News

“ယနေ့ တစ်ရက်ထဲ ကိုဗစ်လူနာ (၁၄) ဦး သေဆုံးခဲ့ရတဲ့ ကလေးမြို့ရဲ့ အခြေအနေ”

ကလေးမြို့တွင် ကိုဗစ်-19ဖြင့် ယနေ့ ၁၄ ဦး ဝန်းကျင်သေဆုံးပြီး ၂၁ ဦးထံ ထပ်မံပိုးတွေ့ရဟုဆို

စစ်ကိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ဖြင့် ဇွန်လ ၂၅ ရက်နေ့တွင် ၁၄ ဦး ဝန်းကျင်ခန့် သေဆုံးပြီး ကိုဗစ်-19 ပိုးတွေ့ လူနာ ၂၁ ဦး ထပ်မံတွေ့ရှိရဟု သိရသည်။

ကိုဗစ်-၁၉ ကူးစက်သေဆုံးမှုများနေသည့် ကလေးမြို့တွင် အောက်စီဂျင်ဗှုး အရောင်းဆိုင်များတွင် နေ့စဥ်နှင့်အမျှ အလုအယက်ဖြင့် ဝယ်ယူကြရသည်ဟုလည်း သိရသည်။

တာဝန်ရှိသူ Volunteer တစ်ဦးက `ကျနော်တို့မြို့မှာ အဓိက အောက်စီဂျင် လုံလုံလောက်လောက်ရှိရင် အရမ်းကြီး စိုးရိမ်ရတဲ့ အခြေနေမှာ မရှိပါဘူး”ဟုပြောသည်။

ကိုဗစ်- ၁၉ တတိယလှိုင်းတွင် ကလေးမြို့ ၏ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်သေဆုံးမှုနှုန်း မြင့်တတ်နေသောကြောင့် စျေးအချို့ ကိုလည်း ယာယီ ပိတ်ထားပြီး အိမ်ဆိုင်အချို့မှာလည်း ပိတ်ထားကြသည်ဟု သိရသည်။

Stay at Home ကြေညာထားသည့် ကလေး မြို့တွင် ကိုဗစ်- ၁၉ ဖြင့် သေဆုံးသူ စုစုပေါင်း ၁၀၀ ဝန်းကျင်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

Crd CJ

ကေလးၿမိဳ႕တြင္ ကိုဗစ္-19ျဖင့္ ယေန႔ ၁၄ ဦး ဝန္းက်င္ေသဆုံးၿပီး ၂၁ ဦးထံ ထပ္မံပိုးေတြ႕ရဟုဆို

စစ္ကိုင္းေဒသႀကီး ကေလးၿမိဳ႕တြင္ ကိုဗစ္- ၁၉ ဗိုင္းရပ္စ္ျဖင့္ ဇြန္လ ၂၅ ရက္ေန႔တြင္ ၁၄ ဦး ဝန္းက်င္ခန္႔ ေသဆုံးၿပီး ကိုဗစ္-19 ပိုးေတြ႕ လူနာ ၂၁ ဦး ထပ္မံေတြ႕ရွိရဟု သိရသည္။

ကိုဗစ္-၁၉ ကူးစက္ေသဆုံးမႈမ်ားေနသည့္ ကေလးၿမိဳ႕တြင္ ေအာက္စီဂ်င္ဗႈး အေရာင္းဆိုင္မ်ားတြင္ ေန႔စဥ္ႏွင့္အမွ် အလုအယက္ျဖင့္ ဝယ္ယူၾကရသည္ဟုလည္း သိရသည္။

တာဝန္ရွိသူ Volunteer တစ္ဦးက `က်ေနာ္တို႔ၿမိဳ႕မွာ အဓိက ေအာက္စီဂ်င္ လုံလုံေလာက္ေလာက္ရွိရင္ အရမ္းႀကီး စိုးရိမ္ရတဲ့ အေျခေနမွာ မရွိပါဘူး”ဟုေျပာသည္။

ကိုဗစ္- ၁၉ တတိယလႈိင္းတြင္ ကေလးၿမိဳ႕ ၏ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ေသဆုံးမႈႏႈန္း ျမင့္တတ္ေနေသာေၾကာင့္ ေစ်းအခ်ိဳ႕ ကိုလည္း ယာယီ ပိတ္ထားၿပီး အိမ္ဆိုင္အခ်ိဳ႕မွာလည္း ပိတ္ထားၾကသည္ဟု သိရသည္။

Stay at Home ေၾကညာထားသည့္ ကေလး ၿမိဳ႕တြင္ ကိုဗစ္- ၁၉ ျဖင့္ ေသဆုံးသူ စုစုေပါင္း ၁၀၀ ဝန္းက်င္ရွိၿပီျဖစ္ေၾကာင္းလည္း သိရသည္။

Crd CJ