ဗဟုသုတ

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇတ်ဝင်ကျူးလွန်မှုတွေကို မြန်မာနိုင်ငံမှာ ပြတိုက်ပြုလုပ်ပြီး ကမ္ဘာကသိအောင် ပြသမည်

အကြမ်းဖက်စစ်တပ်ရဲ့ မြန်မာပြည်သူလူထုများအပေါ် က သတ်ဖြတ်မှုများ ၊ ကလေးသူငယ်များအပေါ် သတ်ဖြတ်မှုများ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှုသက်သေ ဗီဒီယိုများ နှင့် ဓာတ်ပုံများကို စုစည်းနေပြီး မြန်မာနိုင်ငံမှာပြတိုက်အနေဖြင့် ပြုလုပ်ပြီး ကမ္ဘာကို ပြသွားဖို့ ရှိနေတယ်လို့သိရပါတယ်။

“လူဦးရေ ၉၁၅ဦး အသတ်ခံရတဲ့ကိစ္စကို လက်ခံနိုင်မှာမဟုတ်ပါဘူး။ ပြုလုပ်မယ့် ပြတိုက်မှာ မြန်မာနိုင်ငံ မှာ မင်းအောင်လှိုင် ၊ သန်းရွှေ ၊ သိန်းစိန် စသည့် နာမည်နှင့်တကွာ သူတို့ရဲ့ ကျူးလွန်မှုတွေကို မြန်မာနိုင်ငံပြတိုက်မှာ ပြသမှာပါ ၊ မင်းအောင်လှိုင်က ကမ္ဘာ့လူဆိုးကြီးဖြစ်တယ်ဆိုတာကို ပြသရမည်။

“ အမျိုးသားညီညွတ်ရေးအစိုးရ ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ဆာဆာ ကပြောဆိုခဲ့ပါတယ်။

မြန်မာ့စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် သက်သေအထောက်အထား စုစုပေါင်း လေးသိန်းကျော် ရရှိထားပြီး သက်သေအထောက်အထား နှစ်သိန်းငါးထောင် ကို အတည်ပြုစစ်ဆေးထားနိုင်ပြီးဖြစ်ကြောင်းသိရပါတယ်။

မြန်မာပြည်သူတွေအနေဖြင့် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်ကျူးလွန်နေသည့် သက်သေအထောက်အများကို ဒေါက်တာဆာဆာ ရဲ့ အီးမေလ်းလိပ်စာဖြင့် ပို့aပေးသည့် အီးမေးလ် လေးသိန်းအနက် သက်သေ နှစ်သိန်းငါးထောင် ကိုစစ်ဆေး အတည်ပြုပြီး နိုင်ခဲ့ပြီး ဓာတ်ပုံ နှင့်ဗီဒီယိုပေးပို့မှုတွင် သုံးသိန်းတစ်သောင်း အနက် နှစ်သိန်းငါးထောင်ကိုအတည်ပြု စာရင်းပြုစုထားနိုင်ကြောင်း သိရပါတယ်။

အဏာသိမ်းစစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၉၁၅ ဦး ကိုသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ရဲ့ သက်သေအထောက်အထားများဖြစ်သည့် နေရာ ၊ အချိန်၊ နေ့ရက် ၊ ဗီဒီယို ၊ ဓာတ်ပုံတွေကို သေချာစာရင်းပြုစုထားပြီး နိုင်ငံတကာစစ်ခုံရုံး သို့ သက်သေအထောက်အထားအနေဖြင့် တင်သွားမည် ဟု ဒေါက်တာတာဆာဆာ က ဆိုပါတယ်။

ဆက်လက်ပြီး ဒေါက်တာဆာဆာ က “ ဥပမအနေနဲ့ ရွှေဘိုမြို့မှာ ဆို အကြမ်းဖက်စစ်ကောင်စီရဲ့ သေနတ်ဖြင့် ပြစ်ခတ်မှုတွေကြောင် လူ ၁၅ ယောက်မှာ ငါးယောက်ကသေတယ် ။ ၁၃နှစ်ကလေး တစ်ယောက်ပါတယ်။

ကလေးနာမည်က ထူးမြတ်ဝင်း ။ ဖြစ်တဲ့အဖြတ်အပျက် ၊ ဘယ်နေရာ ၊ ဘယ်ရာ ၊ တည်နေရာတွေကို သေချာစာရင်းလုပ်ပြီး ဖော်ပြထားပါတယ်။ ဒီလိုကျူးလွန်မှုတွေကို ပြတိုက်ကိုမှာပြမှာပါ။ ကမ္ဘာ့ကသိအောင်အာဏာသိမ်းစစ်ကောင်စီက တကယ်ရက်စက်တာကို မြန်မာနိုင်ငံက ရင်ဆိုင်နေရာတာ ကိုသက်သေအနေနဲ့ပြတိုက်မှာ ပြသ သွားမှာပါ။

လက်ရှိအချိန်တွင် အွန်လိုင်းပြတိုက်ကို အရင်ဖော်ဆောင်သွားမှာဖြစ်ပြီးတော့ နောက်ပိုင်းကာလတွင် မြန်မာနိုင်ငံမှာ ပြတိုက်တည်ဆောက်သွားဖို့ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က ဇွန်လ ၂၅ ရက်နေ့မှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဆာဆာက ပြောဆိုခဲ့တာပါ။

Ministry of International Cooperation Myanmar