ဗဟုသုတ

ဆံသားတွေကျန်းမာသန်စွမ်းစေတဲ့ ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်း

Hair mask ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်နော်။

(လုပ်နည်း မေးထားတဲ့ သူတွေအတွက် ဒီpostမှာ အသေးစိတ်လေး ရေးပေးထားပါတယ်နော်)

ခေါင်းမလျော်ခင် ရှားစောင်းလပတ်နဲ့ အုန်းဆီ ကြိုထားတဲ့ဆီကို ဦးရေပြားရော ဆံသားမှာပါ နှံ့နေအောင်လိမ်းပါ။

3 / 4 နာရီနဲ့ အထက်ထားပြီး Shower cap နဲ့ ပေါင်းပြီး မှ လျှော်ပါ။

ကြာကြာမှတခါ လုပ်တာထက် ခေါင်းလျှော်ခါနီးတိုင်း လုပ်ပေးရင် ပိုကောင်းပါတယ် ပိုသိသာပါတယ်။

ဆံသားနက်ပြီး အကျွတ်သက်သာသလို ဆံသားမငြိတော့ဘူး အရှည်မြန်တယ်။

ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်းကို ပုံထဲမှာ ရေးပေးထားပါတယ်နော်။

(အမြဲတမ်း သုံးလို့ရအောင် တခါတည်း ကြိုထားလို့ ရပါတယ်နော်။)

ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုထားတဲ့ဆီအပြင် လျှော်ခါနီး ဒါလေးတွေထပ်ရင် ပိုကောင်းပါတယ်။

(မအားတဲ့ အခါတွေဆို မထည့်လည်းရပါတယ်။အပေါ်က ရှားစောင်းလပတ်ဆီနဲ့တင်ကို တော်တော်လေး ဆံပင်ကိုကောင်းစေပါတယ်)

သံလွင်ဆီ (ဆံသားကို ပျော့စေတယ်)ကြက်သွန်နီ ထောင်းထားတဲ့ အရည်(ဆံသားကို နက်မှောင် သန်စွမ်းစေတယ်၊ ကျွတ်တာ သက်သက်စေတယ်၊ အရှည် မြန်စေတယ်။)

Edited: အနံ့မခံနိုင်ရင် လျှော်ပြီးလည်း အနံ မပြောင်ဘဲ အနံ့ဆွဲနေတယ်လို့ ထင်ရင် မထည့်ချင်လည်း ရပါတယ်။

အနံ့ မကျန်အောင် ရေနိုင်နိုင်ဆေးဖို့ လိုသလို အနံ့က မဆို စလောက်လေး ကျန်နေရင်လည်း အနံ့ခံနိုင်မှ ထည့်ပါနော်။

အနံ့ဆူးပေမယ့် ကြက်သွန်နီ အာနိသင်က အံ့မခန်းပါလက်ဖက်ခြောက် သို့ အချိုခြောက်မှုန့် ကြိုထားတဲ့အရည်

(ဆံသားနက်မှောင်စေပြီး အရှည်မြန်တယ်)

ပျားရည် (ဆံသားကို တောက်ပြောင်စေတယ်) အမြဲမဟုတ်တောင်တပတ်ခြားတခါလောက်လုပ်ပေးမယ်ဆိုရင် ဆံပင်အကျွတ်သက်သာမယ်။

(ဆံပင်တိုတိုရှည်ရှည် မိန်းကလေးတွေ အဓိကကြုံရတဲ့ ပြဿနာက ဆံပင်အရမ်းကျွတ်တာ)ဆံပင်ငြိတာ သက်သာမယ်။

ဆံပင်အရှည် မြန်တယ်။ ဆံသား မခြောက်တော့ဘူး။ဆံသား ပျော့ပျောင်းတယ်။ ဆံသား တောက်တယ်။

ဆံပင်အကျွတ်သက်သာပြီး ကျန်းမာလှပတဲ့ ဆံနွယ်တွေ ပိုင်ဆိုင်ကြပါစေ။

ဆံပင်မတိုအရှည် သုံးမယ် လူဦးရေပေါ်လိုက်ပြီးရှားစောင်းလပတ် အပင်ရယ်၊ အုန်းဆီရယ်ကို အတိုးအလျော့ လုပ်လို့ရပါတယ်။

မိုးက ဆံပင်ရှည်တာရယ် နောက်ထပ်ဆံပင်အရှည် ၂ယောက်စာရယ် လုပ်တာမို့ရှားစောင်းလပတ် ၃ပင်Parachute အုန်ဆီးသုံးရင် ဘူးကြီး 270 ml တဘူးဆို တပင်နှုန်းနဲ့ ကြိုလို့ရပါတယ်။

ခုက 270 mlဘူး မရှိလို့ 180ml ဘူးနဲ့ ကြိုထားတာပါ..ဈေးထဲက အုန်းဆီ စစ်စစ်နဲ့လည်း ရပါတယ်နော်။ပြီးရင် ခုံးတဲ့ဘက်ကို အခွံခွာမယ်။

အခွံမခွာဘဲ အတုံလေးတွေ အပြား ပါးပါးလေးတွေ လုပ်ချင်လည်း ရပါတယ်

ဒါပေမယ့် အညိုရောင်သန်းလို့ ရလာတဲ့အခါကျရင် အဲ့ဒီအတွင်းထဲက ဂျယ်လီထဲ ဆီတွေ အများကြီး ဝင်နေတတ်လို့ဆီတွေ ညစ်ချတဲ့အခါကျ အပြင်ခွံက လက်ကို ဆူးတတ်လို့ပါခွာထားတဲ့နေရာက ဂျယ်လီကို ဇွန်းနဲ့ ခြစ်မယ်။

ရှားစောင်းလပတ်ကို ဒီတိုင်းထည့်လို့ မရဘူးလားလို့ မေးနေကြလို့ အခွံမခွာဘဲ ထည့်လည်း ရပါတယ်။

အညိုရောင်သန်းလို့ ရသွားတဲ့အခါကျ အခွံကြားက ဂျယ်လီထဲမှာဆီတွေ ဝင်နေတတ်လို့ ဆီစစ်ပြီးတဲ့အခါပြန်ညစ်ရတာက အခွံမပါတာနဲ့က ပိုပြေပါတယ်။

ရှားစောင်းလပတ်က နည်းနည်းကြွပ်သွားရင် ညစ်တဲ့အခါ လက်ဆူးမှာစိုးလို့ပါ။ပြီးရင် ရှားစောင်းလပတ်ဂျယ်လီတွေနဲ့ အုန်းဆီကို ရောထည့်မယ်။

အပူပေးမယ်.. မီးမနည်းလွန်း မများလွန်း အနေတော်နဲ့ ကြိုမယ် ကြာကြာတခါ မွှေပေးလို့ လိုပါတယ်။မမမွှေရင် အကျက်မညီလို့ပါရှားစောင်းလပတ် ညိုတဲ့အထိ ကြာကြာ တည်ပေးရပါမည်။

ဒါက အိုအခံက မည်းနေတာရယ် မကြည့်လိုက်မိတာ အတည်လွန်ပြီး နည်းနည်းလေး အရောင်ရင့်သွားပါတယ်။တကယ်က အညိုရောင်ကို သန်းရင် ရပြီနော်။

ဆီထဲက ရှားစောင်းလပတ် အဖတ်တွေကို စစ်ပြီး ဆီကိုဘဲ သိမ်းထားလိုက်ရုံပါဘဲဒါက မနှစ်က မေလမှာ ကြိုတဲ့ဆီ တခါလောက်အလုပ်ရှုပ်ခံပြီး ကြိုထားရင် အများကြီးရပြီး

အကြာကြီး အသုံးခံပါတယ်နော်ဒါက ရှာစောင်းလပတ်နဲ့ အုန်းဆီကြိုထားတဲ့ ဆီရယ်၊ကြက်သွန်နီအရည်၊လက်ဖက်ရည်၊ ပျားရည်၊ သံလွင်ဆီ ရောထားပြီး ဆံပင်နဲ့ ဦးရေမှာထည့်ပါတယ်။

တခြားအကျိုးရလဒ်ထက် ဆံပင်အကျွတ်သက်သာတာက အသက်ပါဘဲ..မေတ္တာမွန်စွာဖြင့်.

Zawgyi

Hair mask ရွားေစာင္းလပတ္နဲ႕ အုန္းဆီႀကိဳတဲ့နည္းေလး မွ်ေဝေပးလိုက္ပါတယ္ေနာ္။

(လုပ္နည္း ေမးထားတဲ့ သူေတြအတြက္ ဒီpostမွာ အေသးစိတ္ေလး ေရးေပးထားပါတယ္ေနာ္)

ေခါင္းမေလ်ာ္ခင္ ရွားေစာင္းလပတ္နဲ႕ အုန္းဆီ ႀကိဳထားတဲ့ဆီကို ဦးေရျပားေရာ ဆံသားမွာပါ ႏွံ႕ေနေအာင္လိမ္းပါ။

3 / 4 နာရီနဲ႕ အထက္ထားၿပီး Shower cap နဲ႕ ေပါင္းၿပီး မွ ေလွ်ာ္ပါ။

ၾကာၾကာမွတခါ လုပ္တာထက္ ေခါင္းေလွ်ာ္ခါနီးတိုင္း လုပ္ေပးရင္ ပိုေကာင္းပါတယ္ ပိုသိသာပါတယ္။

ဆံသားနက္ၿပီး အကြၽတ္သက္သာသလို ဆံသားမၿငိေတာ့ဘူး အရွည္ျမန္တယ္။

ရွားေစာင္းလပတ္နဲ႕ အုန္းဆီႀကိဳတဲ့နည္းကို ပုံထဲမွာ ေရးေပးထားပါတယ္ေနာ္။

(အၿမဲတမ္း သုံးလို႔ရေအာင္ တခါတည္း ႀကိဳထားလို႔ ရပါတယ္ေနာ္။)

ရွားေစာင္းလပတ္နဲ႕ အုန္းဆီႀကိဳထားတဲ့ဆီအျပင္ ေလွ်ာ္ခါနီး ဒါေလးေတြထပ္ရင္ ပိုေကာင္းပါတယ္။

(မအားတဲ့ အခါေတြဆို မထည့္လည္းရပါတယ္။အေပၚက ရွားေစာင္းလပတ္ဆီနဲ႕တင္ကို ေတာ္ေတာ္ေလး ဆံပင္ကိုေကာင္းေစပါတယ္)

သံလြင္ဆီ (ဆံသားကို ေပ်ာ့ေစတယ္)ၾကက္သြန္နီ ေထာင္းထားတဲ့ အရည္(ဆံသားကို နက္ေမွာင္ သန္စြမ္းေစတယ္၊ ကြၽတ္တာ သက္သက္ေစတယ္၊ အရွည္ ျမန္ေစတယ္။)

Edited: အနံ႕မခံနိုင္ရင္ ေလွ်ာ္ၿပီးလည္း အနံ မေျပာင္ဘဲ အနံ႕ဆြဲေနတယ္လို႔ ထင္ရင္ မထည့္ခ်င္လည္း ရပါတယ္။

အနံ႕ မက်န္ေအာင္ ေရနိုင္နိုင္ေဆးဖို႔ လိုသလို အနံ႕က မဆို စေလာက္ေလး က်န္ေနရင္လည္း အနံ႕ခံနိုင္မွ ထည့္ပါေနာ္။

အနံ႕ဆူးေပမယ့္ ၾကက္သြန္နီ အာနိသင္က အံ့မခန္းပါလက္ဖက္ေျခာက္ သို႔ အခ်ိဳေျခာက္မႈန႔္ ႀကိဳထားတဲ့အရည္

(ဆံသားနက္ေမွာင္ေစၿပီး အရွည္ျမန္တယ္)

ပ်ားရည္ (ဆံသားကို ေတာက္ေျပာင္ေစတယ္) အၿမဲမဟုတ္ေတာင္တပတ္ျခားတခါေလာက္လုပ္ေပးမယ္ဆိုရင္ ဆံပင္အကြၽတ္သက္သာမယ္။

(ဆံပင္တိုတိုရွည္ရွည္ မိန္းကေလးေတြ အဓိကႀကဳံရတဲ့ ျပႆနာက ဆံပင္အရမ္းကြၽတ္တာ)ဆံပင္ၿငိတာ သက္သာမယ္။

ဆံပင္အရွည္ ျမန္တယ္။ ဆံသား မေျခာက္ေတာ့ဘူး။ဆံသား ေပ်ာ့ေပ်ာင္းတယ္။ ဆံသား ေတာက္တယ္။

ဆံပင္အကြၽတ္သက္သာၿပီး က်န္းမာလွပတဲ့ ဆံႏြယ္ေတြ ပိုင္ဆိုင္ၾကပါေစ။

ဆံပင္မတိုအရွည္ သုံးမယ္ လူဦးေရေပၚလိုက္ၿပီးရွားေစာင္းလပတ္ အပင္ရယ္၊ အုန္းဆီရယ္ကို အတိုးအေလ်ာ့ လုပ္လို႔ရပါတယ္။

မိုးက ဆံပင္ရွည္တာရယ္ ေနာက္ထပ္ဆံပင္အရွည္ ၂ေယာက္စာရယ္ လုပ္တာမို႔ရွားေစာင္းလပတ္ ၃ပင္Parachute အုန္ဆီးသုံးရင္ ဘူးႀကီး 270 ml တဘူးဆို တပင္ႏႈန္းနဲ႕ ႀကိဳလို႔ရပါတယ္။

ခုက 270 mlဘူး မရွိလို႔ 180ml ဘူးနဲ႕ ႀကိဳထားတာပါ..ေဈးထဲက အုန္းဆီ စစ္စစ္နဲ႕လည္း ရပါတယ္ေနာ္။ၿပီးရင္ ခုံးတဲ့ဘက္ကို အခြံခြာမယ္။

အခြံမခြာဘဲ အတုံေလးေတြ အျပား ပါးပါးေလးေတြ လုပ္ခ်င္လည္း ရပါတယ္

ဒါေပမယ့္ အညိုေရာင္သန္းလို႔ ရလာတဲ့အခါက်ရင္ အဲ့ဒီအတြင္းထဲက ဂ်ယ္လီထဲ ဆီေတြ အမ်ားႀကီး ဝင္ေနတတ္လို႔ဆီေတြ ညစ္ခ်တဲ့အခါက် အျပင္ခြံက လက္ကို ဆူးတတ္လို႔ပါခြာထားတဲ့ေနရာက ဂ်ယ္လီကို ဇြန္းနဲ႕ ျခစ္မယ္။

ရွားေစာင္းလပတ္ကို ဒီတိုင္းထည့္လို႔ မရဘူးလားလို႔ ေမးေနၾကလို႔ အခြံမခြာဘဲ ထည့္လည္း ရပါတယ္။

အညိုေရာင္သန္းလို႔ ရသြားတဲ့အခါက် အခြံၾကားက ဂ်ယ္လီထဲမွာဆီေတြ ဝင္ေနတတ္လို႔ ဆီစစ္ၿပီးတဲ့အခါျပန္ညစ္ရတာက အခြံမပါတာနဲ႕က ပိုေျပပါတယ္။

ရွားေစာင္းလပတ္က နည္းနည္းႂကြပ္သြားရင္ ညစ္တဲ့အခါ လက္ဆူးမွာစိုးလို႔ပါ။ၿပီးရင္ ရွားေစာင္းလပတ္ဂ်ယ္လီေတြနဲ႕ အုန္းဆီကို ေရာထည့္မယ္။

အပူေပးမယ္.. မီးမနည္းလြန္း မမ်ားလြန္း အေနေတာ္နဲ႕ ႀကိဳမယ္ ၾကာၾကာတခါ ေမႊေပးလို႔ လိုပါတယ္။မမေမႊရင္ အက်က္မညီလို႔ပါရွားေစာင္းလပတ္ ညိုတဲ့အထိ ၾကာၾကာ တည္ေပးရပါမည္။

ဒါက အိုအခံက မည္းေနတာရယ္ မၾကည့္လိုက္မိတာ အတည္လြန္ၿပီး နည္းနည္းေလး အေရာင္ရင့္သြားပါတယ္။တကယ္က အညိုေရာင္ကို သန္းရင္ ရၿပီေနာ္။

ဆီထဲက ရွားေစာင္းလပတ္ အဖတ္ေတြကို စစ္ၿပီး ဆီကိုဘဲ သိမ္းထားလိုက္႐ုံပါဘဲဒါက မႏွစ္က ေမလမွာ ႀကိဳတဲ့ဆီ တခါေလာက္အလုပ္ရႈပ္ခံၿပီး ႀကိဳထားရင္ အမ်ားႀကီးရၿပီး

အၾကာႀကီး အသုံးခံပါတယ္ေနာ္ဒါက ရွာေစာင္းလပတ္နဲ႕ အုန္းဆီႀကိဳထားတဲ့ ဆီရယ္၊ၾကက္သြန္နီအရည္၊လက္ဖက္ရည္၊ ပ်ားရည္၊ သံလြင္ဆီ ေရာထားၿပီး ဆံပင္နဲ႕ ဦးေရမွာထည့္ပါတယ္။

တျခားအက်ိဳးရလဒ္ထက္ ဆံပင္အကြၽတ္သက္သာတာက အသက္ပါဘဲ..ေမတၱာမြန္စြာျဖင့္.