ရေမွန်က သူ့ရဲ့ချစ်သူ ကောင်မလေးအတွက် Surprise Gift လေး ပို့ပေးဖို့ ပြီးခဲ့တဲ့ ဇွန်လ 12 ရက်နေ့က မှာခဲ့ပါတယ်
ဒီလိုမှာခဲ့တဲ့ အကြောင်းကို သူမှာခဲ့တဲ့ ဆိုင်က ခုလို ရေးသားထားတာကို တွေ့ရပါတယ်
“ပြီးခဲ့တဲ့ဇွန်လ ၁၂ ရက်နေ့မှာ ကိုရေမွန်က သူ့ချစ်သူကောင်မလေးကို Surprise Gift ပို့ပေးဖို့ Silk Dress လေး ချုပ်ပေးဖို့ လှမ်းမှာခဲ့ပါတယ်။
😢
ဒီနေ့ပဲ ကိုရေမွန့် ကောင်မလေးအတွက် မှာခဲ့တဲ့ Silk Dress လေးချုပ်ပြီးပါတယ်။
အဝေးက ကိုရေမွန်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ညီမလေး K အမှတ်ရနေစေဖို့နဲ့ အမှတ်တရသိမ်းထားဖို့ ပေးပို့လိုက်ပါရစေ။
ကိုရေမွန့်ပရိတ်သတ်ဖြစ်တဲ့ မင်မင်တို့မှာလည်း မိသားစုနဲ့ထပ်တူဝမ်းနည်းခံစားရပါတယ်။
မြင့်မြတ်သော ဘုံဘဝမှာ အနားယူပါတော့ ကိုရေမွန်ရေ…🙏🙏🙏”ဆိုပြီး တင်ထားတာဖြစ်ပါတယ်
ချစ်တတ်လိုက်တာ အစ်ကိုရေ….ဒါပေမယ့် စိတ်မကောင်းဘူးဗျာ…
ပုံမှန်အချိန်ဆို Surprise Gift ရလို့ ရင်ခုန်ကြည်နူးပြီး ပျော်ရွှင်နေရမယ့် ကောင်မလေးတစ်ယောက်က ခုတော့ အစ်ကို့ရဲ့ Surprise Gift လေးကို ကြည့်ပြီး သူ့ရင်ထဲ ဘယ်လိုနေမလဲဆိုတာ တွေးကြည့်တာနဲ့တင် ဝမ်းနည်းရပါတယ်ဗျာ
Photocredit
Zawgyi
😢
မြင့်မြတ်သော ဘုံဘဝမှာ အနားယူပါတော့ ကိုရေမွန်ရေ…🙏🙏🙏”ဆိုပြီး တ်ထားတာဖြစ်ပါတယ်
Photocredit