ဗဟုသုတ

ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ ဆိုတာမျိုးမဖြစ်ရလေအောင် ဒီနည်းလေးလုပ်ကြည့်ပါ

တစ်ခါတစ်လေမှာ ဘာလုပ်လုပ်၊ ဘာပြောပြော အဆင်မပြေဘူးဆိုတာမျိုး ကြုံရတတ်ပါတယ်။

ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလိုပေါ့ ။

တစ်ခါတစ်လေ၊ တစ်ခုတစ်လေလောက် ကံညံ့တယ်ဆိုတာမျိုးကတော့ ကြုံကြရတတ်တာပဲလေ။

သို့ပေမဲ့ လနဲ့ချီပြီးတော့ သိသိသာသာကိုပဲ ကံဆိုးမိုးမှောင်တွေ ဆက်တိုက်ကြုံနေပြီဆိုရင်တော့ ဒါ ထူးခြားဖြစ်စဉ် ဖြစ်နေပါပြီ။

ကိုယ့်အပေါ်မှာ ကံကြမ္မာဂြိုလ်ဆိုးက ရက်ရက်စက်စက် ဖိစီးနှိပ်စက်နေတာ သေချာသွားပြီပေါ့ ။

အဲဒါမျိုး ကြုံလာခဲ့ပြီဆိုရင် ဟောဒီအဓိဋ္ဌာန်လေးကို (၉)ရက် ဆောင်ရွက်စေချင်ပါတယ်။

မနက်စောစော အိပ်ရာထပြီး ကိုယ်လက်သန့်စင်ပါ။

ပြီးတော့ မြတ်စွာဘုရားမှာ အဆင်ပြေတဲ့ ပန်းတစ်မျိုးမျိုးရယ်၊ သောက်တော်ရေချမ်းတစ်ခွက်ရယ်၊အလင်းတိုင်တစ်တိုင်ရယ်၊ အဆင်ပြေရာ သစ်သီးတစ်မျိုးမျိုးရယ် ကပ်လှူပါ။

ပြီးတော့ မိမိတတ်သမျှ၊ မှတ်သမျှ ဘုရားပူဇော်ရှိခိုးပြီးတဲ့နောက် ဟောဒီအဓိဋ္ဌာန်ကို ပြုလုပ်ပါ။

ဘာလုပ်ရမလဲဆိုတော့ လေကို တစ်ဝကြီး ရှူသွင်းရှူထုတ် ပြုလုပ်ဖို့ဖြစ်ပါတယ်။

လေကို ရှူသွင်းတဲ့အချိန်မှာ အရဟံလို့ စိတ်ထဲကရွတ်ပါ။

လေကို ရှူထုတ်လိုက်တဲ့အချိန်မှာ ဗုဒ္ဓေါလို့ စိတ်ထဲက ရွတ်ပါ။

ပုတီးတွေဘာတွေနဲ့တောင် မှတ်မနေပါနဲ့။ ၉ မိနစ်လောက် ခန့်မှန်းပြီး ပြုလုပ်ပါ။

(၉)ရက်ပြည့်မြောက်တဲ့နေ့ကျတော့ ကျေးငှက် တရိစ္ဆာန်လေးတွေ၊ ရေသတ္တဝါတွေကို အစာကျွေး တဲ့ကုသိုလ် ပြုလုပ်ပါ။

အဲဒါဆိုရင် ကိုယ့်အပေါ်မှာ ဖိစီးနှိပ်စက်နေတဲ့ ကံဆိုးမိုးမှောင်တိမ်တိုက်တွေ လျော့ပါးသွားစေ ပါလိမ့်မယ်တဲ့ဗျာ ။
Credit:ဇင်ယော်နီ

Zawgyi

တစ္ခါတစ္ေလမွာ ဘာလုပ္လုပ္၊ ဘာေျပာေျပာ အဆင္မေျပဘူးဆိုတာမ်ိဳး ႀကဳံရတတ္ပါတယ္။

ကံဆိုးမသြားေလရာ မိုးလိုက္လို႔႐ြာဆိုသလိုေပါ့ ။

တစ္ခါတစ္ေလ၊ တစ္ခုတစ္ေလေလာက္ ကံညံ့တယ္ဆိုတာမ်ိဳးကေတာ့ ႀကဳံၾကရတတ္တာပဲေလ။

သို႔ေပမဲ့ လနဲ႕ခ်ီၿပီးေတာ့ သိသိသာသာကိုပဲ ကံဆိုးမိုးေမွာင္ေတြ ဆက္တိုက္ႀကဳံေနၿပီဆိုရင္ေတာ့ ဒါ ထူးျခားျဖစ္စဥ္ ျဖစ္ေနပါၿပီ။

ကိုယ့္အေပၚမွာ ကံၾကမၼာၿဂိဳလ္ဆိုးက ရက္ရက္စက္စက္ ဖိစီးႏွိပ္စက္ေနတာ ေသခ်ာသြားၿပီေပါ့ ။

အဲဒါမ်ိဳး ႀကဳံလာခဲ့ၿပီဆိုရင္ ေဟာဒီအဓိ႒ာန္ေလးကို (၉)ရက္ ေဆာင္႐ြက္ေစခ်င္ပါတယ္။

မနက္ေစာေစာ အိပ္ရာထၿပီး ကိုယ္လက္သန႔္စင္ပါ။

ၿပီးေတာ့ ျမတ္စြာဘုရားမွာ အဆင္ေျပတဲ့ ပန္းတစ္မ်ိဳးမ်ိဳးရယ္၊ ေသာက္ေတာ္ေရခ်မ္းတစ္ခြက္ရယ္၊အလင္းတိုင္တစ္တိုင္ရယ္၊ အဆင္ေျပရာ သစ္သီးတစ္မ်ိဳးမ်ိဳးရယ္ ကပ္လႉပါ။

ၿပီးေတာ့ မိမိတတ္သမွ်၊ မွတ္သမွ် ဘုရားပူေဇာ္ရွိခိုးၿပီးတဲ့ေနာက္ ေဟာဒီအဓိ႒ာန္ကို ျပဳလုပ္ပါ။

ဘာလုပ္ရမလဲဆိုေတာ့ ေလကို တစ္ဝႀကီး ရႉသြင္းရႉထုတ္ ျပဳလုပ္ဖို႔ျဖစ္ပါတယ္။

ေလကို ရႉသြင္းတဲ့အခ်ိန္မွာ အရဟံလို႔ စိတ္ထဲက႐ြတ္ပါ။

ေလကို ရႉထုတ္လိုက္တဲ့အခ်ိန္မွာ ဗုေဒၶါလို႔ စိတ္ထဲက ႐ြတ္ပါ။

ပုတီးေတြဘာေတြနဲ႕ေတာင္ မွတ္မေနပါနဲ႕။ ၉ မိနစ္ေလာက္ ခန႔္မွန္းၿပီး ျပဳလုပ္ပါ။

(၉)ရက္ျပည့္ေျမာက္တဲ့ေန႕က်ေတာ့ ေက်းငွက္ တရိစ္ဆာန္ေလးေတြ၊ ေရသတၱဝါေတြကို အစာေကြၽး တဲ့ကုသိုလ္ ျပဳလုပ္ပါ။

အဲဒါဆိုရင္ ကိုယ့္အေပၚမွာ ဖိစီးႏွိပ္စက္ေနတဲ့ ကံဆိုးမိုးေမွာင္တိမ္တိုက္ေတြ ေလ်ာ့ပါးသြားေစ ပါလိမ့္မယ္တဲ့ဗ်ာ ။