ႈံရံုးခ်ိန္းမွာ ေဒၚေအာင္ဆန္းစုၾကည္ ပတ္သက္ျပီး ျပည္သူေတြအတြက္ အဓိကျဖစ္ေစရမယ့္ စကားကို ဖြင့္ဟလာတဲ့NLD နာယက ဦးဝင္းထိန္
ေဒၚေအာင္ဆန္းစုၾကည္ အၿမဲတမ္းက်န္းမာေနမွျဖစ္မယ္လို႔ NLD နာယက ဦးဝင္းထိန္က ဇြန္လ ၂၅ ရက္ေန႔႐ုံးခ်ိန္းမွာ ေျပာဆိုခဲ့ပါတယ္။ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၁၂၄(က) နဲ႔ တရားစြဲခံထားရတဲ့ NLD နာယက ဦးဝင္းထိန္က ဇြန္လ ၂၅ ရက္ေန႔႐ုံးခ်ိန္းမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ သမၼတတို႔ရဲ႕က်န္းမာေရး အေျခအေနေတြကို သူ႔ရဲ႕ေရွ႕ေနကိုေမးျမန္းခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ အၿမဲက်န္းမာေနမွ ျဖစ္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။
သူကိုယ္တိုင္လည္း လက္ရွိအေျခအေနထက္ က်န္းမာေရးေကာင္းဖို႔ လိုအပ္ေနေသးတယ္လို႔ ဦးဝင္းထိန္က သူ႔ရဲ႕ေရွ႕ေနကို ေျပာဆိုခဲ့ပါတယ္။”အဓိကေမးတာကေတာ့ အေမ့က်န္းမာေရးကို ေမးပါတယ္။
အေမက်န္းမာေနတာကို ၾကားရတဲ့အတြက္ စိတ္ခ်မ္းသာတဲ့ အေၾကာင္းေတာ့ေျပာပါတယ္။ သမၼတတို႔ က်န္းမာေရးကိုလည္း ေမးပါတယ္။ အေမအၿမဲတမ္း က်န္းမာေနမွျဖစ္မယ္ဆိုတဲ့ အတိုင္းအတာကိုလည္း ေျပာပါတယ္” လို႔ ဦးဝင္းထိန္ရဲ႕ေရွ႕ေန ေဒၚမင္းမင္းစိုးက ေျပာပါတယ္။
ဦးဝင္းထိန္အမႈကို ဇြန္လ ၂၅ ရက္ေန႔မွာ႐ုံးခ်ိန္းေခၚခဲ့ၿပီး တရားလိုျပသက္ေသ ဦးႏိုင္ဦးကို စစ္ေကာင္စီတရား႐ုံးက စစ္ေဆးခဲ့ပါတယ္။ ဇြန္လ ၁၁ ရက္ေန႔႐ုံးခ်ိန္းတုန္းက ဦးဝင္းထိန္ရဲ႕ ေရွ႕ေနက ကန႔္ကြက္ေပမယ့္ တရားလိုတင္သြင္းတဲ့ သက္ေသေတြကိုလက္ခံေၾကာင္း ေနျပည္ေတာ္ အခ်ဳပ္ေထာင္သီးသန႔္တရား႐ုံးက ၾကားျဖတ္အမိန႔္ခ်ခဲ့ပါတယ္။
လက္ရွိ အခ်ိန္အထိ တရားလို နဲ႔ တရားလိုျပသက္ေသေတြကို စစ္ေဆးေနတုန္းျဖစ္တဲ့ အတြက္ အမႈသြားအမႈလာကို မွတ္ခ်က္ေပးလို႔မရေသးဘူးလို႔ ေရွ႕ေနေဒၚမင္းမင္းစိုးကေျပာပါတယ္။ အမႈနဲ႔ ပတ္သက္ၿပီး ဦးဝင္းထိန္နဲ႔ သီးျခားေတြ႕ဆုံခြင့္ေတာ့မရ ေသးဘဲ တရားခြင္ထဲမွာပဲ ေဆြးေႏြးခြင့္ရတယ္လို႔ ဆိုပါတယ္။
“သီးသန႔္တေနရာမွာ ေတြ႕ဆုံခြင့္ရတာေတာ့ မဟုတ္ဘူး။ တရားခြင္ထဲမွာပဲ ေတြ႕ခြင့္ရပါတယ္။ သီးျခားေတြ႕ဆုံခြင့္ေတာ့မဟုတ္ဘူး။ ဒါေပမယ့္ လြတ္လြတ္လပ္လပ္ေတာ့ ေျပာခြင့္ရပါတယ္။ ေစာင့္ၾကည့္တဲ့သူေတြက ခပ္လွမ္းလွမ္းကပဲေနပါတယ္” လို႔ ေဒၚမင္းမင္းစိုး က ေျပာပါတယ္။
ဦးဝင္းထိန္အမႈအတြက္ ဇူလိုင္ ၂ ရက္ေန႔ ႐ုံးခ်ိန္းျပန္ေခၚထားၿပီး စစ္ေဆးဖို႔က်န္ေနတဲ့ တရားလိုျပသက္ေသတစ္ဦးကို ဆက္လက္စစ္ေဆးမွာျဖစ္ပါတယ္။ ဦးဝင္းထိန္ကို ေနျပည္ေတာ္ ဥတၱရသီရိခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေအးလူက ေဖေဖာ္ဝါရီ ၄ရက္ ေန႔က တရားစြဲဆိုခဲ့တာပါ။
တရားလိုရဲ႕စြပ္စြဲခ်က္မွာေတာ့ ဦးဝင္းထိန္က ေဖေဖာ္ဝါရီ ၁ရက္ သတင္းစာရွင္းလင္းပြဲမွာ ႏိုင္ငံေတာ္အစိုးရကို အၾကည္ညိဳပ်က္ေအာင္ေျပာဆိုၿပီး သူ႔ရဲ႕ျပည္သူေတြဆီကိုေပးတဲ့ ပန္ၾကားစာ အရ တရားစြဲတာလို႔ ေဖာ္ျပပါတယ္။ဦးဝင္းထိန္ကို စြဲဆိုထားတဲ့ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄(က) ဟာ ျပစ္မႈ ထင္ရွားရင္ အျမင့္ဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ အႏွစ္ ၂၀ အထိခ်မွတ္ႏိုင္တဲ့ ပုဒ္မျဖစ္ပါတယ္။
Unicode
ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပတ်သက်ပြီး ပြည်သူတွေအတွက် အဓိကဖြစ်စေရမယ့် စကားကို ဖွင့်ဟလာတဲ့NLD နာယက ဦးဝင်းထိန်
ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်းကျန်းမာနေမှဖြစ်မယ်လို့ NLD နာယက ဦးဝင်းထိန်က ဇွန်လ ၂၅ ရက်နေ့ရုံးချိန်းမှာ ပြောဆိုခဲ့ပါတယ်။နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က) နဲ့ တရားစွဲခံထားရတဲ့ NLD နာယက ဦးဝင်းထိန်က ဇွန်လ ၂၅ ရက်နေ့ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ရဲ့ကျန်းမာရေး အခြေအနေတွေကို သူ့ရဲ့ရှေ့နေကိုမေးမြန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အမြဲကျန်းမာနေမှ ဖြစ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
သူကိုယ်တိုင်လည်း လက်ရှိအခြေအနေထက် ကျန်းမာရေးကောင်းဖို့ လိုအပ်နေသေးတယ်လို့ ဦးဝင်းထိန်က သူ့ရဲ့ရှေ့နေကို ပြောဆိုခဲ့ပါတယ်။”အဓိကမေးတာကတော့ အမေ့ကျန်းမာရေးကို မေးပါတယ်။ အမေကျန်းမာနေတာကို ကြားရတဲ့အတွက် စိတ်ချမ်းသာတဲ့ အကြောင်းတော့ပြောပါတယ်။
သမ္မတတို့ ကျန်းမာရေးကိုလည်း မေးပါတယ်။ အမေအမြဲတမ်း ကျန်းမာနေမှဖြစ်မယ်ဆိုတဲ့ အတိုင်းအတာကိုလည်း ပြောပါတယ်” လို့ ဦးဝင်းထိန်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ဦးဝင်းထိန်အမှုကို ဇွန်လ ၂၅ ရက်နေ့မှာရုံးချိန်းခေါ်ခဲ့ပြီး တရားလိုပြသက်သေ ဦးနိုင်ဦးကို စစ်ကောင်စီတရားရုံးက စစ်ဆေးခဲ့ပါတယ်။ ဇွန်လ ၁၁ ရက်နေ့ရုံးချိန်းတုန်းက ဦးဝင်းထိန်ရဲ့ ရှေ့နေက ကန့်ကွက်ပေမယ့် တရားလိုတင်သွင်းတဲ့ သက်သေတွေကိုလက်ခံကြောင်း နေပြည်တော် အချုပ်ထောင်သီးသန့်တရားရုံးက ကြားဖြတ်အမိန့်ချခဲ့ပါတယ်။
လက်ရှိ အချိန်အထိ တရားလို နဲ့ တရားလိုပြသက်သေတွေကို စစ်ဆေးနေတုန်းဖြစ်တဲ့ အတွက် အမှုသွားအမှုလာကို မှတ်ချက်ပေးလို့မရသေးဘူးလို့ ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။ အမှုနဲ့ ပတ်သက်ပြီး ဦးဝင်းထိန်နဲ့ သီးခြားတွေ့ဆုံခွင့်တော့မရ သေးဘဲ တရားခွင်ထဲမှာပဲ ဆွေးနွေးခွင့်ရတယ်လို့ ဆိုပါတယ်။
“သီးသန့်တနေရာမှာ တွေ့ဆုံခွင့်ရတာတော့ မဟုတ်ဘူး။ တရားခွင်ထဲမှာပဲ တွေ့ခွင့်ရပါတယ်။ သီးခြားတွေ့ဆုံခွင့်တော့မဟုတ်ဘူး။ ဒါပေမယ့် လွတ်လွတ်လပ်လပ်တော့ ပြောခွင့်ရပါတယ်။ စောင့်ကြည့်တဲ့သူတွေက ခပ်လှမ်းလှမ်းကပဲနေပါတယ်” လို့ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။
ဦးဝင်းထိန်အမှုအတွက် ဇူလိုင် ၂ ရက်နေ့ ရုံးချိန်းပြန်ခေါ်ထားပြီး စစ်ဆေးဖို့ကျန်နေတဲ့ တရားလိုပြသက်သေတစ်ဦးကို ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။ ဦးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက ဖေဖော်ဝါရီ ၄ရက် နေ့က တရားစွဲဆိုခဲ့တာပါ။
တရားလိုရဲ့စွပ်စွဲချက်မှာတော့ ဦးဝင်းထိန်က ဖေဖော်ဝါရီ ၁ရက် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင်ပြောဆိုပြီး သူ့ရဲ့ပြည်သူတွေဆီကိုပေးတဲ့ ပန်ကြားစာ အရ တရားစွဲတာလို့ ဖော်ပြပါတယ်။ဦးဝင်းထိန်ကို စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဟာ ပြစ်မှု ထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။