ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက် တစ်သက်လုံးပျောက်ကင်းစေသော ဆေးနည်းကောင်းလေးပါ
မိတ္ထိလာမြို့မှ အဘိုးကြီးတဦး နှစ်နှစ်ကြာကြာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နေခဲ့ရာလူပြောများ၍ ပဲစဉ်းငုံ အလုံးလိုက် တစ်နေ့နို့ဆီဘူး တလုံးကျ ပြုတ်၍ ဆားခတ်ပြီး အစမ်းသဘောဖြင့်နေ့စဉ်စားနေခဲ့သည်။
စားနေရင်း နေရထိုင်ရတာ သက်သာလာပုံ ခံစားရသည် ဆို၏၊ ထို့ကြောင့် အားတက်၍နေ့စဉ်ပုံမှန် ဆက်စားနေခဲ့ရာ ၃- လကြာလျင် လုံး၀ ပျောက်ကင်းသွားပုံလက်တွေ့ဖြစ်ကြောင်း ရောဂါပျောက်သူ၏ တူ ကျောင်းဆရာကြီး ဦးတင်ဝင်းက လျောက်ထားသည်။
စားသုံးနည်းမှာ လွယ်ပါ၏၊ ပဲစဉ်းငုံအလုံးလိုက် ရေနှင့်နပ်အောင် ပြုတ်ပြီးဆားခပ်၍ ပဲလုံးဟင်းကဲ့သို့ အရေအဖတ် စားခြင်းဖြစ်သည်။
နေ့စဉ် နို့ဆီဗူး တစ်လုံးကျစားနေပါ၊ ၄-လ ကြာလျင် ပန်းနာရင်ကြပ် လုံးဝပျောက်ကင်း၏ ဟု မှတ်ပါ၊ အခြား ဘာစားဆေးမှ ထိုးရန်စားရန် မလိုကြောင်း သိရသည်။“နောက်တနည်း နတ်ဆေးဂမုန်း” လက်တွေ့ဆေးကောင်းတစ်ခုကို ပြောဦးမည်၊ နတ်ဆေးဂမုန်းစား၍ တသက်လုံး စိတ်ချရအောင် ပျောက်ကင်းသွားသူတွေလဲ ရှိကြ၏၊
နတ်ဆေးဂမုန်းကို အမှုန့်ထောင်းပြီး ပျားရည်တပုလင်းလျင် ဆေးမှုန့် ၂ ကျပ်သားနှင့် ရောစပ်မွှေကာ နေဖြင့်၃ ရက်လှန်းပါ၊။ထောပတ် ၂၀ ကျပ်သား ရောထည့်ပြီး နာနာမွှေကာ ၄ ရက်ဆက်လှန်းပါ။ပေါင်း ၇ ရက်လွန်ပြီးလျင် ဟင်းစားဇွန်းနှင့်နံနက်-ည တစ်ဇွန်းကျ တနေ့ နှစ်ကြိမ် စား၍ ရေနွေး အဖန်ရည်ေ သာက်ပေးပါ၊
ပန်းနာရင်ကျပ်ရောဂါပျောက်၏၊ ဒူလာ မီးယပ်ရောဂါပါ ။ပျောက်ကင်း၏၊ ညောင်းညာကိုက်ခဲခြင်း မရှိတော့ပဲ လူခန္ဓာကိုယ်ပါ ဝဖြိုးစိုပြည်လာသည်ကို တွေ့ရပါလိမ့်မည်၊ ကျေးဇူးတော်ရှင် တောင်တန်းနယ်ခြားသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ကိုယ်တွေ့မှတ်တမ်းများဖြစ်ပါသည်