News

“သားအကြိုက် တက်တူးထိုးထားပြီးမှ မပြဖြစ်လိုက်တဲ့ ရေမွန်ရဲ့ အမေ(ရုပ်သံ)”

နိုင်ငံကျော် အဆိုတော် ရေမွန်(ခ)တွတ်ပီ (Idiots Band ) ရဲ့ ဈာပနအခမ်းအနား ကို ဒီကနေ့ ဇွန် ၂၅ ရက် မနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်။

ရေမွန်ဟာ ဇွန် ၂၃ ရက်မနက်ပိုင်း က အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်။

ရေမွန်ဟာ Idiots ဂီတအဖွဲ့နဲ့အတူ “လူအဂီတ” ပွဲဦးထွက် စီးရီးထွက်ရှိခဲ့ပြီး တေးသီချင်းတွေကိုလည်း ကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။

မကွယ်လွန်မီ ဇွန် ၁၉ ရက်နေ့က နိုင်ငံတဝန်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ဆင်နွှဲရာမှာ ပါဝင်ခဲ့တာကို သူ့ရဲ့ လူမှုကွန်ရက်မှာတင်ထားခဲ့ပါသေးတယ်။

ရေမွန် ကွယ်လွန်ခဲ့တဲ့အတွက် နိုင်ငံတဝန်း ရေမွန်ရဲ့ ပရိသတ်အမြောက်အများက လူမှုကွန်ရက်စာမျက်နှာမှာ ရေမွန်အတွက် ဝမ်းနည်းကြောင်းဆုတောင်း ပေးခဲ့ကြတာပါ။

သားအကြိုက် တက်တူးထိုးထားပြီးမှ မပြဖြစ်လိုက်တဲ့ အမေ

နိုင်ငံကျော် ရော့ခ်အဆိုတော် ရေမွန်ရဲ့ မိခင်ဟာ သူ့သား အကြိုက်တစ်ခုဖြစ်တဲ့ တက်တူးကို မကြာခင်ကမှ ထိုးထားခဲ့ပြီး ရေမွန် အံ့သြသွားအောင် တွေ့မှ ပြဖို့ စီစဉ်ထားပေမယ့် တကယ်တမ်းမှာတော့ ဖြစ်မလာခဲ့ပါဘူး။

ရုပ္သံၾကည့္ရန္

Credit