လူတိုင်းခေါင်းဖြီးကြပါတယ်။ ဒါပေမယ့် ကိုယ်ဖြီးတဲ့ ခေါင်းဘီးက ကိုယ့်ရဲ့ဆံပင်နဲ့ ဦးရေပြားအတွက် တကယ် သင့်တော်သလားဆိုတာ မတွေးမိမစဉ်းစားမိတတ်ကြပါဘူး။
တချို့ ပလပ်စတစ် ခေါင်းဘီးတွေက ဦးရေပြားကို ပူလောင်စေတဲ့အပြင် ဆံပင်နဲ့ထိတွေ့ ပွတ်သပ်မိတိုင်း အပူတွေထွက်လွယ်တာကြောင့် ဆံပင်တွေကို ကွေးကောက် တွန့်စေတာတွေ ရှိပါတယ်။
ဒါကြောင့် သင့် ဆံကေသာအတွက် ဘာကြောင့် သစ်သား ခေါင်းဘီးကိုသုံးသင့်တာလဲဆိုတာ onlymyhealth ကိုကိုးကားပြီးဖော်ပြပေးလိုက်ပါတယ်။
ဆံကေသာ ဖြီးပြီးရှင်းလင်းဖို့ ခေါင်းဘီးတွေ သုံးစွဲလာခဲ့တာသမိုင်းတလျှောက်ပါပဲ။
ဟိုးအရင်ခေတ်တွေတုန်းကတော့ သစ်သားခေါင်းဘီးတွေ၊ ဝါး ခေါင်းဘီးတွေ သုံးခဲ့ကြတယ်ပေါ့။
ယနေ့ခေတ်မှာတော့ ပလပ်စတစ် ခေါင်းဘီးတွေပဲအများဆုံးအသုံးပြုလာကြပါတယ်။
ပလပ်စတစ်ခေါင်းဘီးရဲ့ အားသာချက်တွေကအရောင်စုံတယ်၊ ဈေးပေါတယ်၊ ပေါ့ပါးပြီးကွေးညွတ်နိုင်တယ်၊ ကျိုးလွယ်မှုမရှိဘူးစတဲ့ အချက်တွေပေါ့။
သစ်သားခေါင်းဘီးသို့မဟုတ် ဝါးခေါင်းဘီးတွေကျတော့ ကျွတ်ဆတ်တယ်၊ ကျိုးလွယ်တယ်၊ ဈေးကြီးတယ်၊ ပလပ်စတစ်ထက် လေးတယ် စတဲ့ အားနည်းချက်တွေ ရှိနေပါတယ်။
သို့ပေမယ့် သုတေသနပြု လေ့လာချက်တွေအရ-
(၁) သစ်သားခေါင်းဘီးတွေကသင့်ရဲ့ ဆံပင်နဲ့ ဦးရေပြားအန္တရာယ်ကို အကောင်းဆုံးကာကွယ်ပေးပါတယ်။
အထူးသဖြင့်တော့ ခေါင်းဖြီးလိုက်တိုင်း ဆံပင်နဲ့ ဘီးပွတ်တိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ အပူကို သစ်သား ခေါင်းဘီးကနည်းပါးစေပြီး ဆံပင်နဲ့ ဦးရေပြားကိုအေးမြစေပါတယ်။
ဆံပင်တွန့်ခြင်း ကျွတ်ခြင်း နည်းပါး စေပါတယ်။ ပလပ်စတစ် ခေါင်းဘီးကတော့ အပူကို ပိုမိုဖြစ်ပေါ်စေပြီး ဦးရေပြားကို ပူလောင်စေပါတယ်။
ဆံပင် တွန့်တာတွေ၊ ကျွတ်တာတွေ ဖြစ်စေတယ်။ ဒါကြောင့် သစ်သားခေါင်းဘီးက သင့်ရဲ့ ဆံကေသာပျက်စီးမှုကို အလွန်နည်းပါးစေပါတယ်။
(၂) တဖန် သစ်သားခေါင်းဘီးက ဗောက်ထခြင်းကိုနည်းပါးစေပြီး ဆံပင်ကျွတ်ခြင်းနဲ့ ဦးခေါင်း အရေပြားယားယံခြင်းကို နည်းပါးစေပါတယ်။
(၃) သစ်သားခေါင်းဘီးတွေနဲ့ ဦးရေပြားကို ဖိနယ်ပေးဖို့ အကောင်းဆုံးဖြစ်ပါတယ်။
ပလပ်စတစ် ခေါင်းဘီးက ဦးရေပြားနဲ့ ထိလိုက်တိုင်းပူလောင်မှုတွေ ဖြစ်စေတတ်တာကြောင့် ဖိနယ်ဖို့ မသင့်ပါ။
(၄) သစ်သားခေါင်းဘီးကလိမ်းထားတဲ့ ဆီကိုစုပ်ယူပြီးဦးရေပြားနဲ့ ဆံပင်တွေကိုတဖန်ပြန် အေးမြစေတယ်။
ပလပ်စတစ် ခေါင်းဘီးကတော့ ဆီးကိုစုပ်ယူနိုင်ခြင်းမရှိသလို အေးမြစေနိုင်ခြင်းမရှိပါ။
Zawgyi
လူတိုင္းေခါင္းၿဖီးၾကပါတယ္။ ဒါေပမယ့္ ကိုယ္ၿဖီးတဲ့ ေခါင္းဘီးက ကိုယ့္ရဲ႕ဆံပင္နဲ႕ ဦးေရျပားအတြက္ တကယ္ သင့္ေတာ္သလားဆိုတာ မေတြးမိမစဥ္းစားမိတတ္ၾကပါဘူး။
တခ်ိဳ႕ ပလပ္စတစ္ ေခါင္းဘီးေတြက ဦးေရျပားကို ပူေလာင္ေစတဲ့အျပင္ ဆံပင္နဲ႕ထိေတြ႕ ပြတ္သပ္မိတိုင္း အပူေတြထြက္လြယ္တာေၾကာင့္ ဆံပင္ေတြကို ေကြးေကာက္ တြန႔္ေစတာေတြ ရွိပါတယ္။
ဒါေၾကာင့္ သင့္ ဆံေကသာအတြက္ ဘာေၾကာင့္ သစ္သား ေခါင္းဘီးကိုသုံးသင့္တာလဲဆိုတာ onlymyhealth ကိုကိုးကားၿပီးေဖာ္ျပေပးလိုက္ပါတယ္။
ဆံေကသာ ၿဖီးၿပီးရွင္းလင္းဖို႔ ေခါင္းဘီးေတြ သုံးစြဲလာခဲ့တာသမိုင္းတေလွ်ာက္ပါပဲ။
ဟိုးအရင္ေခတ္ေတြတုန္းကေတာ့ သစ္သားေခါင္းဘီးေတြ၊ ဝါး ေခါင္းဘီးေတြ သုံးခဲ့ၾကတယ္ေပါ့။
ယေန႕ေခတ္မွာေတာ့ ပလပ္စတစ္ ေခါင္းဘီးေတြပဲအမ်ားဆုံးအသုံးျပဳလာၾကပါတယ္။
ပလပ္စတစ္ေခါင္းဘီးရဲ႕ အားသာခ်က္ေတြကအေရာင္စုံတယ္၊ ေဈးေပါတယ္၊ ေပါ့ပါးၿပီးေကြးၫြတ္နိုင္တယ္၊ က်ိဳးလြယ္မႈမရွိဘူးစတဲ့ အခ်က္ေတြေပါ့။
သစ္သားေခါင္းဘီးသို႔မဟုတ္ ဝါးေခါင္းဘီးေတြက်ေတာ့ ကြၽတ္ဆတ္တယ္၊ က်ိဳးလြယ္တယ္၊ ေဈးႀကီးတယ္၊ ပလပ္စတစ္ထက္ ေလးတယ္ စတဲ့ အားနည္းခ်က္ေတြ ရွိေနပါတယ္။
သို႔ေပမယ့္ သုေတသနျပဳ ေလ့လာခ်က္ေတြအရ-
(၁) သစ္သားေခါင္းဘီးေတြကသင့္ရဲ႕ ဆံပင္နဲ႕ ဦးေရျပားအႏၱရာယ္ကို အေကာင္းဆုံးကာကြယ္ေပးပါတယ္။
အထူးသျဖင့္ေတာ့ ေခါင္းၿဖီးလိုက္တိုင္း ဆံပင္နဲ႕ ဘီးပြတ္တိုက္မႈေၾကာင့္ ထြက္ေပၚလာတဲ့ အပူကို သစ္သား ေခါင္းဘီးကနည္းပါးေစၿပီး ဆံပင္နဲ႕ ဦးေရျပားကိုေအးျမေစပါတယ္။
ဆံပင္တြန႔္ျခင္း ကြၽတ္ျခင္း နည္းပါး ေစပါတယ္။ ပလပ္စတစ္ ေခါင္းဘီးကေတာ့ အပူကို ပိုမိုျဖစ္ေပၚေစၿပီး ဦးေရျပားကို ပူေလာင္ေစပါတယ္။
ဆံပင္ တြန႔္တာေတြ၊ ကြၽတ္တာေတြ ျဖစ္ေစတယ္။ ဒါေၾကာင့္ သစ္သားေခါင္းဘီးက သင့္ရဲ႕ ဆံေကသာပ်က္စီးမႈကို အလြန္နည္းပါးေစပါတယ္။
(၂) တဖန္ သစ္သားေခါင္းဘီးက ေဗာက္ထျခင္းကိုနည္းပါးေစၿပီး ဆံပင္ကြၽတ္ျခင္းနဲ႕ ဦးေခါင္း အေရျပားယားယံျခင္းကို နည္းပါးေစပါတယ္။
(၃) သစ္သားေခါင္းဘီးေတြနဲ႕ ဦးေရျပားကို ဖိနယ္ေပးဖို႔ အေကာင္းဆုံးျဖစ္ပါတယ္။
ပလပ္စတစ္ ေခါင္းဘီးက ဦးေရျပားနဲ႕ ထိလိုက္တိုင္းပူေလာင္မႈေတြ ျဖစ္ေစတတ္တာေၾကာင့္ ဖိနယ္ဖို႔ မသင့္ပါ။
(၄) သစ္သားေခါင္းဘီးကလိမ္းထားတဲ့ ဆီကိုစုပ္ယူၿပီးဦးေရျပားနဲ႕ ဆံပင္ေတြကိုတဖန္ျပန္ ေအးျမေစတယ္။
ပလပ္စတစ္ ေခါင္းဘီးကေတာ့ ဆီးကိုစုပ္ယူနိုင္ျခင္းမရွိသလို ေအးျမေစနိုင္ျခင္းမရွိပါ။