ပရိတ်သတ်ကြီးရေ ရန်ကုန်မြို့ တော်ကြီး ဟာ လူနေထူထပ်ပြီး စီးပွားရေး အချက် အချာကျတဲ့ မြို့လည်းဖြစ် တာကြောင့် ရန်ကုန်ရဲ့ လမ်းမတိုင်း လိုလိုဟာ အချိန်ပြည့်ကားတွေ ပြည့်ကျပ် နေလေ့ ရှိပါ တယ်။

ရန်ကုန် ရှိနေရာ တိုင်းလိုလိုမှာ သွားလာ​ရေး ကြန့်ကြာ မှုတွေနဲ့ ယာဉ်အန္တရယ်တွေ မကြာခဏဖြစ်​​ပေါ်တတ်တာကြောင့် ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်မှာ ရန်ကုန်ရဲ့ အချက်အချာကျတဲ့ နေ ရာ တစ်ခုဖြစ်တဲ့စိုက်ပျိုးရေးမှတ်တိုင်အနီးမှာ မြေအောက် လမ်း ကူးဥမင်ကို ဆောက် လုပ်ခဲ့ ကြတာ ဖြစ်ပါတယ်။

၎င်း ဥမင်ဟာ ရန်ကုန် တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကဘမာရွတ်မြို့နယ်၊ စိုက်ပျိုးရေး မှတ်တိုင်အနီး၊ ပြည်လမ်းအရှေ့ဘက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ကမာရွတ်(TTC)နှင့် ပြည်လမ်း အနောက် ဘက် Juction Square တို့ကို ဆက်သွယ်ဖောက်လုပ် ထားတာ ဖြစ်ပါတယ်။

NLD အစိုးရ လက်ထက်ကတည်းက စတင်တည်ဆောက်ခဲ့သော ထို မြေအောက် ဥမင်သည် အမြင့်(၁၁)ပေ၊ ခန်းဖွင့် အကျယ် (၄၀)ပေ ၊ လူသွားလမ်း အကျယ် (၁၉)ပေ (၈)လက်မ၊ စုစု ပေါင်း ပင်မဥမင် အလျား (၄၂၇)ပေ (၂) လက်မ၊ ဝင်ထွက် ပေါက် (၄)ခု၊စက်လှေကား သုံးစင်းနှင့် ဓာတ်လှေကားနှစ်စင်း၊ ပုံမှန်လှေကားများလည်း ပါဝင်ပြီးဖွင့်လှစ်ရောင်းချနိုင်မည့် ဆိုင်ခန်း (၁၈) ခန်းပါဝင်ကြောင်းလည်းသိရပါတယ်။

ထို project ကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော် မတီ မှ တာဝန်ယူ တည်ဆောက် နေခြင်း ဖြစ်ပြီး ဥမင် တည် ဆောက်ရေးကာလကို တစ်နှစ် သတ်မှတ် ထားပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ လကုန်တွင် လုပ်ငန်းများ အားလုံး ပြီးဆုံးရန် ခန့်မှန်းထား ခဲ့တာ ဖြစ်ပြီး အခုချိန် မှပြီးစီးသွားခဲ့တာ ဖြစ်ပါတယ်။

ဥမင်ဆောက် လုပ်ပြီးစီးသွားတဲ့ ပုံရိပ်တွေနဲ့ အခြေအနေတွေကို ပရိသတ်တွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။