News

“အဝေးပြေးဝင်း ခရီးသည်တင်ယာဉ်တစ်စီးပေါ်တွင် သေဆုံးနေသည့် ယာဉ်မောင်းအား စစ်ဆေးရာ COVID-19 ပိုးတွေ့ရှိ”

အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းရှိ ခရီးသည်တင်ယာဉ်တစ်စီးပေါ်တွင် သေဆုံးခဲ့သည့် ယာဉ်မောင်းအား စစ်ဆေးရာ COVID-COVID19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဇွန် ၂၆ ရက် နံနက် ၈ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အောင်မင်္ဂလာအဝေးပြေးဝင်း ၊ မကွေးလမ်းတွင် ရပ်ထားသည့် ခရီးသည်တင်ယာဉ် တစ်စီးပေါ်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရသဖြင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သွားရောက်သယ်ဆောင်ခဲ့သည်။

“ မနက် ၈ နာရီလောက်မှာ သတင်းရလို့ သွားတာ။ ရပ်ထားတဲ့ ခရီးသည်တင်ယာဉ်ပေါမှာ ယာဉ်မောင်းက ကားပေါ်မှာ သေဆုံးတာ။ အသက် ငါးဆယ်ဝန်းကျင်ရှိပြီ။​ ပြင်ပဒဏ်ရာ ဘာမှ မရှိပါဘူး” ဟု ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင် က ပြောကြားသည်။

သေဆုံးသူ ယာဉ်မောင်းအား မေဓါဝီ ဆေးရုံသို့ ပို့ဆောင်ပြီး စစ်ဆေးရာ ၄င်းထံတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်၏ ပြောကြားချက်အရသိရသည်။

“ ဆေးရုံပို့ပြီး စစ်ဆေးတော့ COVID-19 ပိုး တွေ့တယ်။ကျွန်တော်တို့ကတော့ အခုချိန်မှာ ဘယ် body သယ်သယ် PPE နဲ့ စနစ်တကျသယ်ဆောင်ပါတယ်” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင် ကပြောကြားသည်။

ဇွန် ၂၄ ရက် မှ ဇွန် ၂၅ ရက်အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၇၀၁ ၄၀၀ ခုအား စစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၅၁၅၇၃ ဦး ရှိပြီဖြစ်ကြောင်း ဆေးရုံဆင်းခွင့်ရရှိသူ ၁၉၀ ဦး ရှိသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၃၄၇၇၉ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်ထိ သေဆုံးသူ စုစုပေါင်း ၃ ၂၈၂ ဦး ရှိကြောင်း သိရသည်။